Thursday, December 30, 2010

ကွန်ယက် စာမျက်နှာသစ် ဖွင့်ပွဲ open new network

ယနေ့လူငယ်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ "အာဏာလိုချင်လို့ ၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး ပြည်သူ က တခဲနက်မေးပေးထားတာကို မစော်ကားချင်လို့ပါ" ...
ပေးပို့ သူ စိုးမိုးသူ(ဒိုက်ဦး)






...လူ ၄၀၀ ၅၀၀(ထိုင်ခုံစာရင်းအရ လူ ၃၀၀ မတ်တပ်ရပ်တာတွေရှိသေးတယ်) လောက်လာကြတယ်
နယ်ပယ် ပေါင်းစုံက လာတာတွေ့ရတယ်
ဝန်ထမ်းပါတယ်
ရှေ့နေပါတယ်
ဥပဒေ ကျောင်းသားပါတယ်
ဘလော့ဂါ ပါတယ်
NGO က ပါတယ်
လူမှု့ရေး အဖွဲ့အစည်းတွေက ပါတယ်
ကျောင်းသားလူငယ်တွေပါတယ်
၉ နာရီ ခွဲခန့်မှ ပွဲ စတယ် ၁၂ နာရီမှာ ထမင်းစားနားတယ် ၁၂ ခွဲ မှာ ပြန်စတယ်
ထမင်းစားတဲ့ အချိန်မှာ အန်တီက လက်ရေတပြင်ထဲစားတာ တွေ့ရတယ်
အားလုံးထိုင်တဲ့ ကြားထဲ လာထိုင်စားတာ လေးစားဖွယ်ပါပဲ
တက်ရောက်လာသူ ၅၂ ဦး က ဆွေးနွေးပြောဆို မေးမြန်းတယ်
အကြောင်းအရာ မျိုးစုံပါတယ်
စီးပွားရေး
လူမှု့ရေး
နိုင်ငံရေး
ILO ကိစ္စ
ဥပဒေ ကိစ္စ
လူငယ်ကွန်ယက် ကိစ္စ
IT ကိစ္စ နည်းပညာ သင်တန်းကိစ္စ
အားလုံးပြောပြီးတော့
အန်တီက အနှစ်ချုပ်ပြန်ပြောတယ်
အားလုံးမေးတာကို ရှင်းပြတယ် အနှစ်ချုပ်ပေါ့
ပြီးတော့ အခမ်းအနားပြီးပါတယ်
နောက်လည်း ပွဲတွေ လုပ်ဦးမယ်ပြောတယ်
အားရတယ်လည်းပြောတယ် ခု ချိန်ကစပြီးကွန်ယက် အနေနဲ့
ဆက်သွယ်ရေး လမ်းကြောင်းဖွင့် တာက စလုပ်ပါတယ်
ဒီနေ့ ကျန်တော်ပြောတာတွေက တော့ စစချင်း ဒုတိယ ပင်လုံ ကိုအကြွင်းမဲ့ထောက်ခံပါတယ်
တက်ရောက်လာတဲ့ ရဲဘော် ရဲမေ တွေလည်း
ထောက်ခံမယ်လို့ ယုံကြည်ပါတယ် မေးတဲ့ မေးခွန်းကတော့
(၁)လူငယ်ကွန်ယက်အနေနဲ့ ဖွဲ့ဖြစ်ရင် အန်တီ့ဦးဆောင်မှု့အောက်ကနေ
တသွေမသိမ်းသွားမှာလား တခြားနယ်ပယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ
မတူတဲ့အတွက် လိုက်ပုံကိုင်ပုံတွေ လိုက်လျော ညီထွေ ဖြစ်အောင် လုပ်မှာလား
(၂) နောက်တက်လာမယ့် အစိုးရသစ် ယန္တာယား မှာ
ဒီကွန်ယက်ကို လိုက်လျောညီထွေ ဖြစ်အောင်ဘယ်လို လုပ်မလည်း
အစိုးရသစ်က နှိပ်ကွပ် လာရင် ဘယ်လို တုန့်ပြန်မလည်း
(၃)မပြေးသော်လည်း ကံရာရှိ ဒီချုပ်ကို မတရားအသင်း ကြေငြာပြီး
အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ရင် ကွန်ယက်အနေနဲ့ ဘယ်လို တုံပြန်မလည်း
တန်ပြန်တုန့်ပြန်မှု့တွေ လုပ်မလား မသိသလိုနေမလား ဘာလုပ်ကြမလည်း
(၄) အန်တီ ကျန်းမာရေးကြောင့်ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ဖြစ်ဖြစ်
အန်တီ ဦးမဆောင်နိုင်ခဲ့ရင် ဒီကွန်ယက်ကို ဘယ်လို ဆက်ထိန်းမလည်း
အန်တီ ရှိတဲ့ အချိန် နိုင်ငံရေး ဒီရေ နဲ့ အန်တီမရှိတဲ့ အချိန် နိုင်ငံရေး ဒီရေ
မတူတာ အန်တီလည်း သိပါတယ်
ဒီကွန်ယက်ကို ခဏတာ ရေပွက်လေးလို မဖြစ်စေချင်ဘူး
(၅) ၉၀ ရလဒ်ကို အန်တီ့ အနေနဲ့ရော ဒီချုပ် အနေနဲ့ ရော ဘယ်လို သဘောထားပါလည်း
၂၀၁၀ ရွေးကောက်ပွဲလည်း ဖြစ်သွားပြီဆိုတော့ ၉၀ ရလာဒ်နဲ့ ၂၀၁၀ ရလဒ်ကို
ဘယ်လို ajust လုပ် မလည်း ကျေးဇူးတင်ပါတယ်
တခြား ဟာတွေကိုတော့ ရော ဖြေသွားပေမယ့်

၉၀ ရလာဒ်ကိစ္စကိုတော့ သီးခြား နီးပါး ဖြေပေးသွားတယ်


၉၀ ကို ဆက်ကိုင်ထားပါတယ်တဲ့ ဘာကြောင့်လည်းဆိုတော့ ၉၀ ရလာဒ်ကို
ဆုပ်ကိုင်ထားတာ က အာဏာလိုချင်လို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး
၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး
ပြည်သူ က တခဲနက်မေးပေးထားတာကို မစော်ကားချင်လို့ပါ

တချို့က ပြောတယ် ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာလည်း ပါတာပဲဆို
ဟုတ်ပြီ
၉၀ တုန်းက လည်း ဒီမိုကရေစီအရ ရွေးကောက်ပွဲ လုပ်သွားတာပဲ
ဆက်လက်ကိုင်ထားမှာပဲ လို့ပြောတယ်
(၁၉၉၀ မှာ လက်ရှိ တပ်မတော်မှ ဗိုလ်ချုပ်ကြီးများပါဝင်တဲ့ အဖွဲ့ ကကြီးကြပ်ပြီး
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ် ။
၂၀၁၀ မှာလည်း တပ်မတော်မှ ဗိုလ်ချုပ်ကြီးများပါဝင်တဲ့ အဖွဲ့ ကကြီးကြပ်ပြီး
စည်းကမ်းရှိသော ဒီမိုကရေစီ လမ်းကြောင်းမှာ ရွေးကောက်ပွဲရှိသင့်တယ် ပြောတဲ့သူတွေ
လုပ်နေကြတာဘဲ)

Wednesday, December 29, 2010

ဖဒိုမန်းရှာလဖန်း ကို ဘယ်သူ သတ်သလဲ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့  ညနေ ခြောက်နာရီ ကျော်ခန့် တွင် လုပ်ကြံခံရပြီး သေဆုံးသွား ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအင်ယူ)၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလဖန်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ နှင့် ဗိုလ်ဆံပြုတ်ဟု နာမည်တွင်သော ဒုတိယဗိုလ်မှုးကြီး စောစံပြုး တို့ နှစ်ဦး မှ ပူးပေါင်းစီစဉ် ၍ လုပ်ကြံခြင်း ဖြစ်ကြောင့် ယခု ဧရာဝတီ တိုင်း တွင် ပြန်လည် အခြေချ နေထိုင်သည့် ၉၉၉ တပ် မှာ အရာခံ ဗိုလ် တစ်ဦးဖြစ်သူ ဦးစောလေ၀ါ က မြန်မာဝီကီသို့ ယနေ့ ပေး ပို့ ထား သည့် အီးမေး တွင် အကြောင်း စုံဖော်ပြထားသည်။
အပြည်အစုံကို မကြာခင် ဖော်ပြ နိုင်ရန် စီစဉ်ထားသည်။

နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း....



မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ...။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။ စကားချပ် (အဆိုပါ သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ ဘယ်လောက် အတိုင်းအတာထိ ပြောနိုင်မယ်.. ဆိုနိုင်မယ်.. ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။ ယခုလတ်တလော ရရှိထားတဲ့ သတင်းတွေထဲက မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းက တရုတ်ပညာရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လေယာဉ် စက်ရုံ စီမံကိန်းအကြောင်းတင်ပြလိုက်ရပါတယ်..။


မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းမှာပဲ တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများကို ဆောက်လုပ်နေပါတယ်..။ အဆိုပါလေတပ်စခန်းအတွင်းမှာ လောလောဆယ် ဆောက်လုပ်နေတဲ့ စက်ရုံပေါင်း (၇၀)ကျော်ရှိတယ်လို့ ဆိုပါတယ်..။ လောလောဆယ် တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တာတွေကို လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာ အဆိုပါလေယာဉ်များအား ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ တပ်ဆင်ပြီးလေယာဉ်များကိုတော့ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း)မှ လေတပ် လေယာဉ် Pilot များမှ စမ်းသပ်မောင်းနှင်ရပါတယ်..။ အဆိုပါ ပစ္စည်းတွေတပ်ဆင် ထုတ်လုပ်တာတော့ မိတ္ထီလာ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ) (၁)နဲ့ (၁၀)ကပါ..။ ကပစမှာ အသေးစားနဲ့ အကြီးစားဆိုတာ နှစ်မျိုးရှိပြီး လောလောဆယ် .. လေယာဉ်တပ်ဆင်စက်ရုံကအစ ယူကရိန်းနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့.. တင့်ကားစက်ရုံတွေအထိ လျှို့ဝှက်လုပ်ကိုင်နေပါတယ်..။ ခုလောလောဆယ် ပြည်ပကို ပို့ဖို့အတွက် Export Ware House ဋ္ဌာနအထိ လုပ်ကိုင်ဆောင်ရွက်နေပါပြီ..။


အဆိုပါ လေယာဉ်တပ်ဆင် စက်ရုံအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအများအား တရုတ်မှ ကွန်တိန်နာလိုက် ဝယ်ယူပြီး ပြန်လည်တပ်ဆင်ပါတယ်..။ နောက်ဆုံးအဆင့် အဆိုပါလေယာဉ်များအား တစ်ပုံစံတည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် စက်ရုံများ ဆောက်လုပ်နေပါတယ်..။ ဆက်လက်ပြီး မောင်းသူမဲ့ လေယာဉ်များအား ထုတ်လုပ်နိုင်ရန် စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အထူးစိတ်ဝင်စားလျှက်ရှိပြီး... ယခုနှစ်အတွင်း (၇)ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ပါတယ်.။ .. ပြီးခဲ့တဲ့ (၁)လခွဲခန့်က တပ်ချုပ်ကြီးမှ နောက်ဆုံးအကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများရဲ့ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ယခင်ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး.. ယခုလက်ရှိ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး.. သူ့လက်အောက်မှာ ဒုထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်းဖြစ်ပါတယ်..။


သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။


ပြည်တွင်းမှာ ဗိုလ်မှုးစိုင်းသိန်းဝင်းကဲ့သို့ အမြင်ကျယ်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ မျိုးချစ်စစ်သည်များ အများအပြားရှိပါတယ်..။
ဒီမိုဝေယံမှကူယူဖော်ပြပါသည်။

ရူးနေတဲ့ကမ္ဘာ

လူအိမ်


မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။

ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး

ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး

ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး

ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး

ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး

ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ

ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ

ကမ္ဘာက
ခုချိန်ထိပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ

ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့

ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ

ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ

ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်းအသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ

အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ

ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး

ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေမကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး

“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့

တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ

ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို
ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်

ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်

“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး

အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့

ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး

ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်

ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ

ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
ဟစ်တလာ”တွေက အများကြီးပဲ

တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့

ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့

ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်

“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။

လူအိမ်
ဆုံဆည်းရာကူယူဖော်ပြပါသည်။

ယနေ့ သတင်း (၃၀ ရက် ဒီဇင်ဘာလ ၂၀၁၀)

၊ ၃၀ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နေ့လည် (၁၂ နာရီ ၄၀ မိနစ်) ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

နေ့လည် (၁၂ နာရီ ၂၀ မိနစ်) ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နေ့လည် (၁၂ နာရီ) ဝေါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ခရစ္စမတ် အလွမ်း

စောင်းနေတဲ့ ကမ္ဘာကြီးရဲ့ တခြမ်းပဲ့အသည်းနဲ့
စနစ်တကျ မထမ်းနိုင်တော့တဲ့
ခရစ္စမတ် အလွမ်း
အေးစက်စက်မျက်လုံးနဲ့ ဆောင်းက ဟန်မဆောင်နိုင်ပဲ
နှင်းစက်တွေကို မျက်ရည်အဖြစ် သွန်ချနေတယ် ။

မိုင်းထိထားတဲ့ ခြေတစ်ဖက်ပြတ်နဲ့
မိုင်းကွင်းကို ထပ်ဖြတ်ပြီး
မသေမရှင်ဖြစ်နေတဲ့ ကျေးလက်
ဘ၀များလေဖြတ်သလို မလှုပ်မယက်
မီးရှို့ခံထားရတဲ့ ပြာပုံပေါ်မှာ
ခရစ္စမတ်ဟာ အရင်လို လူမစုံတော့ဘူး။

ရိုးရာဝတ်စုံကို
ကျောက်ပတ်တီးလို စီးထားတဲ့ ကျေးလက်
သွေးထွက် မတိတ်သေးဘူး ၊
စစ်လက်နက်ကြီးဒဏ် နဲ့ လောကဓံကို
တိုက်ကြက်တစ်ကောင်လို ခံခွပ်တယ် ၊
ရိုးသားမှုများ အရိုးပေါ်အရေတင် ငတ်ပြတ်
တောအရက်မူးပြီး ရမ်းသလို
စစ်က ကြမ်းတမ်းလဲ
အလင်းမဲ့ ဘ၀လမ်းပေါ်က မီးထိန်ထိန် ခရစ္စမတ်ကို လွမ်းတယ် ။

ကွမ်းစားပြီး ထွေးထုတ်သလို
ရိုးရာဘာသာစကားများ ပျောက်ကွယ်၊
ယဉ်တိုက်မှုနဲ့ ဒဏ်ရာရသလို
ယဉ်ကျေးမှုများ နာကျင် ၊
မသေချာတဲ့ အနာဂတ်ကို
ပေါ်တာတစ်ယောက်လို ထမ်းပိုးထားကြတယ် ။

ခရစ်တော်တောင် လက်ဝါးကပ်တိုင်မှာ
ပြင်းထန်တဲ့ ဝေဒနာ ခံစားခဲ့ရသေးရင်
သာမန်လူသားများရဲ့ ဘ၀ဒုက္ခ ဝေဒနာနဲ့
ခရစ္စမတ် အိမ်အလွမ်း ဒဏ်ရာကို
ငြိမ်းချမ်းရာရှာရင်း ဖြေသာသလို ဖြေနေတယ် ။

Thursday, December 23, 2010

သမိုင်းအမှား


မေမေရေ...
သားတို့ အားလုံးတွေလေ
ဖြစ်နေကြ
သမိုင်းတွေ ရေးနေကြတယ်..
ဒီလိုပါပဲ မေမေ။

ဘယ်လို လုပ်ရပ
အမှန်တရားဆိုတာနဲ့
ချစ်သူတွေနဲ့လည်း ဝေးကြ။

ချစ်သူရေ...
ညတွေဆို
အိပ်လို့  မရဘူး။

မင်းကို ဆုံးရှုံး ရတော့မှာ လား
ငါ... ကြေကွဲမှာ .. တကယ်ပါ။

ကြင်နာသူ ...
ငါ .. ငိုကြွေးချင်တယ်
မင်းရင်ခွင်ထဲ ..
တေးတပုဒ်ကို ငြီးတွားရင်း
ပြီးတော့ ...
အမှားတွေကို ၀န်းခံဖို့။
ဒဂုံတောင် ရှိ့  HIV/AIDS ဆိုရှယ်ဟောက်စ်တွင် လူနာများ၏ကျန်မာရေးအတွက် ဒေါက်တာဆရာဝန်များ ဘော်လန်ဒီယာဆရာဝန်များအလှဲ့ ကျ ဆေးခန်းဖွင့်ပြီး
ယခုလောလောဆယ်တွင် ဒေါက်တာမြင့်နိုင်မှ ညအိပ် တာဝန်ယူဆောင်ရွက်နေကြောင်သတင်းရရှိပါသည်။

စေတနာဆရာဝန်များအားလေးစာဂုဏ်ပြုလျှက်

ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း


ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း ခန်းမမှ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဂန္ဒီဟောခန်းမကြီးအား ရန်ကင်းမြို့နယ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းအနီး ကြေးတိုင်နှင့် မြေစာရင်းရုံးရှေ့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးဟောင်းသို့ မကြာမီရက်များအတွင်း ပြောင်းရွှေ့ရတော့မည် ဖြစ်ကြောင်း၊ ယခင်ကအဆိုပါ ခန်းမတွင် အလှူမင်္ဂလာပွဲများ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “သေချာတာကတော့ ရွှေ့ရမယ်လို့ပြောတယ်။ လူကြီးတွေကတော့ ဒီအစီအစဉ်ကို ပိုပြီးသိမှာပါ”ဟု ယင်းခန်းမရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါခန်းမ၌ အိမ်ခြံမြေအပြောင်းအလွဲ စာချုပ်များ၊ အများနှင့်သက်ဆိုင်သော အရောင်းအဝယ်စာချုပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ပေးလျက်ရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Wednesday, December 22, 2010

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

Posted: 21 Dec 2010 09:13 AM PST
အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။
 
လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။ 

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

ဗိုလ်ချုပ်မှုးကြီး နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ် က ဖုန်းရွှေ နည်းဖြင့် စီရင်ပေးခဲ့

Posted: 21 Dec 2010 09:05 AM PST
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြပ်ပြေးနေပြည်တော် မှ နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ်က ဖုန်းရွှေ နည်း လမ်း ဖြင့် စီရင် ပေးခဲ့သည် ဟု မြန်မာ ၀ီကီလိခ် မှ ယနေ့ လက်ခံရရှိထားသော အီးမေးခြောက် ခု အနက် တစ်ခု တွင် ဖော်ပြထား သည်။
အင်္ဂလိပ် နှစ် သစ်ကူးနေ့ ညတိုင်း နိုင်ငံခြားသံတမန် များ ကို ပါ ဗေဒင် ဟောကြားပေးလေ့ရှိ သည်။ စာရေးဆရာ ဟိန်းလတ် သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လ အတွင်းနေပြည်တော် ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အိမ်သစ် အတွက် ဖုန်းရွှေ နည်းပညာ ဖြင့် စီရင် ပေးခဲ့ သည် ဟု ဖော်ပြထားသည်။ စာရေးဆရာ ဟိန်းလတ် သည် ဗိုလ်ချုပ်ကြီးသူရရွှေ မန်း အတွင်းရေး မှုး၃ဟောင်း ဗိုလ်ချုပ် ၀င်းမြင့် ၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သာအေး ၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်းနှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှုး ချုပ် ဖုန်းဇော်ဟန်၊ ပြန်ကြားရေး ၀န်ကြီး ၊ ရန်ကုန် တိုင်းမှုးအဆက်ဆက် တို့ ၏ နေအိမ် များကိုဖုန်းရွှေ နည်းပညာဖြင့် စီရင် ပေးခြင်း၊ စစ်ဗိုလ်ချုပ်များ ၏ ကတော် များ အား အဆောင် လက်ဖွဲ့ ယတြာ များ စီရင် ပေးခြင်း၊ ဗေဒင် ဟောကြားပေးခြင်း များ ပြုလုပ် ပေး သည် ဟု ဖော်ပြထားသည်။

တိုက်ပွဲသတင်းနှင့် နအဖ စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း



တပ်မဟာ(၄) မြိတ်၊ထားဝယ်ခရိုင်

၁၆ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၁၀း၁၈ အချိန်တွင် KNU တပ်ရင်း(၇)အဖွဲ့သည် နော်စေးဟဲကားလမ်းမ၌ ရန်သူနဲ့ ပက်ပင်းရင်ဆိုင်တိုးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲအတွင်း ရန်သူဘက်မှ အကျအဆုံးနှင့်ထိခိုက် ဒဏ်ရာရရှိမှုကို မသိရှိရပဲ KNU ဘက်မှလည်း တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU တပ်မဟာမှ သင်တန်းအဖွဲ့နှင့် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ဝါးလဲတွင် ၁နာရီခွဲကြာ ထပ်မံတိုက်ပွဲဖြစ်ပွားရာ ရန်သူနအဖဘက်မှ တပ်ကြပ်ကြီး၎ယောက် သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ၈ ယောက်နှင့် ၆ယောက်အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ KNU ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်
၁၈ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သော ရန်သူ ခမရ ၅၄၈အဖွဲ့နှင့် မြအောင်ဦးစီးသော ခလရ ၅၈၄ အဖွဲ့အဲပင် BGF ၁၀၁၆ မှ မိုးဒီအဖွဲ့တို့ ပူးပေါင်းသော စုပေါင်းအင်အား၁၃၀အဖွဲ့သည် မဲပလယ် ရွာသို့တက်လာပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများ ထမ်းပို့ရန် ရွာသား ၆ ယောက်ကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော ရွာသားများမှာ- ၁။ စောဒီးကလယ်(၂၇)နှစ်၊ ၂။ စောပိုး(၁၃နှစ်)၊ ၃။ မောင်ကာမြိုင်(၄၅နှစ်)၊ ၄။ လာချယ်လိုး(၃၆)နှစ်၊ ၅။ မောင်စံထွေး(၄၂)နှစ်၊ ၆။ ဖါးခိသာ(၃၂)နှစ် တို့ဖြစ်သည်။

အတင်းဖမ်းဆီးထားသူ ( ၆ )ယောက် အနက် ၄ ယောက်ကိုသာ ပြန်လွှတ်ပေးပြီး မောင်စံထွေးနှင့် ဖါ့ခိသာနှစ်ယောက်ကို ပြန်မလွှတ်သေးကြောင်း သိရှိရပါသည်။ ထိုနေ့မှာပင် ရန်သူနအဖတို့တပ်ဖွဲ့သည် ရွာသူ/သားတို့၏ ကြက်များကို မရမက တောင်းစားခဲ့ သည်။ ကြက်ပိုင်ရှင်များမှာ- ၁။ ကျော်ညွန့်ဖိုး(၄၆နှစ်) ကြက်တစ်ကောင်၊ ၂။ နော်ပေါ်တာ (၄၅နှစ်)ကြက်တစ်ကောင်၊ ၃။မောင်တင် (၄၇)နှစ် ကြက်၂ ကောင်၊ ၄။ နော်ပဲပဲ (၄၅)နှစ် ကြက်တစ်ကောင်၊ ၅။ ကြူကေဖေါ (၃၇)နှစ် ကြက် တစ်ကောင်၊ ၆။ နော်ဒါး (၂၁)နှစ် ကြက် တစ်ကောင် တို့ ဖြစ်သည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သည့် အင်အား(၄၀)ခန့်ရှိသော ရန်သူခမရ ၅၄၈ အဖွဲ့သည် ခူးဒို့မှပြန်လာသော ကော့ကရိတ် လှိုင်ဝရွာနေ၊ ကွမ်းသီးကုန်သည် လေးစော(၄၇)နှစ်ကို ဖမ်းဆီးပြီး အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ကော့ကရိတ်မြို့နယ်ရှိ နို့ရွှေမူရွာတွင် လှုပ်ရှားနေသော နအဖ စစ်တပ်မှ လှကြည် ဦးစီးသော ခမရ ၅၄၉ တပ်ဖွဲ့ နှင့် BGF 1016 အဖွဲ့တို့ ပူးပေါင်းသောအင်အား၅၀ရှိ အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခုဒုံးရွာနှင့် ချိုးပလာ့ ရွာသို့ သွားရောက် လှုပ်ရှားပြီး ၄င်းတို့နေရာတွင် နအဖ စစ်တပ်မှ မိုးမင်း ဦးစီးသော အင်အား(၄၀)ကျော် ခမရ ၅၄၅ အဖွဲ့က ကော့ကရိတ်ကနေ၊ နို့ရွှေမူ ရွာတွင် ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်တွင် အစားထိုး ရောက်ရှိလာပါသည်။

ဖိုးဒေးမူရွာတွင် လှုပ်ရှားနေသော ခမရ ၄၀၇၊ စစ်ကြောင်း ၂ ခေါင်းဆောင် ရန်မင်းထိုက်သည် ရွာသား တွေကို နည်းမျိုးစုံညှဉ်းပမ်းနှိပ်စက်ကြောင်း သတင်းရရှိပါသည်။ ၁၇-၁၂-၂၀၁၀နေ့တွင် ရွာ၏တောင် နောက်ဘက်ခြမ်းရှိ ရွာသားစောဟီခု (၃၈နှစ်)ကို လက်လုပ်ယမ်းထောင်းတူမီး(၂)လက်၊ သိမ်းဆည်း ခဲ့ရုံသာမက ထိုးကြိတ်နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ စတီဗင်ဦးဆောင်သော BGF ငြိမ်းချမ်းရေးအဖွဲ့မှ နှစ်သစ်ကူးလုပ်ရန် ရွာသား များကို တစ်ရွာလျှင်သုံးသောင်းကျပ်ဖြင့် အတင်းအဓမ္မငွေကောက်ခံခဲ့ပြီး ၄င်းငွေကို 19-12-2010 နေ့
အရောက်ပို့ဆောင်ရမည်ဖြစ်သည်။ ငွေတောင်းခံ ခံရသောရွာများမှာ- ၁။ ကြီးခလယ့္ရြာ ၂။ ထောဝါ့လော် ၃။ ဖိုးဆီ့မူးရွာ ၄။ မဲ့တလယ့် ၅။ ကျော်ခီး ၆။ ထိမယ်ဘော ၇။ မဲကဒိ ၈။ ဖါးကလောခီး တို့ဖြစ်သည်။

၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၈း၄၀ အချိန်တွင် ကျွန်ုပ်တို့KNU တပ်ရင်း၁၆သည် လေးနော့စစ်စခန်းမှ ရန်သူနအဖ ခမရ၄၀၅ စစ်ကြောင်း၂ ကို ပြောက်ကျား စစ်ဆင်နွဲရာ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ ရရှိခဲ့သည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။ ၄င်းတိုက်ပွဲတွင် ရန်သူသည် လက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ရွာသားတစ်ယောက် ကျည်စထိမှန်ခဲ့ပြီး ၀က်နှစ်ကောင်ကိုလည်း ကျည်ဆံ ထိမှန်သေဆုံးခဲ့သည်။

တပ်မဟာ၂ တောင်ငူခရိုင်
၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ မနက်၉နာရီအချိန်တွင် KNU ပြောက်ကျားတပ်ဖွဲ့သည် ခလဲ့ပတီနှင့် သဘားဖါ့ အကြားမှာရှိသောရန်သူကို ချေမှုန်းတိုက်ခိုက်ရာတွင် ရန်သူ၂ ယောက်ဒဏ်ရာရရှိပြီး ထပ်မံ၍ 18-12-2010 ညနေ ၃နာရီအချိန်တွင် သကွီးကျိုး ကားလမ်းမကြီး ပြောက်ကျားတိုက်ပွဲတွင် ရန်သူဘက်မှ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ညနေ၇း၂၀ အချိန်တွင် နော့ဖိုး နီးဒေးရှိ ရန်သူကို ပြောက်ကျားစစ် ဆင်နွဲခဲ့ရာ ရန်သူ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU သည် သံတောင်နယ်မြေ(၃)ရှိ ရန်သူကို သွားရောက်တိုက်ခိုက်ရာမှာ ရန်သူ ၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့မှာပင် နံနက် ၁၁း၃၀ အချိန်၊ သခွီးကျိုးတွင် ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ၁ ယောက်သေဆုံးခဲ့ပြီး KNU မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သတင်းရရှိပါသည်။
(မူရင်း - ကိုးဒီသွေး)
. Type the rest of your post here.

Tuesday, December 21, 2010

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာဒီကနေ့သွားရောက်တွေ့ဆုံ

CRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။......





“ဒီနေ့ ၂ နာရီမှာ ရန်ကုန်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ဒေါ်စုအိမ်မှာ လာတွေ့ပါတယ်။ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ Delegation ၄ ယောက်စလုံး လာပါတယ်။ Head of Delegation က ဂျော့ခ်ျ ပက်စလီ စန်နူး၊ Deputy Head က ပက်ထရစ် ၀ီလီယက်၊ Protection Unit က ဒိုမိနစ် အာဘန်၊ နောက် ဒေါက်တာဇော်ဝင်းပါ။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အဓိက ဆွေးနွေးတယ်လို့ ကျနော် သိပါတယ်။”အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။


 ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono ရဲ့ ဖိတ်ကြားမှုအရ အင်ဒိုနီးရှား သံအမတ် နေအိမ်ကို သွားရောက်ပြီး သံအမတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်မှု မရှိပါဘူး။

တွယ်ရာမဲ့


၁။

ချိုင်းထောက်ကြီးနဲ့ ငါ့ကို

လူတွေက နှာခေါင်းရှုံ့ကြတယ်။

၂။

ကစားနေတဲ့ ကလေးအချို့

သနားတတ်တဲ့ မျက်ဝန်းအစုံနဲ့

အနားဝိုင်းအုံလာ

ငါဘာဆိုတာလည်းသိသွားရော

လူသတ်သမား

လူသတ်သမား

ကျေုာင်းသားတွေကို သတ်တာ
 . ခင်ဗျားတို့တဲ့…။

ဆူဆူဆဲဆဲ

အင်္ကျီဆွဲဖြဲဖြဲသူဖြဲ

ခဲနဲ့ပေါက်သူပေါက်

ဂယောက်ဂယက်ငါ

ယောင်ချာချာလမ်းမထက်မှာ။

၃။

တနေရာမှာ

ကျေးငှက်အချို့ဟာ

မျက်နှာတွေကို

အတောင်ပံများနဲ့အုပ်ကာကြရင်း

ရှက်စရာ….ရှက်စရာ

အဲဒါ ပုရိသရုပ်သေး

အဲဒါ မနုဿခွေးတကောင်ပဲ

ထေ့ ငေါ့ သံပါတဲ့

တေးထံတျာကို

ငါကြားအောင်

တမင်တကာ ဆိုညီးနေရဲ့။

၎။

အို….

ဘာတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ

ကမ္ဘာကြီး တိမ်းစောင်းသွားပြီလား

မြန်မာပြည်ကြီး အစိမ်းရောင်းစားခံရပြီလား

ရှေ့တန်းကငါ

ခုမှ…အိမ်ပြန်ရတာပါကွယ်။

၅။

ပန်းခင်းတွေ ခြောက်သယောင်း

လမ်းအိုဟောင်း

ညောင်ညိုရိပ်အောက် စာသင်ကျောင်း

ခေါင်းလောင်းသံတိတ်

ကိုဖိုးရိတ်

ကြိတ်ဘေးမှာ မှိုင်လို့ပါလား။

၆။

အရင်ဆို…

ဒီလိုချိန်ခါ ကျေးရွာ အိုးစည်သံသာ။

အခု

ချိုးကူသံပြေး လူသံဝေ

တေးကဗျာမချို ဆွေးဗျာပုံ။

၇။

ငါဟာ

ငါ့ကိုငါ ပြန်သုံးသပ်နေမိတယ်

ဒေ၀ါလီခံထားတဲ့ ကျမ်းစာကြီးကို

နှစ်ပေါင်းများစွာ

ဖတ်ပေးခဲ့ သူပါလားလို့။

၈။

ဟိုတုန်းကတော့

ရူးရူးမိုက်မိုက်နဲ့မို့

လိုက်သွားမိတာပါ

ဒီတုန်းက

အိမ်နဲ့ကလည်း အဆင်မပြေပဲကိုး

၉။

ခုတော့

ခြေပြတ်ကြီးငါ့ကို

သူတို့ မသုံးလိုတော့ကြဘူး

ချိုင်းထောက်တဘက်

ဖိနပ်တဘက်နဲ့

ပုံပျက်နေတဲ့ ငါ့ကိုမြင်ရင်

အမေငိုချင်သွားမှာ သေချာတယ်။

၁၀။

ဒီလိုနဲ့

ဟိုတွေး ဒီငေးလျှောက်

ခြံပေါက်ဝနားရောက်လို့

“ညီလေးရေ” လို့ ဟစ်ခေါ်လိုက်တဲ့အခါ

အမေဟာ

ငါ့ကိုမျက်နှာဆီ လက်ညှိုးငေါက်ငေါက်ထိုး

“လူသတ်သမားကြီးပြန်လာပြီလား”

မင့်ညီလေး

လူ့အခွင့်အရေးတိုက်ပွဲကြီးထဲမှာ

မင်းတို့သေနတ်ဒဏ်ရာနဲ့

သေသွားရှာပြီတဲ့လေ။

၁၁။

အမှောက်အမှား ရှုပြီလား

ချောက်ကမ်းပါး ကျပြီလား

ပြတ်သွားပြီဖြစ်တဲ့ ခြေတဘက်

ဘယ်သူ့အတွက် ပေးလှူလိုက်တာလဲ

ခုတော့

ခြေပြတ်ကြီး မင့်ကို

သူတို့မသုံးလိုကြတော့ဘူး

ဘယ်သူကမှလည်း

အလေးတယူ မဆက်ဆံချင်ကြတော့ဘူး။

၁၂။

ဥပေက္ခာ လောကသား

မင်းဟာ

တကယ့် ဥပေက္ခာလောကသား

ငါဟာ

ငါ့မျက်နှာငါ လက်ဝါးနဲ့အုပ်ပြီး

အသံကုန် ငိုချလိုက်မိတယ်။

ညီနိုင်

ဒေါင်းအိုးဝေ စာစောင်

အတွဲ (၂) အမှတ် (၄) ဒီဇင်ဘာလ၊ ၁၉၉၀ ။

naytthit.com မှကူးယူဖော်ပြပါတယ်။



Type the rest of your post here.

ယနေ့ သတင်း (၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀)


 ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၂ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ရှိ ကနဲလေးနဲ့ ဝေါလေဒေသကြားရှိ ဖောမုဘောထာ့ မှာ ယမန်နေ့(တနင်္လာနေ့)က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ နအဖ ရိက္ခာတင်ဆောင်လာတဲ့ ကားနဲ့ ဒီကေဘီအေ စစ်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တလကျော်ဖြစ်ခဲ့သည် တိုက်ပွဲတွေမှာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နံနက် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တို့ကြား မိနစ် ၂၀ခန့် ချုံခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်ကျဆုံးမှုရှိသည်ကြောင်း သိရှိရသည်။

ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖစစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၄၅၇) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ဦး ပွဲချင်းပြီး သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီကေဘီအေဘက်က ၁ဦးသေဆုံးပြီး တပ်မှူးတဦး အပါအ၀င် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က အတည်ပြု ပြောကြားသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၂ နာရီ) ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသဘက်တွင်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် နအဖနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့ဝင်တို့ကြား နှစ်ရက်ဆက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဟု ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုး မင်းသူက ပြောသည်။

“ဒီနေ့ ၁၂နာရီအချိန်မှာ ကျနော်တို့ရဲ့ KNLA (၂၀၂)တပ်ရင်းနဲ့ ဗဟိုတပ်ဖွဲ့တို့ပေါင်းထားတဲ့အဖွဲ့က နအဖ ခလရ(၁၀၆)တပ်ဖွဲ့ နဲ့ ကဆောဝါးလေးမှာ ၅မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ မနေ့မနက် ၆နာရီအချိန်မှာလည်း ကဆောဝါးလေးမှာပဲ ခမရ(၃၃၈) နဲ့ ကျနော်တို့ KNLA (၂၀၂)တပ်ဖွဲ့နဲ့ ၁၀မိနစ်ကျော် ရင်ဆိုင်ခဲ့တယ်။ အဲဒီနေ့ ညနေ ၅နာရီဝန်းကျင်လောက်မှာလည်း မိုးပျံတံ တားမှာ ကျနော်တို့တပ်ရင်း(၂၀၂)တပ်ဖွဲ့နဲ့ နအဖ ခမရ(၃၄၃)တို့ ၁၅မိနစ် ရင်ဆိုင်ခဲ့တယ်။”ဟု ၎င်းက ပြောသည်။ (ကိုးကား - ကေအိုင်စီ)

Monday, December 20, 2010

မီးထဲကကြာ ပေး မေတ္တာစာ


မောင်လွမ်းဏီ

မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။

မောင်လွမ်းဏီ
. Type the rest of your post here.

မီးထဲကကြာ ပေး မေတ္တာစာ

မောင်လွမ်းဏီ

မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။

မောင်လွမ်းဏီ
. Type the rest of your post here.

“နီးစပ်မှုမဲ့ ဖခင်နှင့် ကောင်းကင်ကိုမော့ကြည့်နေသူတဦးအတွက်”



ညီနိုင်

တက်သွား
တံခါးချပ်များပွင့်လာနေပေါ့
အလျင်အမြန်ဆွဲဖွင့်လိုက်လေ …..

(၁)

ကျုပ် ….
ဒူးမတုပ်သူ …
ဆက်လျှောက်နေပေါ့ … ကျုပ်
လျှပ်စီးတွေအပေါ်ဖြတ်နင်း
ကမ္ဘာနဲ့နေရဲ့ခြေလှမ်းအကွာနဲ့
ထတော့ … !
တံတွေးကိုဝမ်းစာအဖြစ်
ဖယ်ချန်ထားရသူတွေ
နှစ်တိုနှစ်ရှည်စီမံကိန်းတွေထဲကျောစုတ်ခဲ့
အနွေးထည်ကောင်းကောင်း
ဝတ်ဘူးခဲ့သလား
ပါးစပ်ဟာ အရသာနဲ့
အဆွေခင်ပွန်းဖြစ်ခဲ့ရဲ့လား
ပါတီနဲ့ဘတ်တေးတွေပေးဘူးသလား
ဝါးကြမ်းခင်းနဲ့
နေရဲ့နှာခေါင်းအရှည်ကသာ
ကျောနဲ့ခေါင်းကိုတလှည့်စီနမ်းခဲ့။

ခင်ဗျားတောင်
ဥပုသ်ကျောင်းမသွား
ဘုရားရှေ့မထိုင်နိုင်ဖြစ်
ဒီထိအောင်ပဲ ထမင်းတလုပ်အတွက်
အလုပ်ရှုပ်နေခဲ့ပါတယ်။

အမေဟာ
တခါမှကျုပ်ကိုမုန့်ဖိုးတဆယ်
ပြည့်အောင်မပေးနိုင်ခဲ့ဘူး
ပြောလိုက်ရင်လက်ကလေး ခါခါ – ခါခါနဲ့
ခေတ်အပူကသူ့ကျောမှာလောင်မြိုက်လို့. ခေါင်းရင်းမှာ
ပန်းအိုးဟာ ညှိုးလို့သာနေတော့
ဆွမ်းဆိုတာတာတခါတရံလောက်ပေါ့
ဘုရားသာ အမျက်တော်ရှတတ်ရင်
ကျုပ်တို့အိမ်ထိပ်ဆုံးဒုက္ခရောက်မယ် …..

(၂)

ခင်ဗျားနဲ့ကျုပ်တောင်
ရန်ဖြစ်ခဲ့ကြပါသေး။
ခင်ဗျားကလည်းဒေါနဲ့မောနဲ့
ကျုပ်ကလည်း ရှူးရှူးရှဲရှဲနဲ့
တခါတခါတုတ်တွေ ဓားတွေကိုင်ကြလို့
မတော်လို့များ
ဖြစ်လိုက်ကြရင်တော့နော်။

လမ်းတွေ့ရင်တောင်နှုတ်မဆက်တတ်
မျက်လုံးချင်းရန်ဖြစ်
အဲဒီလောက်ချစ်ခဲ့ကြ
ပြောစရာရှိတဲ့အခါ အမေဟာ
ခင်ဗျားနဲ့ကျုပ်ကြားမှာပြာတာပေါ့။

ဟား၊ ဟား …
ရယ်ဖို့ပဲကောင်းတော့
ခေတ်သစ်အဇာတသတ်ကြီး
အဇာတသတ်ကြီးကျုပ်
ခုတော့အရာရာကိုခံစားသိ
ကျုပ် …
ခင်ဗျားကိုဦးတိုက်လိုက်ပါပြီလေ …
ဒါပေမယ့်
စာအုပ်ဖိုးနဲ့ကျောင်းလခ
တောင်းတဲ့အခါ
မျက်နှာကြီး
ဘာကြောင့်
လငပုတ်ဖမ်းသွားရတာလဲ
ဘာကြောင့်
မြည်တွန်တောက်တီးရတာလဲ
….. ….. ….. …..
….. ….. ….. …..
ခုတော့
ကျုပ်ပြုံးမိ
ခင်ဗျား … အလုပ်ပင်ပန်းသူ …

(၃)
ယနေ့
လူများစွာ ဘေးသင့်နေရဲ့။

အရှေ့
အနောက်
တောင်
မြောက် … လယ်ကွင်းတွေကြားမှာ
ပင်လယ်ပြာနဲ့ သစ်တောတွေပေါ်မှာ
ရတနာကွင်းနဲ့
ရေနံဓာတ်သတ္တုတွင်းတွေထိပ်မှာ
ငုတ်တုတ်ကြီးငတ်နေကြ
ရယ်ဖို့ပဲကောင်းတော့
သူများဆီလက်ဖြန့်နေကြရတာ …
ကျုပ်တို့လူဖျဉ်းတွေမဟုတ်ဘူး
အလုပ်လုပ်ခဲ့ကြ
(နေကိုခေါင်းမှာပန်ဆင်ရင်း)
ဒါပေမယ့်
အာဏာကခွန်အားတွေကိုဝါးမြိုခဲ့ပေါ့
ဘလိတ်ဓားတွေအပေါ်
လည်ပင်းများတင်မိကာ …

(၄)

ကျုပ်မှာ
ဘယ်သူမှလိုက်လို့မမီနိုင်တဲ့
ချစ်ခင်ရင်းနှီးမှုမာနရှိတယ်၊
ဘယ်သူမှခုတ်ထစ်လို့မရနိုင်တဲ့
ပြည်သူ့သတ္တိရှိတယ်၊
မဖောက်မပြန်တဲ အမျိုးသားရေး
ယုံကြည်ချက်ရှိတယ်။

မြန်မာပြည်ကိုအိပ်ကပ်ထဲမှာထည့်ရင်း
ဘဏ်တဘဏ်ထဲဝင်သွားချေပေါ့
လူတယောက်
လောကကိုသော့တွဲလို
ခါးမှာချိတ်ရင်းလမ်းလျှောက်နေသူ

မိမနိုင်
ဖမနိုင်
သံဃာမနိုင်
တိုင်းပြည်ကိုမီးရှို့နေပေါ့ …..

ပြည်တွင်းစစ်တဲ့
၄၂ နှစ်ရဲ့အရိုးတွေ
မြင့်မိုရ်တောင်ကိုကျော်တက် … တက်
ဆဲထုတ်လိုက်
ပုန်းငုတ်ငုတ်ကြိုးကိုင်နေသူ
သူတရားခံအရင်းပေပါ …..

စက်ဆုတ်လိုက်တော့
အလုပ်မလုပ်ပဲ ဗိုလ်လုပ်နေသူတွေကို …

(၅)

ဟိုမှာ
ခလုတ်မပါတဲ့သင်္ဘော
ပက်ပက်စက်စက်ငိုညီး
ရွက်တိုင်ကြီးအရိုးငေါငေါ
ပြောရင်းအသက်ဝင်လာ
လမ်းမကြီးပွယောင်းယောင်း
မဖြီးသင်တဲ့ခေါင်းလို
ရှုတ်ရှုတ်ထွေးထွေးပဲ …..
ခုန်တက်လာ
လှေကားထစ်တွေအပေါ်
လျောက်ပြေးနေပေါ့
ကုန်တွေဈေးကိုစီးလို့ ….…

ရောက်ချေပေါ့
ထမင်းရည်ပူထဲဝမ်းကိုပစ်ရင်း
ကြံစည်ခြင်းကို
မျက်နှာမှာတတ်ဆင်ကြလို့
မျက်လုံးတွေစူးလက်လက်ရှ
ဝါးမြိုပစ်တော့မယ့်ဟန်
….. ….. ….. …..
….. ….. ….. …..
အရိပ်မဲ့မဲ့သစ်ပင်ကြီး
လွင်ပြင်ထီးထီးမှာ
ငါတို့ဘာလုပ်ရ …

(၆)
သတ္တဝါပေါင်းများစွာကို
ဖန်ဆင်းခဲ့တဲ့လောက
သင့်မျက်ဝန်းတဘက်
ကမ္ဘာဦးစကတည်းက ငှက်သင့်ခဲ့သလား
ဟာနေတဲ့ဝမ်း
သာနေတဲ့လမ်း
ရွှေဘော်ထိုးစမ်းလေ …..
ခုတော့
အရာရာဒယီးဒယိုင်နဲ့
သင် ….. ဆိုင်းကြိုးမတတ်တတ်တဲ့
စွန်လွှတ်သမားပဲ …

ကာလာနထဲ
ပြန့်ကျဲလာကြ
အုဝဲလေးတွေရေ
သင်တို့ တေးသီနိုင်ဦးမှာလား
ဒီမှာ
နှာခေါင်းအောက်က
ချောက်နက်နက်ကြီးတွေ
မှိုတက်၊ ကြွက်ကိုက်ဖြစ်လို့
လေးဘက်ထောက်အရှက်မဲ့ချေပေါ့
ကုလားထိုင်လိုသူ
နိုင်ငံရေးကြက်ညှာဆုံစို့များ

(၇)

တက်သွားလေပေါ့
အားကိုခြေအောက်ခုရင်း
သမိုင်းသစ်ရဲ့ခန်းဦးအဖွင့်ဆီသို့
စာလုံးကိုသွေးနဲ့စီဖို့လေ …..
ကြိုးတိုက်ထဲ
လည်ပင်းတွေဆန့်ထုတ်ခါ …..
အံသွားကြိတ်ခါ
လက်သီးကိုအတောင်တတ်ပေတော့
အမှောင်ခေတ်မှာ သင်ဟာနေ့ရှင်
နေရဲ့အလင်းတသောင်းနဲ့
ကောင်းကင်ကိုဆေးတော့
မိုးကောင်းကင်က
ပန်းပွင့်နဲ့ကျောက်သံပတ္တမြားတွေ
ရှာချပေး
မြေဝဿုန်
လတ်ဆပ်တဲ့သီးနှံတွေကို
ထုတ်လုပ်ပေးတော့ …..

နွေရထားကိုစီးနင်းယင်း
အလင်းကိုညှစ်ထုတ်နေသူ
မြင်းများကိုကကြိုးဆင်ပါ …..

(၈)
နာနာရိုက်ပုတ်ရမယ်
ဟုတ်ကဲ့ စီးနင်းသူတွေကို
လမ်းကြောင်းမှန်အတွက်ဆို
တိုက်မယ်
တိုက်ရမယ် … တိုက်ရမယ် …
တိုက်ကြလိမ့်မယ်
တိုက်ထုတ်ပစ်လိုက်စမ်း
မင်းရဲ့အမျိုးသားရေးဦးခေါင်း
မာထူထူနဲ့
ကျောက်တောင်ရဲ့ဟိုဘက်
မင်းဦးခေါင်းပေါက်ထွက်သွားသည်အထိ
အယူသီးနဲ့ ဝါဒကြီးသမားတွေကို
အာဏာကြီးသမားတွေကို
မဟုတ်တန်းတရား
နှုတ်ကပတ်တော်ရှင်တွေကို
မင်းဟာသတ္တိရှင်ဖြစ်ပေါ့
မင်းဟာသတ္တိရှိခဲ့ရင်လေ
စင်္ကြာဝဠာကြီးဟာ
ဘောလုံးငယ်လေးဖြစ်ပေါ့
ခြေဖျားကော့ကာ … ကော့ကာ

ခလေးငယ်တွေကိုတော့
ကျိုးနွံနွံဝတ်ကြွေးပြု
အရုဏ်ဦးရဲ့
ပထမဆုံးနေကိုပေးလိုက်တော့

(၉)

အလိုက်မသင့်မျောပါကြမလား
(သစ်ကိုင်းခြောက်နဲ့အမှိုက်စများလို့)
သေရင်တောင်အဆဲခံထိပေဦးတော့မယ် …..
လောကခါးရောင်း၊ မြေပြိုလု
ကယ်တင်ရှင်စောင်ခြုံလို့ကွေး
ပုန်းခိုပေါ့
ခပ်ကုတ်ကုတ်တွင်းငယ်လေးထဲမှာ

ငါတို့
ပုခုန်းကျယ်ပြော
လက်ရုံးတောင့်တောင့်သံတိုင်တွေ
စစ်ကားတွေကိုဖိနပ်ပြု
ဆူးချွန်တွေအပေါ်လမ်းလျှောက်စို့ …..
စကားချိုထဲမှာသကြားမရှိဘူး
မျှော်လင့်ခြင်းကိုမှောက်သွန်လိုက်
တိုက်ကြ
မနက်ဖြန်တိုင်းကိုနှင်းဆီပန်ချင်သူ
ကြယ်တွေကိုရင်ထိုးပြု
လက်တွေက နိုင်ငံတော်ကို
မမလေးမိုးပေါ်မှောက်ချီပေး

(၁ဝ)

“တော်လှန်ရေးသည်
တော်လှန်ရေးသမားကို
မစောင့်” တဲ့

အသံတသံ …
ခြေမြန်မြန်သုတ်ခြေတင်ပေါ့
ကောင်းကင်ကိုမြင်းလုပ်လို့စီး
ကမ္ဘာကိုလက်သီးဆုတ်ထဲထဲ့ကာ

ပြီးတော့
ခွေးပုပုလေးလို
တောင်ကုန်းပေါ်ပြေးတက်ချေစမ်း
ရွှင်ကြည်ချစ်စရာလေးပါ့
အဲဒီလောက်ထိအောင်ပဲ
ပျော်ဖို့ကောင်းပါတယ်

နောက် …
ရည်းစားစာတစောင်ရေးပြီးတဲ့အခါ
ရင်ပေါ့သွားတဲ့လွတ်လပ်မှုမျိုး
သင်တို့ကိုပေးပါဦးမယ် …
မြင်နေရပေါ့
လာနေဆဲရောက်ရှိခြင်း
ရင်တွေထဲတိုးဝင်ပူးကပ်ကပ်
လှိုက်လှိုက်ဝမ်းသာဖြစ်ကြ
မျက်နှာပေါ်ပျော်ခြင်းများကိုစိုက်လို့

ကျုပ်
အဦးဆုံးသူဖြစ်ခဲ့ရင်
ကျုပ်ပေးပါ့မယ်
ခင်ဗျားတို့ကို ကျုပ်ထက်ပိုလို့
ခင်ဗျားတို့
အားရဝမ်းသာအလုပ်လုပ်ကြလို့
စိတ်လက်ချမ်းသာ
လုပ်ငန်းကိုင်ငန်းအဖုံဖုံ

(၁၁)

နိတ်သဟ
လူယုတ်မာကောင်
သူကနောက်ထပ်သမီးလောက်
အသစ်လေး တယောက်နဲ့
“၂၆ သုံးလီ ၇၈”
ယတြာချေပစ်သတဲ့လေ …..

မနက်နက်ဆို
ကောင်မလေးက ဘစ်ကနီ
သူကဆီဒီ
ပလီပလာစိုက်
ဟီလာတိုက်လို့
ဘယ့်နှယ်
သွားကြိုးကလေချွန်ချင်ရတယ်လို့
အနားမှာ
ဂိုအားရင်းနဲ့ဟင်းမလားလို
အားကိုးလောက်တဲ့ သားတော်ကြီးတွေ
သြရသ တစ်
သြရသ နှစ်
သူ့အတွက်ဆို
မိုးတိမ်ကိုတောင်
ခြုံစောင်အဖြစ်
ယက်ပေးဦးမယ့်သူတွေ

(၁၂)

“တော်လှန်ရေးကို ငါတို့
အမိန့်ပေးမရဘူး၊
ငါတို့ကိုပဲ တော်လှန်ရေးက
အမိန့်ပေးလေ့ရှိတယ်၊
တော်လှန်ရေးရဲ့တရားသံ
ငါတို့ နာခံရမယ်၊”
အမိန့်ပေးနေပေါ့ …..

ဆုတ်ဖြဲပစ်
အချုပ်ခန်းနဲ့
အကျဉ်းထောင်တံခါးမတွေ
ချွန်ရှရှလက်သည်းတွေကို
ကော်ပတ်စားလို့ …..

ထွက်လာကြ
တယောက်မကျန်ထွက်လာကြ
အလျှိုအလျှို
ဟစ်အော်ပြေးထွက်လာကြ
၅/ည နဲ့ ထောင်ကျနေသူတို့
ကြိုးစင်နဲ့တသက်တကျွန်းတို့
ယုံကြည်ချက်အကျဉ်းသားတို့
တစုတဝေး ကလေးတွေ
ကျောင်းလွှတ်လိုက်သလိုမျိုး
ကမ္ဘာမကြေသီချင်းကိုရွတ်သီလို့

သွေးစွန်းပေကျံခဲ့တယ်
နှစ်အလီလီသေနတ်ပြောင်းအောက်မှာ
အပျိုမတွေအလှပျက်
ခလေးတွေပိန်ညစ်ညစ်
ဦးခေါင်းများစွာကြေမွမွ

ဒိုင်း ….. အား …..
သွေးရွှဲရွှဲလမ်းပေါ်လိမ့်ဆင်းသွား
အလံကိုင်တဦးရဲ့ဖြစ်အင်
အရေပြားများတွန့်ရှုံ့နေတဲ့
လူတွေရဲ့မျောက်မျက်နှာ
ခင်ဗျားတွေ့ဘူးမှာပေါ့

ခုတော့
ကျုပ် …..
ခေတ်တခေတ်မှာ
အခါခါပေါက်ကွဲပါတော့မယ်
ခင်ဗျားတို့ကို လှုပ်နှိုးဖို့

လူတယောက်လုံး
မျက်လုံးကိုစုံနှိုက်ထုတ်
အူတွေက တစစီဆွဲထုတ်ခွင့်ရခဲ့ရင်တောင်
ဒေါသတွေကြေမှာမဟုတ်တော့ဘူး
ထိုး ….. ထိုး ….. ထိုး
အဲဒီအကုသိုလ်ကောင်ကြီးရဲ့မျက်နှာကို
သင် …..
လက်သီးပေါင်းကြယ်တွေတမျှထိုးတော့

(၁၃)

အပုပ်ချကြ
အတင်းအဖျင်းပြောကြ …..
သန်းတုတ်တဲ့မိန်းမတွေလို …..
ကောင်းကင်ဟာ မီးခွက်မှုပြီပဲ
ဒယ်အိုးက မြိန်မြိန်ကြီးပြုံးလို့

ငှက်တကောင်
ကြိုးမဖြုတ်ပဲလေကိုပျံပါလေရော
ပါးစပ်ကကျယ်ကျယ်
အကျဉ်းထောင်နဲ့အချုပ်ခန်းမများ

(၁၄)

အားပါး
ခင်ဗျားတေးသီလိုက်သေးသဗျ
လေချွန်သံတရွှီရွှီနဲ့
ဘဝင်ကိုသွေးနဲ့သီရက်တယ်

ခင်ဗျား
ခြေထောက်မှာဘီးတပ်ခဲ့သူ
မျက်ရည်များကိုကျောမှာထမ်းပိုး
ထွက်ခဲ့ကြ
ခင်ဗျား … ကျုပ်
ရာဇဝင်အကြွေးကိုခါးမှာချီလို့

(၁၅)

တံစဉ်တွေသံချေးတက်ပြီပဲ
စပါးကျည်ငိုမဲ့မဲ့

ပုခုံးတဘက်ပြုတ်ကျသွားပြီတဲ့
အလုပ်သမားတယောက်
ဘဝသေအကျောတွန့်ဆွဲ
ရသဟာ
ကဗျာဆရာဆီမှာပါပဲ

ပေါက်ကွဲကျေပေါ့
ကဗျာဆရာ
ဒေါသတွေထဲ
ဒလိမ့်ခေါက်ကွေးစီးဆင်းလို့
သူ့ကဗျာ
သူ့စိတ်လှုပ်ရှားမှုတွေပေါ့

ဘာကိုအောက်ကြို့ခံငေးဦးမှာလည်း
မျက်နှာလေးညှိုးညှိုးငယ်ငယ်
အောက်ဆုံးအလွှာငရဲပဲ

(၁၆)
ကြည့်စမ်း
အမိုက်ကောင်
ဘယ်လောက်မသတီစရာ
ကောင်းလိုက်သလဲ
ဒီကနေ့ရဲ့ရိုင်းပြမှုတွေ

ဘုန်းကြီးများလူဖြစ်ကြ
အချို့လည်း
ကားစင်ကိုတောင်မြင်ကုန်ရ
နွားသိုးဟာ
နျူးယလိယပ်စစ်ကိုပါးစပ်ခဲ
စင်္ကြာဝဠာကို
ချပ်ပြားကာဒိုင်းပြုလို့
ရွံမုန်းဖို့ကောင်းပြီပဲ

လူ
သူ့ဘဝသင်ကြားမှုနဲ့သူ

မနှိုးနဲ့အိပ်ချင်ယောင်ဆောင်သူတွေကို
သင် … ကနေ့ပဲခရီးစတင်၍
သင်၊
ခုတ်ထစ်ချေတော့
အပြစ်အားလုံးအမှန်တရားက
ဆေးကြာပြီ …

(၁၇)

သင်တို့ ဘယ်ကိုရွေ့ကြဦးမှာလည်း
တကိုယ်တော်လွတ်မြောက်ရေးဝါဒီတို့
အနာဂတ်ခြေမန်းကွင်းအစွပ်ခံရတဲ့အခါ
ZERO ဟာ သုံညလေ
မှောင်ထဲမှာ အရောင်မကွဲဘူး

(၁၈)

ဆန္ဒရှင်ကိုပစ်သွားပြီပဲ
(ခြေထောက်များကို
ကျောပေါ်ပစ်တင်ရင်း)
လက်ဖမိုးနဲ့လမ်းလျှောက်နေ
ရူးကြောက်ကြောက်
စစ်ဘောင်းဘီအောက်
ထိုးဝင်သွားသူတစု

ဝင်ကြ
လွှတ်တော်ခန်းမထဲကို
ခေါင်းပေါင်းတလူလူဝံ့
ပြည်သူ့ကိုယ်စားလှယ်တွေ
အဲဒါ ငါတို့နန်းတော်ပေါ့ …..
ငါတို့ထက်
ဘယ်သူတွေကို ပေးထိုင်ခိုင်းရဦးမှာလဲ

(၁၉)
ပွဲကောင်းနေပေါ့
ကြိုတင်ငွေထုတ်သွားခဲ့
လူစွန့်စားကြီးသင့်ကို ….
ခေတ်ရှနေသူများ …..
သွားတော့
ခွန်အားကိုလေးညှို့မှာတင်တော့
လူမိုက်များ
တရားကိုကြုံးသွင်းတော့တဲ့အခါ
သင့်မျိုးဆက်
ရာဇ၀င်အဆက်ဆက်သေရစ်တော့

(၂၀)
ငုံ့ကြည့်စမ်း
ကုန်သည်ပွဲစားတို့
ဇိမ်ကြီးရှင်တို့
ဝန်ထမ်းတို့
လယ်သမား အလုပ်သမားတို့
လက်ဖက်ရည်ဆိုင်ထိုင်
လေကန်နေသူလေးတို့
လူဘော်ကျော့
လပ်လျားလပ်လျားလေးတို့
ဝတ္ထုဖတ်နေသူ အပျိုဖျန်းလေးတို့
စတူဒီယိုခန်းထဲက လက်သီးလက်မောင်းတန်း
ပေါက်ကွဲနေသူတို့
အကဲဖြတ်နိုင်ငံရေးသုခမိန်ကြီးငယ်တို့
ဗိုလ်ကြီး ဗိုလ်လေးတို့ …..
စစ်နဂါးကသင်တို့ကိုဝါးမြိုမြိုရယ်
တရားနဲ့မရရင် … ဓား
လေပြေးစဉ်ရွက်ကုန်လွှင့်တော့

ထမင်းရည်ပူထဲ
ဗီတာမင်တွေချို့တဲ့ကာ
မြို့တွေ အာဏာနဲ့ထိုးသမို့
ရွံ့ဗွက်တွေထဲ
ဝါးလုံးတိုင်များထူစိုက်ကာ
ပြောင်းရွှေ့ခြင်းဟာအိမ်ယာသစ်တဲ့
လောကတခို
ဖြိုချင်သလိုဖြိုနေပေါ့
ထပ်မံကြံစည်နေကြပြန်ပေါ့
ဒေ၀ဒတ်နှင့် သူ၏အပေါင်းအပါများ …

(၂၁)
သူရူးဟာနှောင့်ယှက်သလိုမျိုး
ဝန်းကျင်ကို ဒုက္ခပေးသူတို့
ဒီတယောက်လည်းသွားဦးမှာပဲတဲ့
တယောက်ခေါ်သွားပြန်ပြီ
နံပါတ်မပါတဲ့ကား … ဘီးလိမ့်သွား
မေးခွန်းပေါင်းသောင်းအထောင်ထောင်
စစ်မေးပြီးတဲ့အခါ
ပြာဖြစ်ချေပေါ့

ညထဲသွေးညှီနံ့များခုန်ဆင်းကာ
မြို့တွေအရေပြားစုတ်ကွာလို့
လက်ချင်းကျစ်ကြ
အလောင်းကောင်ရဲ့သေတ္တာထဲ
လဲလျောင်းနေရသူတွေ
လက်များကိုဆန့်ရှည်ရှည်ထုတ်
ဖနောင့်များ ကြွကာ … ကြွကာ

အလိုမတူငြား
ဇာတ်သူသားကိုရှယ်ရာမိသူတွေ
စိတ်ကိုပြောင်းပြန်လှန်ကြ
ဖိုင်တွဲနဲ့ကုလားထိုင်တွေပစ်ထား
ဖင်အိမ်ပြန်လှည့်တော့
ရုံးခန်းတွေတစ္ဆေခြောက်ခြောက်

“ငါတို့
ရေလက်ကြားကိုဆန်ဖြတ်သူတွေ
မုန်တိုင်းထန်ထန်ညံလည်းမကြောက်”

(၂၂)

ရေကာတာကျိုး ရေထဲသစ်ပင်တွေ
အမြစ်ကပြုတ်ပါသွားသလို
ကြမ်းကြမ်းတမ်းတမ်း
မျောပါနေကြပါရော
ဒီရေလျှံကြွကြွ
မြစ်တွေထဲမြို့တွေမျောပါလို့

ရင်ဝတည့်တည့်ကိုပစ်လိုက်တာ
တယောက်
နှစ်ယောက်
သုံးယောက်
လေးယောက်
ငါးယောက်
ခြောက်ယောက်
ခွန်နှစ်ယောက်
……………………….
……………………….
နောက်ထပ်အယောက်ပေါင်းများစွာ

သေသွားပြီတဲ့
မျောနေတယ်တဲ့
ပုပ်ပွ၊ လောက်တွယ်တွယ် အလောင်းတွေ
ဠင်းတ၀ဲစုပ်စုပ် …..
ဘယ်သူမှ
အသေအချာမကြည့်ရဲကြဘူး

အားလုံးအသံတိတ်ချေပေါ့

(၂၃)
အရိုးတွေထောင်ထောင်ထ
ခုန်ဆွ ခုန်ဆွလုပ်ကာ
လပ်လပ်ဆတ်ဆတ်အသားတစ်တွေ
လမ်းများပေါ်အထပ်ပြုလို့
ထပ်ခိုးပြုလို့

အသံတသံရောက်လာ
မာပြတ်တိုတောင်းတောင်း …
ထတော့
အားလုံးမျိုးပြုတ်ကုန်လိမ့်မယ် … တဲ့
မျက်နှာသစ်လိုက်တယ်

(၂၄)

ဖယောင်းတိုင်မျက်ရည်ကျ
အမွှေးတိုင်တို့ပိန်ခြောက်
ငှက်ပျော၊ အုန်းတွေအပူရှပ်
ယတြာအဆိပ်တက်ပေါ့
……………………………..
ဆူးပုံနင်းသူအော်ဟစ်ချေတော့

မိုးသောက်ခဲ့ပြီ
တမေ့ထဲမေ့နေသူတို့
ချောက်များပေါ်ကျောတင်လို့

(၂၅)

နိုးထလာပေါ့
မြန်မာပြည်ရဲ့ဒီမိုကရေစီနတ်မိမယ်
ညင်သာမွေ့မွေ့ရွေ့ရွေ့လှမ်း
သူ့ကိုလမ်းဖယ်ပေးလိုက်ကြပါ
အနမ်းဦးမချွေရသေးတဲ့ပန်းတွေနဲ့

အစိုးရတဲ့
သင်္ချိုင်းတွေထဲ
ဘီလူးသဘက်တွေအုံကြွကာ
ဂုတ်သွေးစုတ်နေပေါ့
လမ်းကြိတ်စက်များ
ခေါင်းပေါ်လိမ့်နေနေ
သေနတ်များက
လည်မြိုများကိုခလုပ်တိုက်နေပေါ့

သင်
လမ်းများကိုဆန့်ဆွဲထောင်လိုက်
ကောင်းကင်ကိုပျဉ်ပြားပြုကာ
အားနဲ့ရိုက်ချေတော့ …..
လွတ်လပ်ခြင်း
ခွင့်တူညီမျှခြင်း
တရားမျှတခြင်း
…………………….
လွတ်မြောက်ခြင်းမှတ်တိုင်အဖြစ်

ဤအရာကို
မော်ကွန်းအဆက်ဆက်ခိုင်ကျစ်စေတော့

(၂၆)

အချို့ လျှပ်စစ်ကြိုးတွေနဲ့အတို့ခံရ
အချို့ ကောင်းကင်ကို
ဇောက်ထိုးကြီးမြင်ရ
အချို့ အံဖုံးတွေပြုတ်ထွက်ကုန်ကြ
အချို့ တိတ်တဆိတ် ပြာဖြစ်သွားကြ
ရေကြည်အိုင်ထဲမှာ
န၀တရဲ့ ငရဲစခန်းပေါ့

(၂၇)

ကျုပ်ဝိဥာဉ်ကို ပြည်သူ့ရင်ခွင်ဆီ
ခေါ်သွားပေးစမ်းပါတဲ့
သွေးရွှဲရွှဲဝတ်ရုံကိုခြုံသွားသူတွေ
မီးကျည်ခဲကို ဗိုက်မှာကပ်လို့
မိန့်ခွန်းချွေနေကြပေါ့

ဂုဏ်ပြုလိုက်
သူတို့ပုန်ကန်ရဲသူတွေ
အိပ်ငိုက်သူမျက်လုံးကို
ပြူးကျယ်ပစ်
သစ်ပင်ကို ပြောင်းပြန်စိုက်လို့မရဘူး
ဒီလှိုင်းတွေမတ်ရပ်ရပ်စိုက်

ဆွဲခေါ်သွား
ပုဂ္ဂိုလ်မိုက်ကို
ကြိုးတပ်ခွေးတကောင်အဖြစ်
ပြည်သူ့ခုံရုံးရဲ့ ဝက်ခြံထဲမှာ
လှောင်ထားချေတော့

(၂၈)

ခွေးတအုပ်
ဆုတ်ဖြဲပစ်နေပေါ့
ဂေါတမရဲ့ဝတ်ရုံတွေကို
ကြည့်ရက်သူ ကြည့်ကြည့်ငေး

သွေးတွေဟာအလံဖြစ်
ချီတက်နေပေါ့
ခေါင်းတုံးလက်ပြောင်ပြောင်တွေ
လွန်ဖျားကိုငယ်ထိပ်မှာစိုက်ရင်း
ဘာသာတရားကြေမွတဲ့အခါ
ငါတို့သေဆုံးပြီ

သင်
အော်ကြီးဟစ်ကျယ်
အော်ဟစ်ချေတော့
အသံတွေကိုမုန်တိုင်းထဲက စုတ်ယူလို့

နောက်ကလိုက်ကြ
ဒါယိကာ၊ ဒါယိကာမတွေ
အာဏာရှင်တို့ရဲ့ ထစ်ချုံးသံမျိုးကို
ပါးစပ်ပေါ်တင်လို့
အဲဒါ
ဒီကနေ့ခေတ်ရဲ့
အလံကိုင်တပ်မှူးတွေပေါ့

သင်တို့ အတွက်ကယ်တင်ရှင်
သင်တို့ကိုယ်တိုင်ပါပဲ
လှုပ်ခါလိုက်
ကြွက်သားနဲ့လက်ရုံးအားတွေကို
ဖြူကောင်တွေ
ဆူးတောင်ခါလွှတ်သလိုမျိုး
နာနာကျင်ကျင်ပေးဖြစ်စေလိုက်ပါ

ငါတို့
ခွန်အားနဲ့လူတွေ
စင်္ကြာဝဠာစုတ်ပြဲ
သမုဒ္ဒရာထထိုင်လိမ့်မပေါ့

မီးဟာ
ထင်းကိုစောင့်တယ်မရှိဘူး
အဲ့ဒီထဲမှာပါတော့
ခင်ဗျားရဲ့သွေးကျုပ်ထဲစီးဝင်
ကျုပ်သွေး ခင်ဗျားကိုယ်ထဲစီးဝင်နေသူ
ကြိုးမဲ့ခွန်အားတွေရဲ့
ပြေးနှုန်းကိုမြင်ရင်
ကမ္ဘာငယ်သွားလိမ့်

ချီတက်သွား
လိုက်ချေပေါ့
လက်ဖမိုးတွေမြှောက်ချီလို့
လှုပ်ရှားဗျာလှိုက်
အခေါပဏီတပ်ကြီးမိုးလုံးညို့

မြေကမ္ဘာ
တုန်လှုန်လေပေါ့
မာယာရဲ့ နန်းဝမုခ်ဦးမီးစွဲလောင်လို့

ညဥာဥ့်ထဲခွေးတဟောင်ဟောင်ထ
အော်ဟစ်ကာ
ထိတ်ထိတ်ပြာပြာ

စွေ့စွေ့ခါခုန်ပေါက်ချေပေါ့
အာဏာနဲ့ဠာနကြီးအချို့ …..

ထပ်လဲပြိုပေါ့
သပိတ်တွေပုံထပ်လို့
ချီတက်နေကြပြန်ပါရော
သာသနာကိုအောင်လံပြုရင်း

မီးကျည်းလျှံတွေလွင့်လွင့်တက်
ဓား လှံ တွေပြုတ်ကျ
ပထဝီရှုတ်ယှက်ခတ်
ပြဿဒ်မီးလောင်နေပေါ့
ကြံ့ခံဖြိုဖျက်ဦးစို့

အလံပေါင်းများစွာ
လမ်းလျှောက်ကြပါရော
တောင်ထိပ်များပေါ်ခြေတင်လို့
လက်သီးတွေယိမ်းကက
….. ပြုတ်ကျလာ

မိုးကောင်ကင်ရဲ့ပထမဆုံး
ညိုပုပ်ပုပ်ကိုင်းရောင်မျက်နှာ

မင်းနဲ့သာသနာ
သာသနာကမင်းကို
ကြောက်ရပြီဆိုရင်တော့
ကိုးကွယ်ကြမင်းကို
ဒါပေမယ့်
ငါတို့ …..
မင်းကိုကိုးကွယ်သူတွေမဟုတ်ဘူး
သာသာနာကိုကိုးကွယ်သူတွေ

သာသနာပိုင်မထေရ်ကြီးမြတ်တွေ
ဝိနည်းတော်ကျမ်းကိုယ်စီလှန်ကြ
……………………………………..
……………………………………..
ပေးလိုက်တော့
ပြောမရ ဆိုမရသူတို့ကို
ရာစုနှစ်အသန်းသန်းအတွက်
ဆွေစဉ်မျိုးဆက်
သာသနာရဲ့ပစ်ပယ်ခြင်းဆု
တိုင်တည်ရာမဲ့တဲ့အခါ
ဘဝဟာ လပ်ဟာဟာပေါ့
ဘုရား … ကယ်ပါဘုရား
ဒုက္ခရောက်နေသူတွေကို ကယ်ပါဘုရား

ဗောဓိပင်အောက်၌
ဗုဒ္ဓသည် အမျှဝေလျှက်။ ။

“သင့်ဝမ်းပေါ်
ပျားရည်စက်လေးများ
တစက်ချင်းကျသွားပါစေ”

ညီနိုင်

Sunday, December 19, 2010

ယနေ့ သတင်း (၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀)

၊ ၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၀ နာရီ ၃၀ မိနစ်) ပြီးခဲ့အပတ်က လက်နက်ချ ဒီကေဘီအေ ၉၀၇ တပ်မှူးနော်တရာအပါအ၀င် တပ်မှူးအချို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အရေးယူရန်အတွက် ခေါ်ဆောင်ထားကြောင်း သတင်းများထွက်ရှိနေပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတာတွေကို သွားရောက်စစ်ဆေးခွင့်ုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက စစ်အစိုးရကို စာရေးသား တောင်းဆိုလိုက်ကြောင်း Wall Street Journal သတင်းစာက ယမန်နေ့က ရေးသားလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ နျူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။

အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ထို့အပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။ (ကိုးကား - အာရ်အက်ဖ်အေ)

Saturday, December 18, 2010

စစ်အစိုးရ ၀ါဒဖြန့်ရုပ်ရှင် မီဒီယာကို ဝေဖန်မည်

၆၆နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရိုက်ကူးမည့် ၀ါဒဖြန့် ဇာတ်ကားတွင် ပြည်တွင်း သတင်း မီဒီယာများကို ဝေဖန် ထားသည့် အကြောင်းအရာများ ထည့်သွင်း ရိုက်ကူးမည်ဟု သိရှိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဇာတ်ကားကို “တုနှိုင်းမဲ့ သစ္စာ” ဟု အမည်ပေးထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံ
ရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး(ကက-ပြည်) မှ တာဝန်ယူ ရိုက်ကူးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းက ပြောသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကျော်ရဲအောင်၊ ရဲအောင်၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ နေမင်း၊ နေအောင်၊ ကောင်း ခန့်၊ မင်းသွေး၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဖာဦး၊ န၀ရတ်၊ ၀တ်မှုန်ရွှေရည်၊ မိုးယုစံ၊ ခေမီကို၊ မယ်လိုဒီ စသည့် သရုပ်ဆောင်များစွာ ပါဝင် မည်ဟု သိရသည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာမျာ
“၀တ်မှုန်ရွှေရည်က သတင်းကြေညာတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာ။ မီဒီယာနဲ့ ပတ်သက်ပြီး ဝေဖန်ချင်တာတွေပါသလို စစ်သား တွေကို အထင်မကြီးတဲ့ ပြည်သူတွေနဲ့ မြန်မာပြည်ကို အထင်မကြီးတဲ့ နိုင်ငံခြားပြန်တွေအကြောင်း ပါမယ်လို့ ပြော တယ်။ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပေမယ့် စစ်တိုက်တာတွေချည်းပဲ ပြသွားမှာ မဟုတ်ဘဲနဲ့ စီးပွားရေးနဲ့ ပတ်သက်တာ တွေလည်း ပါမယ်”ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် အမျိုးသမီး သရုပ်ဆောင်တဦးက ပြောသည်။

ဒု ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာ တင်သန်းဦးက ယခုနှစ်အတွင်း ရေးသားရိုက်ကူးခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” အစိုးရ ၀ါဒဖြန့် ဇာတ်ကားသည်လည်း သမိုင်းအမှားကို ရိုက်ကူးထားသည့် ဇာတ်လမ်းအဖြစ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီး အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များသည် ပြည်ပ ခရီးစဉ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ရသည်။

“တုနှိုင်းမဲ့ သစ္စာ” ဇာတ်ကားကို ရေးသားရိုက်ကူးမည့် ဗိုလ်ကြီး တင်အောင်စိုး(ပန်းမြို့တော်)သည် “ကြယ်စင်မော်ကွန်း” တပ်မတော် သမိုင်း ရုပ်ရှင်ကား ဇာတ်လမ်းကို ရေးသားခဲ့သူဖြစ်ပြီး တခြား ၀ါဒဖြန့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြောင်း တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး(ကက-ကွန်) နှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက“ဂျာနယ်တွေရဲ့ အခန်းကဏ္ဍက ပြည်သူလူထုဆီ တော်တော် တာသွားတယ်ဆိုတာ ရွေးကောက်ပွဲကာလ၊ ဒေါ်အောင် ဆန်းစုကြည် လွတ်ပြီးအချိန်တွေမှာ အာဏာပိုင်တွေဘက်က လွှတ်ပေးလို့ မရတော့ဘူးဆိုတာ ပိုသိလာတယ်။ ပိုပြီး သတိ ထား လာတယ်။ ပြည်တွင်းမီဒီယာတွေ သတင်းဌာနတွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကို ဇာတ်ကားမှာ ထည့်ထားတယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်တွင် ဓာတ်ပုံနှင့် စာသားများ သတ်မှတ်ချက်ထက် ကျော်လွန် ဖော်ပြသောကြောင့် စာပေစိစစ်ရေးက ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်းခဲ့သည်။

“ရွေးကောက်ပွဲအပြီးမှာ သတင်းဂျာနယ်ကြီးတချို့ကို သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့သလို ပြန်
ကြားရေးကနေ ကက-ပြည်ကို အကြောင်းကြားထားတာတွေ ရှိတယ်။ အဲဒီတုန်းက ပဏာမအနေနဲ့ ခွင့်ပြုပေးတဲ့အထိ ဖြစ်ခဲ့
ပေမယ့် ရွေးကောက်ပွဲကာလ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်၊ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ ဖြစ် ခဲ့တာရှိခဲ့တယ်။ ဂျာနယ်အတွင်း မျက်နှာဖုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖော်ပြတာမျိုးတွေပေါ့။ ဒီအခြေအနေတွေကို သုံးသပ်ပြီး သတင်းစာတွေ ထုတ်ခွင့်ပေးဖို့ မဖြစ်တော့ဘူး ဆုံးဖြတ်လိုက်တာ”ဟု အဆိုပါ ကက-ကွန်နှင့် နီးစပ်သည့် အရာရှိက ဆိုသည်။

အာဏာပိုင်များနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သည့် ပြည်တွင်း ဂျာနယ်ကြီး ၅ စောင်ခန့်ကို ပြန်ကြားရေး ဝန်ကြီးဌာန က ပဏာမ အနေဖြင့် သတင်းစာထုတ်ဝေခွင့်ပြုရန် စီစဉ်ခဲ့သော်လည်း၊ စိတ်မချရတော့ဟုဆိုကာ ခွင့်မပြုတော့ကြောင်း၊ ဂျာနယ်ကြီး တစောင်ကိုမူ ပုဂ္ဂလိကတ၀က်၊ စစ်ဘက်အုပ်ချုပ်မှုတ၀က် လုပ်လိုပါက ခွင့်ပြုပေးမည်ဟု သိရကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန နှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ” နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ထုတ်ဝေဆဲ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများအပြင် ရန်ကုန်မြို့တော်စည်ပင်မှ ထုတ် ဝေနေသည့် “မြို့တော် သတင်းစာ”၊ မန္တလေးတွင် ထုတ်ဝေနေသော “ရတနာပုံ သတင်းစာ” တို့ကို လက်ရှိထက် တိုးချဲ့၍ သတင်းစာကြီးများအနေနှင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

Friday, December 17, 2010

စတုတ္တအကြိမ်းbuffalo မြန်မာနိုင်ငံသားများမှစုပေါင်း၍လှူဒါန်းတဲ့ မွန်မြတ်လှတဲ့အလှူသတင်းဓါက်ပုံ





























ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)


ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)

မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။  တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။  ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။

ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့  မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ  ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။

လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။

နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။  ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။

အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။

ရတနာပုံ Virus

ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။

အသိဥာဏ်ခေါင်းပါးလွန်းသောမြန်မာစစ်အစိုးရ ဟု လီကွမ်ယူရဲ့မှတ်ချက်ကို ၀ိကီလီဖွင့်ချ


အမေရိကန်အစိုးရရဲ့ သံတမန်ကြေးနန်းတွေထဲမှာ စင်္ကာပူနိုင်ငံရဲ့ခေါင်းဆောင်မြန်မာစစ်စိုးရဟာ အသိဥာဏ် အလွန်ခေါင်းပါးပြီး အဝိဇ္ဇာအမှောင်တိုက်ဖုံးနေတဲ့ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်တယ် လို့ မှတ်ချက်ပြုပြောကြားခဲ့တဲ့အကြောင်း ဝိကီလိခ်က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၇ အတွင်း ဝန်ကြီးချုပ်ဟောင်းလီကွမ်ယုနဲ့ အမေရိကန်အဆင့်မြင့်အရာရှိတဦးတို့ဟာ အာရှဒေသ တွင်း အရေးများကို လျို့ဝှက်ဆွေးနွေးမှုမှတ်တမ်းများကို ဝိကီလိခ်က ယ္ခုတပါတ်ထဲမှာ ထုတ်ဖေါ်ဖွင့်ချခဲ့ ပါတယ်။
မြန်မာအစိုးရနဲ့ဆက်ဆံပြီးအကျိုးတူလုပ်ဆောင် ဆက်ဆံရခြင်းဟာ ဝိဥာဉ်မဲ့လူသေကောင်တွေနဲ့ ဆက်ဆံ ရတာနဲ့အလားတူကြောင်းကိုလည်း မစ္စတာလီကပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးတော့ တရုတ်အစိုးရဟာ မြန်မာ့စစ်ခေါင်းဆောင်တွေအပေါ်မှာ အခြားနိုင်ငံခြားတိုင်းပြည်များ ထက် အလွန်အမင်းချုပ်ကိုင်လွှမ်းမိုးထားနိုင်ကြောင်းနှင့် တရုတ်အစိုးရဟာ တရုတ်ရင်းနှီးမြုပ်နှံမှု တွေ ဒုက္ခရောက်မှာစိုးတဲ့အတွက် မြန်မာနိုင်ငံဖွံဖြိုးတိုးတက်လာမှာကို မမြင်တွေ့လိုကြောင်းကို မစ္စတာလီက ပြောဆိုခဲ့ကြောင်း အမေရိကန်သံအမတ်ပက်ထရစ်ကာအယ်ဟားဘိုးလ် ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။
အသက်၈၇နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလီဟာ စကာင်္ပူနိုင်ငံရဲ့ဝန်ကြီးချုပ်ရာထူးကို ၁၉၅၉ခုနှစ်ကနေ ၁၉၉၀ထိ သက်တော်ရှည်ဝန်ကြီးရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပြီး သားဖြစ်သူလက်ရှိဝန်ကြီးချုပ် လီရှင်လွန်းရဲ့
အဆင့်မြင့် အကြံပေးတဦးအဖြစ်ဆောင်ရွက်နေဆဲရှိပါတယ်။

ဝါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို့ အစီရင်ခံစာ


ထပ်မံဖြည့်စွက်ပြီး အမေရိကန် ရှိ မြန်မာ အတိုက်အခံ များ ၊ မြန်မာ ရွှေ့ ပြောင်းနေထိုင် သူများ နှင့် ပတ်သက်၍ ၀ါရှင်တန် ရှိ မြန်မာ သံရုံးမှ မြန်မာ နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက် စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့ သတင်းပေး ပို့မှု တစ်ခု မှာ......  
၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို့ မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။



၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။ 
 ၁(ဂ) ဘတ်ဖဲလို၊မြောက် ကာရိုးလိုင်း နား နှင့် ဖို့ ဝိန် တွင် လည်း နိုင်ငံရေး လုပ်သည် ဆိုသူများ အချင်းချင်းစည်း လုံးမှု မရှိကြောင်း နှင့် ဖို့ ဝိန် တွင် ၀ိုင်းစုခိုင်သိန်း တို့ ၏ ဖျော်ဖြေပွဲစဉ်ကို အကြောင်း ပြု၍ သဘောထားကွဲလွဲ မှု များ ရှိနေပြီး ABSDF အဖွဲ့ ဝင် ဟောင်းများ စစ်ဝတ်စုံဝတ်ပြီး အလံတင် တာ ကို အခြား နိုင်ငံရေး သမားများ က သဘောမတူ ဟုဖော်ပြထားသည်။ ထို နေ့ စွဲဖြင့် အခြား ကဏ္ဍတစ်ခု တွင် အမေရိကန် မှာ ရန်ကုန် သို့  ငွေလွှဲဝန်ဆောင်မှု ပေးသူ ဦး++++++ကသံရုံး မိသားစု များ ၏ ကထိန် ပွဲတော် သို့  အလှုငွေ ထည့် ၀င်ကြောင်း နှင့် Spaldingအမျိုးအစား Golf Setကိုလည်း ဦး++++ သံတမန် ရေးရာ ဦးစီးဌာန အတွက် ၀ယ်ပေးကြောင်း ပါရှိသည်။  
၁(ဃ) အမေရိ ကန်နိုင်တွင် ဆူရှိ လုပ်ငန်းများ ဖြင့် စီးပွားရေ အဆင်ပြေနေ သူများ မြန်မာ နိုင်ငံသို့ပြန်ချင်ကြောင်း အချို့  အမေရိကန် မြို့ များ ရှိ မြန်မာ အတိုက် အခံ များ အတွက် သတင်း ယူရန်မဖြစ် နိုင်ကြောင်း(ထိုမြို့ များ ကို အစီရင်ခံ စာတင်ပြီး) ထိုမြို့ များ ရှိ ဆူရှီ လုပ်သူများ မြန်မာနိုင်ငံ သို 
ပြန်ချင် ၍ ဗီဇာ လာလျှောက် လျှင်မည် သည်
့ အကြောင်း ကြောင်း ဖြင့် ၎င်းတို့ ရောက်ရှိ လာသော် လည်း ပေးသင့်ကြောင်း နှင့် ထိုသူများကို သံရုံး က သတင်း အလို့ ငှာ အသုံးချ ၍ ရကြောင်း သံအမတ်ကြီး ကိုယ်တိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သတင်းပေး ပို့ ထားသည်။ နောက်ထပ် တစ်ဆက်တည်းသတင်းပေးမှု တွင် ++++++ ၏ သတင်း ပေးပို့ မှု အရ ညီညီအောင် နှင့် ၀ါဝါကျော်တို့ မင်္ဂလာမဆောင်ရ သေး ဟု ပါရှိသည်။ ထိုနေ့ သတင်းပေးပို့ မှု နှင့် တစ်ဆက် တည်း တွင် ပင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက် James Defense Weekly , Foreign Affairs နှင့် မိသားစု အတွက်Burberry ရေမွေး 75 ML နှစ် ပုလင်း ၊ မျက်နှာကျက် မီးဆိုင်း Dolce and Gabana နှစ်ပုလင်း ၊ PBS ဒီဗီဒီ ၊ စစ်လက်နက်ပစ္စည်းမဂ္ဂဇင်း များ ( ၁၈ အုပ်) ပေး ပို့ သည် ဟု ပါရှိသည်။ 
၁(င) စက်တင်ဘာလ ၂၉ ရက်နေ့ နေ စွဲဖြင့် ပေးပို့ သည့် အစီရင် ခံစာတွင်အမေရိ ကန် နိုင်ငံဆန်ဖရန် စစ္စကို မြို့ မှ မြန်မာ အတိုက် အခံများ ဆန္ဒပြ ပွဲများ နှင့် ဖို့ ဝိန် နှင့် ဘတ်ဖဲလိုး မြို့ ၊ယူတီကာ မြို့ မှ မြန်မာ အတိုက် အခံ တို့ ၏ သတင်းများ မြန်မာ နိုင်ငံပြန်ရန် အတွက် ဗီဇာလာလျှောက်သူ ၁၈ ဦးကို ဗီဇာ ပေး နိုင်ရန် စီစဉ်ပေး ရန် တင်ပြမှု ၊ အမေရိကန် ခြောက်ဦး ဗီဇာ လျှောက်ထားမှု ၊ အမေရိကန် သတင်း စာ တစ်ခု မှ သံအမတ်ကြီးနှင့် တွေ့ ဆုံမေးမြန်းမှု ၊ စသည် တို့ ကို ဖော်ပြထားသည်။ 
၁(စ) အမေရိကန်အစိုး ဧည့် ခံပွဲ တစ်ခု တွင် သံအမတ် ကြီး နှင့် အတွင်းဝန် ၀ါရှင်တန် သို့ သွားရောက်ပုံ ၊ သြစတေးလျှ သံအမတ်ကြီး က မြန်မာ့ ရွေးကောက် ပွဲအား မေး မြန်း ခဲ့ ပုံ တို့ ကို ဖော်ပြထားပြီး စက်တင်ဘာ ၂၉ နေ့ စွဲဖြင့် နောက် တစ်ခု တွင် အမေရိကန် ရှိ ဘုန်းကြီးများ သတင်း ၊ နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး အိမ်ပွဲ စား လုပ်နေ သည့် သတင်းနှင့် သတင်းပေးများ မြို့ တိုင်း တွင် ထားရှိနိုင်ရန် စီစဉ် ထားမှု သီးသန့်  လှို့ ဝှက် အစီရင် ခံစာ နှင့် ဘုန်းတော်ကြီး ဦး ပညာဇောတ ၏ မော်တော်ကား သစ်ပင် ပိကျမှု နှင့် နယူးယောက် တွင် ဘုန်းကြီး ကျောင်း နေရာ ၀ယ်သည့် သတင်း တို့ ပါရှိသည်။ဦးပညာ ဇောတ မော်တော်ကား သစ်ပင်ပိကျမှု တွင် ဘုန်းကြီး အာမခံ မလုပ်ထား ပါက ကားလျှော်ကြေမရ နိုင်ဘဲ ဘုန်းကြီးမော်တော် ကားစီးရတော့ မည် မဟုတ် ဟု ပါရှိသည်။ 
၂. ရွေးကောက်ပွဲ နီးလာပေမယ့် အမေရိကန် က မြန်မာ နိုင်ငံရေး သမားတွေ ဘာမှ မလုပ် နိုင်တဲ့အပြင်ဒေါက်တာ စိန်ဝင်း က နောက်ထပ် ဖွဲ့ တဲ့ အစိုးရ သစ် မှာ ရှုံ့ ချဉ် နှပ်ချဉ် ဖြစ်နေတာကို စက်တင်ဘာ ၂၉နေ့ စွဲ နဲ့  သတင်း မှာဖော်ပြထား ပါတယ်။ ကျန်ရှိ နေသည့် သံရုံး အစီရင် ခံစာ များ ကို ဆက်လက် ဖော်ပြမည် ဖြစ်ပြီး အင်္ဂလန် နိုင် ငံ တကာ အကူအညီပေး ရေး ဧဂျင်စီ နှင့်မြန်မာ အဖွဲ့ အစည်းများ ဆက်သွယ် ထားသော ဖိုင်များ ကို လည်း ဆက်လက် ဖော်ပြပါမည်။