Friday, October 29, 2010

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ


မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။

ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေးထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက်မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင် တဦးကပြောသည်။

၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ မဲဆွယ်မှုအတွင်း အဆိုပါ ပါတီ၏ ပိုစတာတခုကို ဝယ်ယူရန် ကြည့်ရှုနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ - AP)

အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ပြည်သူလူထုကိုယ်တိုင် စိတ်ပါဝင်စားမှု မရှိခြင်းအားပြသခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။

“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး” ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။

မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲသည် ပြောင်းလဲမှု တစုံတရာ ဖြစ်လာမည် ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည်မဟုတ်ဟု ဆေးဝါးသုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။

“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြားပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။

မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDF ပဲရှိတော့ NDF ကိုမဲထည့်မယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်မယ် ဆိုတာ သိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရ NLD ပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှုဖြစ်နိုင်ဖွယ်ရာမရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။

“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘူး။ မြန်မာပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့်စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စားတော့ဘူး” ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။

“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDF ဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။ ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။

အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင်အမျိုးသမီးတဦးက ပြောသည်။

“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင်စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ်ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ်မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်းမ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ ကိုယ့်စီးပွားရေးအတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။

လက်ရှိ ကြံ့ဖွံ့ပါတီသည် ပါတီဝင် အင်အား ၁၆ သန်းမှ ၁၈ သန်းကြားတွင်ရှိသည်ဟု ထုတ်ပြန်ထားပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံ သည့် မဲဆန္ဒများကိုလည်း နည်းလမ်းမျိုးစုံအသုံးပြု ရယူနေသော်လည်း အမှန်တကယ်တွင်မူ ရွေးကောက်ပွဲကို စိတ်ပါ ၀င်စားသည့် လူထု နည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောနေစဉ် (ဓာတ်ပုံ - Reuters)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoI ဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်” ဟု ယမန်နေ့က ပြောဆိုသည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဟောပြောစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“မကြာခင်မှာပဲ အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျမတို့ သိသလောက်ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲဆိုတာထက် အများကြီး ပိုပါတယ်။ မြန်မာ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ မူဝါဒဟောင်းကြီးတွေကနေ လမ်းခွဲထွက်ရမယ်လို့ ကျမ ပြောချင်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေးတွင်လည်း မစ္စ ကလင်တန်က အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် မြန်မာ့အရေးကို ဆွေးနွေးမည်ဟု သိရှိရသည်။

အာဆီယံ အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့ပြီး ယခုလ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းပြောဆိုချက်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လေက စစ်အစိုးရ၏ ယင်းလုပ်ရပ်သည် သူရဲဘောကြောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားလိုက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။

ယမန်နေ့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီလွှတ်ပေးရန် ဦးဉာဏ်ဝင်းကို ဖိအားပေးပြောဆိုကြကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ကဆစ်ပီရုမ်းက The Nation သတင်းစာသို့ ပြောဆိုထားသည်။

ယင်းသို့ ဖိအားပေးပြောဆိုသည့် အပေါ်တွင်လည်း ဦးဉာဏ်ဝင်းက တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စဝမ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဆက်လက် ဖမ်းဆီးထားရန်အကြောင်း မရှိကြောင်း ပြောသည်ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။

“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

U-Win-Htein

ဦးဝင်းထိန်
အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

NCUB မှ တော်လှန်ရေးပါလီမန်အား အတည်ပြုသည့် အစည်းအဝေးပြုလုပ်မည

လာမည့် နိုဝင်ဘာလ (၄-၅) ရက်နေ့တွင် တော်လှန်ရေးပါလီမန် တခုကို ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသတွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ယင်းပါလီမန်တွင် KNU၊ MNSP၊ KNPP၊ NUCB၊ NUGUB နှင့် MPU တို့မှပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NCUB မှ ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။

ယခုအစီအစဉ်သည် ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် NLD မှ ခေါင်းဆောင်များပြုလုပ်မည့် ဒုတိယပင်လုံညီလာခံခေါ်ယူရေးအား တကမ္ဘာလုံးရှိ မြန်မာ့ဒီမိုကရေစီးလှုပ်ရှားသူများ အဖွဲ့အစည်း များမှ ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြန်ချိန်နှင့်လည်း တိုက်ဆိုက်နေသည်။

တော်လှန်ရေးပါလီမန်ဖွဲ့စည်းမည့် အစီအစဉ်နှင့်ပက်သက်၍ NCGUB မှ ၀န်ထမ်းက အောက်ပါအတိုင်း ဆက်လက်ပြောပြသည်။
“ဒေါက်တာ စိန်ဝင်း က (၇) ရက်နေ့  မတိုင်ခင် ပါလီမန်ဖွဲ့ မယ်ဆိုတာကို သဘောမတူဘူး။ ဒေါက် တာစိန်ဝင်း သဘောမတူပေမဲ့ ဦးမောင်မောင်တို့ က စွတ်လုပ်လိမ့် မယ်။ အမတ်တွေ ထဲ က ဦးမောင်မောင်အေး(Australia) ကလည်း သဘော မတူဘူး”

NCGUB နှင့် NCUB တို့မှ ဦးဆောင်ဖွဲ့စည်းမည့် တော်လှန်ရေးပါလီမန်တစ်ရပ်ကနေ အသွင်သစ်နှင့်ပေါ်ပေါက်မည့် ကြားဖြတ်အစိုးရတစ်ရပ်ဖြစ်ကြောင်လည်း သိရှိရသည်။ ယင်းသို့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပက်သက်၍ ယနေ့အချိန်ထိ နိုင်ငံအသိုင်းအ၀ိုင်းကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ပြည်ပမှာ အဝေးရောက်အစိုးရ (NCGUB) ရှိနေတာကို ဘာ့ကြောင့် ထပ်ဖွဲ့ရတာလဲ၊ ဒါက မဖြစ်သင့်တင့်ကိစ္စပဲ။ ဒုတိယပင်လုံညီလာခံကိုသူများတွေ ထောက်ခံနေတဲ့အချိန်မှာ NCUB လုပ်ရပ်ကမှားတယ်၊ ဒါလုပ်စားဖို့ စတန့်ထွင်တာပဲ” ဟု အမေရိကန်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးမှ ထင်မြင်ချက်ပေးသည်။

ထို့အပြင် ပြည်ပအခြေစိုက်ကြားဖြတ်အစိုးရဖွဲ့စည်းမှု မဖြစ်သင့်ကြောင်းကိုလည်း NLD အတွင်ရေးမှုး ဦးဝင်းတင်ထောင်မှ လွှတ်ခါစတွင်ပြောခဲ့ဘူးကြောင်းလည်းသိရသည်။

ယင်းအစိုးသစ်တွင် ၉၀-ခုနှစ် လွှတ်တော်အမတ်များဖြစ်သည့် ဦးဘိုသောင်း၊ ဦးခွန်မြင့်ထွန်း၊ ဦးလှဦးအပါအ၀င် အမတ်တချို့ အစိုးရအဖွဲ့တွင် ပါဝင်မည်ဖြစ်သည်သော်လည်း DAB မှ ခေါင်းဆောင်တချို့ က တော်လှန်ရေးပါလီမန်ဖွဲ့လျှင့် ကန့်ကွက်မည်ဖြစ်ကြောင်းသိရသည်။

ပြည်ပရှိ ဒီမိုကရေစီးလှုပ်ရှားနေသည့် အဖွဲ့အစည်းများကြားတွင် ဦးမောင်မောင်အား အာဏာရှုးသူ၊ ငွေဖြင့်တော်လှန်ရေးအား ၀ယ်ယူနေသူဟု အထူးနာမည်ကြီးသူဖြစ်ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပက်သက်၍ NCUB မှ ၀န်ထမ်းတစ်ဦးကပြောပြရာတွင်-
“ကိုခွန်မြင့်ထွန်း က အရင် က လူကောင်းပေမဲ့ စားဝတ်နေရေး ပြတ်တောက်နေတဲ့ အပေါ် ဦးမောင်မောင် ငွေပုံပေးပြီးစည်းရုံး လိုက်ပုံပဲ” ဟု ၄င်းရဲ့ ထင်မြင်ချက်အားပေးသည်။

မြန်မာနိုင်ငံဒီမိုရက်တစ်အင်အားစု (FDB) မှ ယခုလ ၂၈-ရက်နေ့ နေ့စွဲဖြင့် ဒုတိယပင်လုံ ညီလာခံအားထောက်ခံကြောင်း ၄င်းတို့သဘောထားအား ထုတ်ပြန်ခဲ့သည်။

သို့သော် NLD LA ၊ NCUB နှင့် NCGUB တို့မှ ဒုတိယပင်လုံညီလာခံနှင့် ပက်သက်၍ မည်သည့် ကြော်ငြာချက်၊ သဘောထားအား ယနေ့အချိန်ထိ မတွေ့ရသေးပါ။

တော်လှန်ရေးပါလီမန် အတည်ပြုမည့်အစည်းအဝေးအား ယခုလ ၃၀-၃၁ ရက်နေ့ ထိုင်းနိုင်ငံ မဲ့ဆောက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကန့်ကွက်သူများရှိသောကြောင့် နိုဝင်ဘာ ၄-၅ ရက်နေ့သို့ရွှေ့ ဆိုင်းရကြောင်း သိရသည်။

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ၏ အနာဂတ်အပေါ် စာရေးဆရာ အောင်သင်း အမြင်

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦး အောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟော ပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ်ထောက်လာ သည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များ ကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာ ရေးဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူး သဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေး မြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ်အခြေအနေအရ ရပ်ဝေး မြေခြားမှာ သွားပြီးတော့ စီးပွားရှာကြတယ်။ ဘ၀ကိုတည်ဆောက်ကြတယ် ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက် ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။
တေဇရဲ့ AirBagan ရုံးရှေ့ကိုတော့လျှက်တစ်ပြက် သွားရောက် ဆန္ဒပြခဲ့ကြတာပါ..။
ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြခဲ့ပါတယ်..။
တေဇရဲ့ Air Bagan ကိုသပိတ်မှောက်ဖို့ လှုံဆော်တဲ့ ကမ်ပိန်းကို ချင်းမိုင် ရှိလူစည်ကားရာ ဘတ်(စ်)ကားဂိတ်များနဲ့ ဈေးများ နိုင်ငံခြားသားတွေ အများဆုံးရှိတဲ့ နေရာများ ခရီးသွားလုပ်ငန်းတွေ ရှိရာနေရာများ မှာ လိုက်လံဝေငှခဲ့ပြီး.. ("Hey, Hey! No, No! Air Bagan has got to go!") ဒီလို Sologans တွေ တိုင်ခဲ့ပါတယ်..။
boycott of the upcoming election in Burma 'Real Election, not a Military
Selection'.
ချင်းမိုင်ရှိ တေဇပိုင် Air Bagan ရုံးရှေ့မှာ ဆန္ဒပြနေတဲ့ နိုင်ငံတကာမှ မြန်မာ့အရေးထောက်ခံသူ နိုင်ငံခြားသားများ


ဆန္ဒပြပွဲ ပြုလုပ်ချိန်မှာ Air Bagan ဝန်ထမ်းတွေ တံခါးတွေ မီးတွေ ပိတ်ပြီး အထဲမှာကုပ်နေပါတယ်..။


တေဇရဲ့ဒီ Air Bagan ရုံးဟာ ချင်းမိုင်မှာ ဒီနှစ်နှစ်စပိုင်းမှာ ဖွင့်ခဲ့ပြီး တပတ်ကို နှစ်ကြိမ် ချင်းမိုင်နဲ့ ရန်ကုန်ကို ပျံသန်း ပြေးဆွဲနေပါတယ်..။

ဒီပွဲကို ဦးဆောင် ကျင်းပခဲ့သူကတော့ မြန်မာဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လှုပ်ရှားနေတဲ့ အမေရိကန်နိုင်ငံသား Mr.Garrett Kostin ဖြစ်ပြီး ချင်းမိုင်မှာ မြန်မာလူမျိုးများအတွက် မိတ်ဆွေကောင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပြီး.. ဦးစီးဦးဆောင် ပြုနေသူဖြစ်ပါတယ်...။ Mr.Garrettဟာ ယခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံအတွင်း မြို့နယ် ၁၅ခု၌ွ်မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ(Peace In Burma Now) ငြိမ်းချမ်းရေး စတစ်ကာကပ်မှုကြောင့် ငြိမ်းချမ်းရေးကို မလိုလားတဲ့ မြန်မာစစ်အာဏာပိုင်များမှ မေလ(၃)ရက်နေ့မှာ ပြည်ဝင်ခွင့် ဗီဇာမပြည့်မှီ ထိုင်းနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်...။

မြန်မာပြည် ငြိမ်းချမ်းရေးလိုလားတဲ့ Mr.Garrett ရဲ့ ယခုနှစ် ဧပြီလအတွင်းက မြန်မာပြည်တွင်း မှာပြုလုပ်ခဲ့တဲ့ စတစ်ကာ ကမ်ပိန်းအကြောင်း ပြန်ဖတ်ချင်ရင်..
အမေရိကန်နိုင်ငံသား Mr.Garrett Kostinရဲ့မြန်မာပြည်တွင်းမှ ငြိမ်းချမ်းရေး စတစ်ကာများ
မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာတွေ ကပ်ခဲ့တဲ့ Mr. Garrett နဲ့အင်တာဗျုး (ပထမပိုင်း)..
မြန်မာပြည်တွင်း၌ ငြိမ်းချမ်းရေးစတစ်ကာ ကပ်ခဲ့သူ Mr.Garette နှင့် အင်တာဗျူး( အပိုင်း ၂ ) ...

Mr.Garrett ရဲ့ ယနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲအကြောင်း အင်္ဂလိပ်လို အပြည့်အစုံ အောက်မှာ ဖတ်ရှုနိုင်ပါသည်..။

*'Boycott Air Bagan' Campaign Launched in Chiang Mai*

Today a group of Burmese and international activists with a concern for the people of Burma launched a campaign in Chiang Mai, Thailand, calling for a complete boycott of Air Bagan, a Burmese airline with close ties to the Burmese military regime, as well as other businesses that support and sustain the military dictatorship in Burma.

A protest demonstration was conducted in front of Air Bagan's Chiang Mai office early in the afternoon. Almost immediately after the protest began, the staff of Air Bagan locked the front door and shut off their lights. The office remained closed for the rest of the day.

Air Bagan opened its office in Chiang Mai earlier this year, and has been running twice-weekly direct flights from Chiang Mai to Rangoon. Chiang Mai is a key part of Air Bagan's plan to increase its international market share after failed attempts to sustain international routes to and from Singapore and Bangkok.

The group also took today as an opportunity to add their voices to those calling for a boycott of the upcoming election in Burma. They displayed posters from Burma Partnership calling for a 'Real Election, not a Military Selection'. In speeches and interviews with the media, representatives urged all citizens of Burma to protest this mockery of democracy in any way they are able.

The protest action began at The Best Friend Library with a small press conference with several members of the Burmese exile media. The Irrawaddy, Burma News International, Mizzima, and DVB all sent reporters to cover the event, as did a Thai media outlet.

Next, the group travelled to the Air Bagan office on Chang Klan Road in Chiang Mai. They distributed informational brochures in English and Thai to expose the truth about Air Bagan and its owner, Tay Za, a disreputable Burmese tycoon. Among other ties, Tay Za has worked as a broker for the Burmese military in their quest to acquire more advanced military aircraft and weapons.

After blowing whistles, distributing information, reading a statement, and chanting slogans ("Hey, Hey! No, No! Air Bagan has got to go!") for approximately 45 minutes, the group headed down Chang Klan Road to Loi Kroh Road, a busy street with many foreigners and tourist information centers, all the while passing out brochures and carrying posters of Aung San Suu Kyi.

The group has plans to continue their "Boycott Air Bagan" campaign by continuing to distribute information to Thai travel agencies and tour operators in Chiang Mai, along with Thai-language versions of “Forbidden Glimpses of Shan State”, a report produced by Shan Women’s Action Network (SWAN) about the adverse effects of state-sponsored tourism in Shan State.

Future actions will also focus on distributing information to tourists at Chiang Mai's busy bus station and Night Bazaar. The group also has plans to conduct more surprise demonstrations at the Air Bagan office in Chiang Mai.

The group, many of whom are members of The Best Friend Library, strongly encourage travel and tour agencies in Thailand to be more informed and selective about companies they partner with in Burma. They also ask all potential visitors to Burma to make informed and compassionate travel choices, as well as to seek out alternatives to traveling with Air Bagan.

The group calls on all people and governments concerned with ending human rights abuses to end all financial dealings with Air Bagan and other businesses owned by Tay Za.
--
Garrett Kostin
The Best Friend Library – Chiang Mai
www.thebestfriend.org

လူထုအုံကြွမှုနဲ့အတူ ဒုတိယပင်လုံညီလာခံကိုဝန်းရံကြ

လူထုအုံကြွမှုနဲ့အတူ ဒုတိယပင်လုံညီလာခံကိုဝန်းရံကြ

ဒုတိယပင်လုံညီလာခံကို ၀န်းရံကြဖို့၊ ထောက်ခံကြဖို့အတွက် ပြည်တွင်းပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း၊ တဦးချင်းသော်လည်းကောင်း အသိတရားရှိရှိလုပ်နေကြပြီ။

ဘလော့ဂ်တွေမှာ၊ အီးမေးအုပ်စုတွေမှာ ရေးနေကြပြီ။ ထောက်ခံကြောင်းပြောနေကြပြီ။ သူတို့ ဘာ့ကြောင့်ထောက်ခံလဲဆိုတော့ ရပ်တည်ချက်မှန်တယ်၊ နိုင်ငံရေးအကျပ်အတည်းကို ဒီနည်းလမ်းနဲ့သွေးထွက်သံယိုမှုမရှိ၊ အေးအေးချမ်းချမ်းဖြေရှင်းနိုင်တယ် ယူဆလို့ထောက်ခံကြတယ်။ ထောက်ခံတဲ့သူတွေ ဘယ်သူတွေရှိလဲဆိုတာကို နိုင်ငံရေးလေ့လာသူတိုင်း တွေ့နိုင်တယ်။

ဒီနေရာမှာ ထိုင်းအခြေစိုက်အတိုက်အခံတွေဖြစ်တဲ့ NCUB မှာ ပါတဲ့ အဖွဲ့အစည်းတွေရဲ့ ကြေငြာချက်ကို မတွေ့သေးဘူး။ ကျနော့် လေ့လာမှုအားနည်းတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလောက်အရေးကြီးတဲ့အချိန်မှာ အချိန်တိုတိုအတွင်းမှာ လုပ်စရာရှိတာ၊ လုပ်နိုင်တာကို ဘာ့ကြောင့်မလုပ်ကြလဲမသိဘူး။ အစည်းအဝေးထိုင်ရအုံးမလားမသိဘူး။

ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် အဓိကအတိုက်အခံဟာ အဓိကကြတဲ့အလုပ်ကို ဦးစားပေးလုပ်သင့်တာကို မလုပ်လို့ပြောနေတာဖြစ်တယ်။

ဒီနေ့မှာ လူထုနားထဲ၊ ခေါင်းထဲမှာ လုပ်ရမဲ့အလုပ်တွေပြတ်ပြတ်သားမြင်ဖို့၊ ကြားဖို့ လုပ်ရမယ်လို့မြင်တယ်။ ဆိုလိုတာက ကျနော်တို့အပြင်ကလူတွေဟာ လူထုကို ဆော်အောပေးတဲ့အဆင့်လောက်ပဲ အော်နိုင်တယ်။ နောက်ပိုင်း အထဲကကိုယ့်လူတွေကို ငွေပေးပြီး သတင်းနဲ့ စာရွက် ဝေတာလောက်ပဲခိုင်းနိုင်တယ်လို့ ယူဆတယ်။

ဆိုတော့ ကျနော်တို့အပြင်က လူတွေဟာ ကိုယ့်အလုပ်ကို လုပ်ရပါတော့မယ်။

ဒီနေရာမှာ အပြင်ကကျနော်တို့အသံကို ပြတ်ပြတ်သားသားပြောဖို့လိုနေပြီ။ ကျနော့်အမြင်ကတော့ လူထုကို တခုပဲလောက်ပဲပြတ်ပြတ်သားသားပေးစေချင်တယ်။ အခုထွက်နေတဲ့အသံတွေက သုံးလေးခုဖြစ်နေပြီ။

၁) မဲမပေးတာလည်း အခွင့်အရေးတဲ့ (မဲမပေးနဲ့ပေါ့)
၂) လူထုတိုက်ပွဲ၊ အုံကြွမှုဖြစ်ရေး
၃) ဒုတိယပင်လုံညီလာခံကိစ္စထောက်ခံရေး
၎) ဒီမိုကရက်တစ်အင်အားစု (ရွေးကောက်ပွဲဝင်မဲ့ပါတီတွေ) ကိုမဲပေးပါ။

အခုလိုပြောနေရင် ကျနော်တို့ လူထုကဘာလုပ်ရမှန်းမသိဘဲ ခေါင်းရှုပ်သွားနိုင်တယ်။ တစ်ဘက်က ခေါင်းမရှုပ်ပဲ ကိုယ်လုပ်ရမဲ့အလုပ်ကိုလည်း သူတို့ သိနိုင်တယ်လို့လည်း ထင်မိတယ်။

နောက်ဆုံးအနေနဲ့...

အခုကျနော်တို့ ဘာမက်ဆေ့ခ်ျကို လူထုကိုပေးမှာလဲ။ ယနေ့ကာလမှ ဘာဖြစ်သင့်တာလဲ။ တခုပဲ ပြတ်ပြတ်သားသားပြောပါ။ အချိန်ကနီးနေပြီ။

ကျနော့်အမြင်တော့ လူထုအုံကြွမှုနဲ့အတူ ဒုတိယပင်လုံညီလာခံဖြစ်ပေါ်လာရေးပဲ။

ဒီနှစ်ခုကိုပေါင်းလို့ရနိုင်တယ်။ ဒုတိယပင်လုံညီလာခံကိုထောက်ခံပြီး၊ တချိန်တည်းမှာ လူထုအုံကြွမှုဖြစ်ပေါ်လာရင် နအဖဟာ ဘယ်ကိုပြေးရမှန်းတောင်သိမှာ မဟုတ်တော့ဘူး။

ပြတ်သားတဲ့ မက်ဆေ့ခ်ျပေးပါ။ ခေါင်းဆောင်တွေ၊ အဓိကအတိုက်အခံအဖွဲ့စည်းကြီးတွေ အသံတခုကို ညီညီညာညာထွက်ဖို့အချိန်တန်ပါပြီ။

အထဲက အတိုက်အခံအင်အားစုအနေနဲ့ လူထုအုံကြွမှုဖြစ်ပေါ်လာရေးအသံကို မကြားမိသေးဘူး။ ဘုန်းကြီးတွေ လမ်းပေါ်ထွက်တုန်းက ဘယ်သူလုပ်လို့ထွက်တာလဲ ဆိုတာကိုသေချာသုံးသပ်ရင် သိနိုင်ပါတယ်။ NLD နဲ့ အပစ်ရပ်အဖွဲ့တွေလုပ်တာမဟုတ်ပါဘူး။ လူထုက မခံနိုင်လို့ ထချခဲ့တာပါ။ လူထုအုံကြွမှုကို လူထုကပဲ ဦးဆောင်ပေးပါတယ်။

ဘာဘဲဖြစ်ဖြစ် အပြင်ကအတိုက်အခံအင်အားစုက ကိုယ့်လုပ်သင့်တဲ့အလုပ်ကို လုပ်ရပါ့မယ်။ ဒါကတော့ အထက်ကပြောသလို ဒုတိယပင်လုံညီလာခံဖြစ်ရေးနဲ့ လူထုဒေါသတွေထွက်လာအောင် ဆွပေးဖို့ပဲဖြစ်တယ်။

"၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ အား နယူးယောက်မြို့တွင် ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြ"

အောက်တိုဘာလ ၂၉ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် နယူးယောက်မြို့ရှိ ဒီမိုကရေစီ အင်အားစုများသာမက ယူတီကာ ၊ ဘားဖလိုး ၊ နောက် ကယ်လိုရိုင်းနား ၊ ဖို့ဝိန်း ၊ အယ်ဘာနီ ၊ ဘာတီမိုး ၊မေရီလန်း နှင့် ၀ါရှင်တန်ဒီစီ စသောပြည်နယ်များမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ စုစုပေါင်း ၁၀၀ ၀င်းကျင် ခန့် ရောက်ရှိစုဝေးခဲ့ကြပြီး ၊ လာမည့် နိုဝင်ဘာလ ( ၇ ) ရက်နေ့တွင်ကျင်းပမည့် နအဖ ၏အတုအယောင်ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည် ။ ထို့အပြင် စစ်အာဏာရှင်တို့၏ အတင်းအဓ္ဓမ တဖက်သတ် လုပ်ဆောင်နေသည့် လွတ်လပ်မျှတ မှုမရှိသော ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်းကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာမှအသိအမှတ်မပြုကြရန်နှင့် တောင်းဆိုချက်များဖြစ်သော (1)နိုဝင်ဘာလ ( ၁၃ ) ရက်နေ့တွင် လွတ်ရက်စေ့မည်ဖြစ်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ခြင်း လွတ်ပေးရန် (2)ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်အား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန် ၊ (3)ကုလသမဂ္ဂမှ ကြီးမှူးကျင်းပပြီး နအဖ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော် အရေးယူဆောင်ရွက်ပေးရန် တို့အား တောင်းဆိုခဲ့ကြသည် ။

အဆိုပါအခန်းအနားကို နေ့လည် ၁ နာရီတွင်စတင်၍ ၃ နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည် ။

“ညီညွတ်ရေး အရေးကြီးတယ်”

စစ်အာဏာပိုင်တွေ ဖမ်းဆီးခံရမယ့် အန္တရာယ်က တိမ်းရှောင်နေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ကိုစိုးထွန်း ကိုယ်တိုင် ဧရာဝတီကို ပေးပို့လာတဲ့ သူ့ရဲ့အသံဖိုင်ကို ဖော်ပြလိုက်ပါတယ်။

ဒီ အသံဖိုင်ဟာ နိုဝင်ဘာ ၇ ရက်မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး ဦးဆောင်သူတွေ အပါအ၀င် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ကိုစိုးထွန်း ရဲ့ ပြောကြားချက် မှတ်တမ်း အသံဖိုင် ဖြစ်ပါတယ်။

ကိုစိုးထွန်းဟာ ၂၀၀၇ ခုနှစ်ကတည်း တိမ်းရှောင်နေခဲ့ရပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဒီမိုကရေစီ အရေးတော်ပုံကာလ အခြေခံပညာ ကျောင်းသား(အကသ) လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ရန်ကုန်မြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ကိုစိုးထွန်း ဟာ တိမ်းရှောင်နေရင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာပဲဖြစဖြစ် အစိုးရက လုပ်တော့မှာပေါ့ဗျာ။ တိုင်းပြည်နဲ့လူမျိုး တိုးတက်ရေး အတွက် စိတ်မကောင်းဖြစ်ရတာတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ၂၀၀၇ စက်တင်ဘာမှာ သံဃာတော် တွေရဲ့ မြင့်မြတ်တဲ့ မေတ္တာပို့ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ပဲလို့ပဲ ကျနော် ယုံ ကြည်တယ်။ နအဖ အစိုးရလည်း အဲဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာကိုလည်း အပြသဘောပဲ ဖြစ်တယ်ပေါ့ဗျာ။

ဒါ ၂၀၁၀ ရွေးကောက်ပွဲအတိုင်း သူလုပ်နေပါပြီ။ Road Map အတိုင်း သူသွားနေတယ်။ သူ့လမ်းစဉ်အတိုင်း သူသွား နေတယ်ဆိုတာ လုပ်ပြ တာပဲဖြစ်တယ်ပေါ့လေ။ အမှန်တော့ သူ ချက်ချင်းမြန်မြန်ဆန်ဆန် လုပ်ချင်မှလုပ်မှာ မလုပ်ချင် ဘူးပေါ့နော်။ သူဟာ တဖြည်းဖြည်းနဲ့ NLD(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ကို အမှည့်ခြွေ ခြွေပြီးတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစု တွေကို အားနည်းသွားအောင်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အချိန်ဆွဲနေ သေးတာကိုး။ အဲဒီတုန်းက။ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု ကြောင့်သာ Road Map ကို မြန်မြန်ဆန်ဆန် သူလုပ်ပြရတယ်။

၂၀၁၀ ရွေးကောက်ပွဲလည်း သူ ရေရှည် အာဏာယူထားဖို့ မဟုတ်ပါဘူး ဆိုတဲ့အကြောင်းကို သူသက်သေပြတဲ့အနေနဲ့ လုပ်တာပေါ့နော်။ ဒါပေမယ့်လည်း ဒီ ၂၀၁၀ မှာလည်း သူ့အာဏာကို လက်မလွှတ်ချင်တော့ သူနည်းမျိုးစုံနဲ့ မတရား မှု မျိုးစုံနဲ့ ဒါအနိုင်ယူဖို့ လုပ်နေတာလည်း ဒါခင်ဗျားတို့ ကျနော်တို့ အကုန်အသိပဲ။ အဖြေကတော့ ရှင်းနေတာပေါ့ဗျာ။ ၂၀၁၀ မှာ သူပဲအားလုံး အာဏာရသွားမယ်။ ကြံ့ဖွံ့ပါတီပဲ အများဆုံး အာဏာရအောင် လုပ်သွားမယ်။ ကျနော်တို့ဘက်ကတော့ ရဖို့သိပ်မလွယ်ပါဘူး။ ကျနော်တို့ဝင်ရောက်ပြီး ယှဉ်ပြိုင်တဲ့ ဒီပါတီတွေအနေနဲ့ သိပ်ပြီးတော့မှ Percentage (ရာခိုင်နှုန်း)အရဆို ၂၀ ရာခိုင်နှုန်းလောက် ရဖို့တောင် တော်တော် ကြိုးစားယူရမယ့် အနေအထားရှိ တယ် ပေါ့လေ။
ဒီမိုကရေစီ အင်အားစုတွေက ၂၀၁၀ နအဖရဲ့ ဟန်ပြလုပ်တဲ့ ဒီရွေးကောက်ပွဲမှာ ညီညွတ်မှုတွေ တစုံတရာ ပြိုကွဲမယ့် အရေးကို ကျနော်စိုးရိမ်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေက အသက်သွေးချွေး ပေးဆပ်ပြီးတော့၊ ရဟန်းရှင်လူ ပြည်သူအသက်သွေးချွေး ပေးဆပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒီအကျိုးရလဒ်ဟာ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အဆင့်မြင့်သွားတဲ့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲတော်လှန်ရေးမှာ တဆင့်တက်သွားတဲ့ အနေအထားပဲ ဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် အခုဟာက ကျနော်တို့က ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲကနေ အဆိုးထဲက အကောင်း ဆိုတာ သိပ်မတွေ့နိုင်ဘူးပေါ့နော်။

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကတော့ နည်းနည်း အကောင်း အပြုသဘောအနေနဲ့ မြင်တယ်။ အဆိုးထဲက အကောင်း လို့တော့ မြင်တယ်လို့တော့ ပြောတာပေါ့။ ဒါတွေလည်း ကျနော်တို့က ဝိဝါဒကွဲပြားပြီး ငြင်းခုန် နေရတာ လည်း ဒါ တချိန်ကျရင်တော့ သမိုင်းက သက်သေပြမှာပေါ့။ လူထုက သမိုင်းကို ဖန်တီးတယ်ဆိုတဲ့ စကားလည်း ရှိတာကိုး။

အခု ရွေးကောက်ပွဲဝင်တဲ့ တိုင်းရင်းသားပါတီ အပါအဝင် ရွေးကောက်ပွဲဝင်ပြီးတော့ ပြိုင်ကြတဲ့ ပုဂ္ဂိုလ်တွေကလည်း အရဲစွန့်ရတဲ့ လှုပ်ရှားမှုပဲလေ။ နအဖက ဖမ်းဆီးနှိပ်စက် ထောင်ချတယ်ဆိုတာ အတိုက်အခံအားလုံးကို ဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူး။ သူ့တပ်ထဲက သူ့ရဲ့ စစ်ဗိုလ်တွေကိုတောင်မှ လိုအပ်လာရင် ဖြုတ်ထုတ်ရှင်း လုပ်သေးတာကိုး။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကလည်း တော်တော် အရဲစွန့်ရတဲ့ သဘောရှိနေတာပေါ့နော်။ ဒီအပေါ်မှာ အကျိုးကို မျှော်ကိုးပြီးဝင်တဲ့ ပါတီတွေကတော့ ကျနော်တို့ မပြောလိုဘူးပေါ့။ အဲဒီတော့ ပြည်သူ့အတွက် အကျိုးကို လိုလားတဲ့ပါတီတွေ၊ ပုဂ္ဂိုလ်တွေကတော့ နအဖ အစိုးရအောက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ရတာပဲ။ ဒါလည်း ကျနော်တို့နဲ့ ထူးမခြာနား လှုပ်ရှားရတဲ့ စွန့်စားမှုတွေပါပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့ သူတို့ကိုလည်း တစုံတရာ လေးစားမှုထားဖို့တော့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေရော အခု ရွေးကောက်ပွဲမှာဝင်မယ့် ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေကို နားလည်ပါတယ်လို့ ကျနော်ပြောတယ်။ အဲဒီတော့ ကျနော်တို့ ဒီလိုပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်ပါတီဖြစ်တဲ့ အနိုင်ရပါတီဖြစ်တဲ့ NLD ကိုလည်း ကျနော်က တစုံ တရာ နားလည်ပေးစေချင်တယ်ပေါ့ဗျာ။

အခုလက်တွေ့မှာ ပြနေတာကလည်း လက်ရှိ ရွေးကောက်ပွဲဝင်မယ့် သူတွေဟာ NLD ခေါင်းဆောင်မှုကိုတောင်မှ တစုံ တရာ ယုံကြည်မှုနည်းလို့ သူတို့လည်းမဖြစ်မနေ ပါဝင်ဆောင်ရွက်ပြီးတော့ လုပ်ကြရတော့မယ်။ တိုင်းရင်းသားဆို လည်း တိုင်းရင်းသားအရေးကို ကိုယ်ရသလောက် ကိုယ့်နယ်မြေဒေသကို ရနိုင်သလောက် စိုးမိုး၊ ကိုယ့်ဒေသ စီးပွား ရေး ကို တတ်နိုင်သလောက် ဖော်ဆောင်ဖို့အတွက် ယုံကြည်ချက်တွေနဲ့ ဝင်ကြရတဲ့ အနေအထားဖြစ်တော့ NLD ကိုယ်တိုင်လည်း ဒါကို လက်ခံရမယ့်အနေအထား ရှိလာပြီပေါ့လေ။

အဲဒါကြောင့်လည်း NLD က အနှစ် ၂၀ ကာလမှာ သူထိထိရောက်ရောက် ဦးဆောင်မှုမပေးနိုင်တဲ့အပေါ်မှာ တောင်းပန် မှုလည်း လုပ်ခဲ့ပြီးပေါ့ဗျာ။ အဲဒီတော့ သမိုင်းက ဆုံးဖြတ်ပေးမှာကတော့ လူထုက ဒီ NLD က မူအရပေါ့နော်၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်မခံနိုင်ဘူး။ ရွေးကောက်ပွဲ ဥပဒေကို မတရားလို့ လက်မခံနိုင်ဘူးဆိုတဲ့ မူအရ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်၊ လူထုကိုလည်း သပိတ်မှောက်ပါလို့ ပြောတယ်။ ဒါပေမယ့် လူထုရဲ့ အခြေအနေကလည်း စိတ် မကောင်းစရာက ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကနေ အမြတ်ရအောင်လုပ်ကြရမှာ လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု၊ နိုင်ငံရေးနိုးကြားမှုတွေက တော်တော်ကြီးကို အားနည်း ကျဆင်းနေတာရှိတယ်။ အားလုံးသိတဲ့ အတိုင်း စားဝတ်နေ ရေး ကြောင့် ဒုက္ခရောက်နေကြတာရှိတယ်။ အဲဒီလိုပဲ သပိတ်မှောက်ပါလို့ NLD က ဘယ်လောက် လုပ်နိုင်လဲပေါ့နော်၊ လူထုက ဘယ်လောက် သူ့အပေါ်ယုံကြည်မလဲ ဘယ်လောက် ထိထိရောက်ရောက် ဦးဆောင်နိုင်မလဲဆိုတဲ့ ကိစ္စမှာ လည်း လူထုက ဆုံးဖြတ်ပေးမှာပဲလို့ ကျနော်မြင်တယ်။

ဒါပေမယ့် ကျနော်တို့က မျှော်လင့်ရမှာက ၂၀၁၀ ရွေးကောက်ပွဲ အပြီးပေါ့နော်။ အပြီးမှာ ကျနော်တို့ မြှင့်တဲ့ စိတ်ထား တွေနဲ့ တကယ့်ကို ကျနော်တို့ အမြင်ကျယ်ကျယ်နဲ့ လှမ်းရမယ့် ခြေလှမ်းကတော့ အားလုံး အရေးအကြီးဆုံးကတော့ ညီညွတ်ရေး အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ညီညွတ်ရေး တည်ဆောက်ကြမယ်။ NLD အနေနဲ့လည်း ပြောခဲ့ တာရှိတာပေါ့ဗျာ။ အခု ဦးဝင်းတင်ပြောတာလည်း ဒါ ကျနော်တို့ တကယ့်ကိုအားရပါတယ်။ သူ ရွေးကောက်ပွဲ အပြီးမှာ လည်း ကျနော်တို့ အင်အားစုတွေ အားလုံးဟာ တစုတစည်းတည်း ညီညီညွတ်ညွတ် ဆက်လက်ပြီးတော့ တိုင်းပြည် အရေးကို လုပ်သွားကြမယ်။ NLDကလည်း အဲဒီနေရာမှာ ဦးဆောင်မှု အခန်းကဏ္ဍလို့တောင် သူမပြောဘူးပေါ့လေ။ အားလုံးပေါင်းစည်းပြီးတော့ တပ်ပေါင်းစုအနေနဲ့၊ အင်အားတရပ်အနေနဲ့ ဆက်သွားမယ် ဒါတွေက အရမ်းအားကောင်း တယ်။ ဒီလိုပဲဖြစ်သင့်တယ်။ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ အလကား ဖြစ်လာတာ မဟုတ်ဘူး။ သံဃာတော်တွေ သွေးမြေကျပြီးတော့မှ ပေးဆပ်ခဲ့ရတဲ့ ရွေးကောက်ပွဲဆိုတာကို နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး ဟာ သတိကြီးကြီးထားပြီးတော့ တိုင်းပြည်အတွက် အကျိုးစီးပွား တကယ့်ကို ဖြစ်ထွန်းနိုင်မယ့် အနေအထားမျိုးကို လှမ်းနိုင်ကြဖို့လိုတယ်လို့ ကျနော်တော့ မြင်တယ်ပေါ့လေ။

လူထုလိုက်ပါနိုင်တဲ့ နည်းလမ်းတွေပေါ့ဗျာ။ အဲဒါတွေနဲ့ ဦးဆောင်နိုင်ဖို့လိုတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထု အခြေအနေ လူထုရဲ့ လက်ရှိရပ်တည်နေရတဲ့ အခြေအနေ စားဝတ်နေရေးအခြေအနေတွေ သူတို့ရဲ့ စိတ်ခံစားမှု ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို လက်တွေ့ကျကျနားလည် သဘောမပေါက်ဘဲနဲ့ အဲလို ဦးဆောင်မှုတွေ ပေးနေရင်တော့ လူထု လိုက်ပါနိုင်မှာ မဟုတ်ဘူးပေါ့နော်။

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကလည်း တိုင်းပြည်ရဲ့ ဒီလက်ရှိအနေအထားက ပြည်သူလူထုရဲ့ တကယ့်လိုအပ်နေတဲ့ အနေအထားက အခြေခံအကျဆုံးလိုအပ်ချက်က ပြည်သူတွေရဲ့ဘဝတွေရဲ့ ငြိမ်းချမ်းစွာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး ပေါ့။

ကျနော်တို့က သမိုင်းသင်ခန်းစာတွေ အများကြီးရခဲ့ကြပြီ။ လွတ်လပ်ရေး ရပြီးကတည်းက မညီညွတ်ခဲ့ကြလို့ အဲဒီလိုပဲ ညီညွှတ်ရေး တည်ဆောက်ပါလို့ပြောရင်းနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ကွယ်ဆိုပြီးတော့ ပြောရင်းနဲ့ပဲ သူငြိမ်းချမ်းရေးကို မမြင်သွားရရှာဘူး။ ဆရာကြီးသေပြီးနောက် မျိုးဆက် မျိုးဆက် အခုဆိုရင် နောက်ထပ်မျိုးဆက်တွေလည်း မငြိမ်းချမ်းကြသေးဘူး။ ဘဝတွေ ဒုက္ခတွေ များနေတယ်။ အဲဒီတော့ ကျနော်တို့ လက်ထက်မှာလည်း ငြိမ်းချမ်းရေးကို လုပ်ကြရမယ်။

ကိုယ့်အချင်းချင်းမှ ညီညွတ်ရေး မတည်ဆောက်နိုင်ရင်တော့ ကျနော်တို့က နအဖနဲ့ ညီညွတ်ရေး တည်ဆောက်မှု က လည်း အလှမ်းဝေးနေဦးမှာပဲလို့ ကျနော်မြင်တယ်။ အဲဒီတော့ အခုလက်ရှိမှာလည်း ကျနော်တို့ အနေအထားတွေက တကယ့် အားရစရာတော့ သိပ်တော့ မရှိဘူးပေါ့နော်။

ကျနော် ပြီးတော့ ဆက်ပြောချင်တာက မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Ideology ပေါ့ဗျာ။ ကျနော်တို့ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာ ညီညွတ်ရေး မရှိဘဲနဲ့ မရဘူး။ အရင်ဦးဆုံး ကျနော်တည်ဆောက်ရမှာက နအဖနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တောက်လျှောက် ပြောနေကြတယ်၊ တွေ့ဆုံဆွေးနွေးရေး ပြောနေကြတယ်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးက အကောင်းဆုံး ဖြေရှင်း နည်းဟာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးပဲလို့ ကျနော်တို့ပြောနေကြတယ်။ အဲဒီတော့ နအဖနဲ့တောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ပြောနေကြတဲ့အနေအထားမှာ ကျနော်တို့ အချင်းချင်းထပ်ပြီး ကွဲပြားနေတယ် ပေါ့နော်။ ကိုယ့်အချင်းချင်း အမျိုးသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ရေး တည်ဆောက်ထား နိုင်ပြီးတော့မှ နအဖ အစိုးရနဲ့ ဆက်ပြီးတော့ တပ်မတော် ခေါင်းဆောင်များနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ တွေ့ဆုံဆွေးနွေးရေး ဖန်တီးနိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်ပေါ့ဗျာ။ ကျနော်တို့ ဒီကဏ္ဍတွေက ကျနော်တို့ရဲ့ ညီညွှတ်ရေး တည်ဆောက် တာ ပေါ့နော်။ တဘက်ကလည်း လူထုကို ဦးဆောင်နိုင်မှုပေါ့ဗျာ။

လူထု ဦးဆောင်နိုင်မှုမှာကျတော့ တိုင်းပြည်ရဲ့ အခြေခံအကျဆုံး ပြဿနာကျတော့လည်း ခေါင်းဆောင်မှုပဲလို့ ကျနော် မြင်တယ်။ လူထုကို နိုင်ငံရေးအသိတွေ မြင့်လာအောင်၊ နိုင်ငံရေးနိုးကြားမှုတွေ နိုင်ငံရေးမှာ စိတ်ဝင်စားမှုတွေ လုပ်လာ အောင်၊ ဖြစ်လာအောင် လုပ်ဖို့ဆိုတာကတော့ ခေါင်းဆောင်မှုမှာ တာဝန်ရှိတာပေါ့ဗျာ။ အခုက လူထုဘဝမှာ ဒုက္ခတွေ အမျိုးစုံ ဝိုင်းရံပြီးတော့ နိုင်ငံရေးကို စိတ်မဝင်စားဘူး ဖြစ်နေရတယ်။ အဲဒီအတွက်လည်း တာဝန်ရှိတဲ့ ခေါင်းဆောင် တွေက လူထု စိတ်ဝင်စားအောင် မလုပ်နိုင်ခဲ့လိုလည်း နိုင်ငံရေးနဲ့ ဝေးနေရတယ်လို့ ကျနော်မြင်တယ်။ NLD ဆိုလည်း အနှစ် ၂၀ လုံးလုံး လူထုကို လူမှုရေးအရ အကူအညီတွေ၊ လူမှုရေးဒုက္ခတွေကို ဖြေရှင်းပေးတဲ့ နည်းတွေလည်း သူသိပ် ပြီးတော့ ထိထိရောက်ရောက် မလုပ်လာနိုင်ခဲ့တာလည်း ပါမှာပေါ့။

ကျနော်တို့ဘက်က ခုနပြောသလို ခေါင်းဆောင်မှုတွေကလည်း အားနည်းနေတဲ့ အတွက်ကြောင့်မို့ လူထုက သူရဲ့ အခြေခံ အကျဆုံး ဘ၀ဒုက္ခဖြစ်တဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်လုံးပန်းနေရတာ။ ဒါကတော့ လူထုလိုက်ပါ နိုင်ဖို့ အားနည်းတယ်၊ လူထု စိတ်ဝင်စားမှု အားနည်းတာတော့ ဒါ သဘာဝကျပါတယ်။

အဲဒီတော့ ကျနော်တို့ အရေးကြီးဆုံးက ကျနော်တို့ လူထုကို ဦးဆောင်မှုပေးဖို့ ဆိုတာက သူတို့လုပ်ကြရမှာ တိုင်းပြည် ရဲ့လူထုရဲ့အကျိုးစီးပွားရေးဆိုပြီး ဝင်ကြတယ်၊ ရွေးကောက်ပွဲကို၊ ဒီအခြေခံဥပဒေ ပြောင်းလဲဖို့ဆိုပြီး သူတို့ပြောနေကြ တယ်။ ဒါလည်း အကောင်းဆုံး အဖြေတခုကတော့ ညီညွတ်မှု မရှိဘဲနဲ့တော့ ကျနော်တို့ပြောင်းလဲလို့ ရမှာမဟုတ်ဘူး။ တိုင်းပြည်ငြိမ်းချမ်းမှုရအောင် ညီညွတ်မှုကို တည်ဆောက်ကြရမယ် ဆိုတဲ့ဟာကို အခု ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေး ပါတီ တွေကို ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရွေးကောက်ပွဲကို လက်မခံနိုင်တဲ့ တိုင်းရင်းသား အင်အားစု တွေ ရှိတယ်။ အဲဒီလို အလားတူပဲ လက်ခံနိုင်တဲ့ တိုင်းရင်းသား အင်အားစုတွေ ရှိတယ်ပေါ့နော်။ အဲဒီဟာတွေကြားမှာ ကျနော်တို့တွေက ညီညွတ်ရေးကို တည်ဆောက်ကြရမယ်။ တိုင်းပြည်မှာ အဲဒီလိုမျိုး ညီညွတ်မှု၊ ငြိမ်းချမ်းမှု မရှိသရွေ့ က တော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း တည်ဆောက်လို့ ရမှာမဟုတ်ဘူး။

တကယ့် တိုင်းပြည်မှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရှိရင်လည်း တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရှိဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်မှာမဟုတ်ဘူး။ အဲဒီတော့ အခုလက်ရှိ ခံစားနေကြတာတော့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတို့ဆိုတာ မြန်မာပြည်နဲ့ဆိုရင် နည်းနည်းဝေးပါသေးတယ်လို့ ပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နိုင်ငံတခုဗျ။ လောလောဆယ်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ လုံးဝမရှိတဲ့အတွက်ကြောင့် ကျနော်တို့ အရင်ဦးဆုံး တည်ဆောက်ကြရမှာက တရားဥပဒေစိုးမိုးရေးပဲ။

တရားဥပဒေစိုးမိုးမှု ရှိလာရင် ကျန်တဲ့ လူ့အခွင့်အရေးဆိုတာ အလုပ်သမား အခွင့်အရေး၊ လယ်သမား အခွင့်အရေး၊ ကျောင်းသား အခွင့်အရေး အစုံ ဒီလို အလွှာစုံ ဘာသာရေးလွတ်လပ်ခွင့် ဟောပြောခွင့်ဆိုတာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင်ကို အရင်ဆုံး တည်ဆောက်ရမယ့်သဘော ဖြစ်နေတယ်ပေါ့ လေ။ အဲဒီအတွက်ကြောင့် ကျနော်တို့ဟာ ရေရှည် သဘောထား အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီးထားပြီး ကျနော်တို့ အချင်းချင်း ညီညွတ်ရေးတွေ တည်ဆောက်ကြရမယ်။ ကျနော်တို့ အင်အားစုတွေပေါ့နော်။

NLD အနေနဲ့လည်း ဒီလိုမျိုး အလားတူ ညီညွတ်ရေး ကိုရှေးရှုပြီးတော့ တိုင်းပြည်ရဲ့လူထုရဲ့အနေအထားတွေမှာ လက် တွေ့ ကျတဲ့အနေအထားကို ခံစားနေရတဲ့ လူထုရဲ့ အနေအထားကို နားလည်သဘောပေါက်ပြီးတော့ လူထု လိုက်ပါ နိုင်တဲ့ နည်းလမ်းတွေနဲ့ မပေးမဖြစ်ပေးရမယ့် အခြေအနေမျိုးတွေ ရှိလာခဲ့ရင် တကယ့်မှန်ကန်တဲ့ သင့်တော်တဲ့ ရိုးသား တဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့လူကိုပဲ ပေးကြဖို့အတွက် ဒီလိုဟာမျိုးတော့ ပြောသင့်တယ်လို့ပဲ ကျနော်မြင်တယ် ပေါ့ဗျာ။ ။

ကံဆိုးမိုးမှောင်နေ့ အဖြစ် နိုဝင်ဘာလ ရ -ရက်- ဖြစ်လာနိုင်ပါသလား Thursday, October 28, 2010

နိုင်ငံတနိုင်မှာ နေ့ ထူးနေ့ မြတ်တွေ ရှိတတ်ပါသည်။ အုပ်ချုပ်သူအစိုးရများက သတ်မှတ်နိုင်ရန် ပြည်သူတရပ်က ကြိုက်နှစ်သက်ပါက ယင်းနေ့ ကို နိုငငံတော်နေ့ အဖြစ် သတ်မှတ်ကြတတ်ခြင်းဖြစ်ပါသည်။ အချို့ သောနိုင်ငံများမှာ နိုင်ငံရေးခေါင်းဆောင်များကို ကိုယ်စားပြုကာ နေ့ ရက်များအဖြစ် အစိုးရရုံးပိတ်ကာ သတ်မှတ်ပေးကြပါသည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအခမ်းအနားနေ့ အဖြစ် သတ်မှတ်ရန် နေ့ ရက်ရှိလာနေပါပြီ။ အောက်တိုဘာလ ၂၆ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရက်နေ့ တွင် ပြုလုပ်လျှင် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာလိုက်ပါသည်။ ယင်းသို့ ကြေညာခြင်းသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခြင်းမှစပြီး မဲမပေးရေးလှုံ့ ဆော်မူများကို နိုင်ငံအ၀ှမ်းပြုလုပ်ပြီးနောက် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပါသည်။ တနိုင်ငံလုံးတွင် မဲမပေးရေး ရှင်းလင်းပြောဆိုချက်များသည် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်မှ
ထုတ်ပြန်ထားသော ဥပဒေအချက်အလက်သာဖြစ်ပါသည်။ ထို့ ကြောင့် ယင်းလှုပ်ရှားမူမျိုးကို နအဖစစ်အစိုးရမှ မည်သို့ မျှ အရေးယူ၍မရ။ ထူးခြားမူတခုမှာ ၂၂ နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်းနှစ်ပါတ်လည်နေ့ တွင်
ဒုတိယပင်လုံညီလာခံခေါ်ယူမည့်အကြေင်းကို ကလေးမြို့ကြေညာချက်အဖြစ် ထုတ်ပြန်လိုက်ခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်သားခေါင်းဆောင်များက ယင်းသို့  ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကြေညာချက်ထုတ်ပြန်သောအခါ သဘောတူလက်မှတ်ထိုးသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ က ရှေ့တန်းကပါလာပါသည်။
ဒုတိယပင်လုံညီလာခံခေါ်ယူရန် ဆိုသည်မှာ ပထမပင်လုံညီလာခံ၏အကျိုးဆက်ပင်ဖြစ်ပါသည်။ ပထမပင်လုံညီလာခံသည် တိုင်းရင်းသားလူမျိုးများက မြန်မာနိုင်ငံလွပ်ရေးတောင်းဆိုတိုက်ပွဲဝင်သောအခါ အတူတကွပါဝင်ကြခြင်းကို သဘောတူဆုံးဖြတ်ချခဲ့ ကြသောစာချုပ်ဖြစ်ပါသည်။ တကယ်တမ်းလက်တွေ့ တွင် မြန်မာနိုင်ငံလွပ်လွပ်ရေးရရှိသောအခါ တိုင်းရင်းသားလူမျိုးများပါမက တနိုင်ငံလုံးလွပ်လွပ်ရေးအရသာ မခံစားရကြ။ နှစ်ပေါင်း ခြောက်ဆယ့်နှစ်နှစ်ကာလအထိ စစ်ကျွန်ဘ၀အောက်မှာ နေထိုင်ရသော မြန်မာနိုင်ငံသားတို့ အဖို့ မှာ ယခုအချိန်တွင် ဒုတိယပင်လုံညီလာခံကို တပါတ်ကြော့၍ ကျင်းပချင်လာကြပြီ။ ဤသည်မှာသမိုင်း၏တောင်းဆိုချက်ပင်ဖြစ်သည်။ အခြားတဖက်မှာ နအဖစစ်အစိုးရသည် ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ ။ထို့ ကြောင့် ပြည်သူတွေက ရွေးကောက်ပွဲရလဒ်ကို ရရှိလိုကြသည်။ စစ်အစိုးရသည် ယခုအချိန်ထိ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ ။ သည်တော့ ပြည်သူတွေက ကြားဖြတ်အစိုးရ သို့ မဟုတ် လူထုအစိုးရဖွဲ့ စည်းကြရန် တိုက်တွန်းနိုးဆော်နေကြသည်။ ယင်းတိုက်တွန်းချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချို့ကိုချည်း သက်သက်ရည်ညွှန်းပြီးပြောဆိုနေကြခြင်းမဟုတ်ချေ။ ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအ၀င် အခြားပြည်တွင်းမှ ထင်ရှားသော လူပုဂ္ဂိုလ်များကိုပါ ရည်ညွှန်းပြောဆိုကြခြင်းဖြစ်ပါသည်။ တခုရှိနေသည်မှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခွန်ထွန်းဦးနှင့် စိုင်းညွှန့် လွင်၊ ဗိုလ်ချုပ်ဆေထင်တို့ အဖမ်းဆီးခံနေရပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း မလှုပ်သာချေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဆံဖြူသွားကျိုး အဘိုးအိုများကသာ ပါတီ၏ရှေ့တန်းမှာ ရှိနေကြရာ စစ်အစိုးရအား အံတုပြီးကြားဖြတ်အစိုးရဖွဲ့ စည်းရန် စိတ်ဓါတ်အရ မည်သည့်နည်းနှင့်မျှ မတက်ကြွနိုင်ကြပေ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ စိတ်ဓါတ်တက်ကြွခဲ့ သော လွှတ်တော်ကိုယ်စားလှယ်များမှာ စင်ပြိုင်အစိုးရဖွဲ့ စည်းရန် ပြုလုပ်ခဲ့ ရာ တချို့ ထောင်နန်း စံခဲ့ ကြပြီးပြီ။ တချို့ မှာပြည်ပနိုငငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။
ယခုအချိန်တွင် နအဖစစ်အစိုးရက အရပ်သားအစိုးရအဖြစ် လိမ်လည်ပြီး ပြုလုပ်ရန် ပြင်ဆင်ထားနေသည်။ ၀န်ကြီးချုပ်ရာထူးကစ ၀န်ကြီးများရာထူးကိုပါ တိုင်းနှင့်ပြည်နယ်အလိုက် ရွေးချယ်ခန့် အပ်ထားပြီးဖြစ်သည်။ မည်သို့ ပင်ဆိုစေ ရွေးကောက်ပွဲဝင်မည့်သူများက ဇွဲမလျှော့ဘဲ လွှတ်တော်တွင် ပြည်သူများအတွက် တင်ပြပြောဆိုနိုင်မည်ဆိုကာ အံခဲပြီး ပြောနေကြတုံးဘဲ ကြားနေရသည်။ မဆလလွှတ်တော်အကြောင်းကို သူတို့ မှာ လုံးဝမေ့လျှော့နေသည်ဟု ပြောရပါတော့မည်။ ယင်းအချိန်က ပြည်သူ့ လွှတ်တော်ကို ကျင်းပသည့်အခါ ပြည်သူ့ လွှတ်တော် သဘာပတိက မိန့် ခွန်းရှည်ကြီးကို ဟောပြောပါသည်။ ယင်းမိန့်ခွန်းရှည်ကြီးကို တက်ရောက်လာသော တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြရပါသည်။ ယင်းသို့ ထောက်ခံဆွေးနွေးရသည်မှာ တရက်တွင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တယာက်စီသာဆွေးနွေးဖြစ်သည်။ ယခုလည်း လွှတ်တော်သဘာပတိဥက္ကဌမိန့် ခွန်းကို ၁၄ ရက်တိတိ ထောက်ခံဆွေးနွေးပြီး ၁၅ ရက်နေ့ တွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာပါတော့မည်။ ယင်းမှာ ပြည်သူ့ လွှတ်တော်ကျင်းပသည့် ၁၅ ရက်အတွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရမည်ဟု ကြေညထားခြင်းကြေင့်ဖြစ်ပါသည်။ ထို့ ကြောင့် ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်တို့ သည် မည်သည့်နည်းနှင့်မျှ သူတို့ အနေဖြင့် လွှတ်တော်တွင် ပြောဆိုဆွေးနွေးနိုင်ပါမည်ဟု ထင်မှတ်ထားသောအရာများ ဖြစ်လာနိုင်စရာအကြောင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် လွှတ်တော်ခေါ်ယူပြီး ၁၅ ရက်နေ့ တွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်ကျင်းပခြင်းကို ရပ်နားလိုက်တော့မည်ဖြစ်ပါသည်။့ နအဖစစ်အစိုးရမှာ ၀န်ကြီးချုပ်သိန်းစိန်လည်း အဆင်သင့်ရှိနေပြီးဖြစ်ရာ အစိုးရအဖွဲ့ လည်း ရှိနေပြီးဖြစ်ပါသည် ။ သမတအနေဖြင့် ဦးသန်းရွှေက ရှိနေမည်ဖြစ်ပါသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကံကောင်း၍နိုင်သွားသည့်တိုင်အောင် အာဏာပိုင်အဖွဲ့ အစည်းများမှာ ခန့်အပ်နေရာချထားပေးခြင်းခံရနိုင်စရ အကြောင်းရှိမည်မဟုတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူ ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအခွင့်အရေးကို တာဝန်ခံနိုင်သည်ဟု မယုံကြည် ။ ပစ္စုပန်နှင့်အနာဂါတ်ကာလတွင်မှာပါ မြန်မာနိုင်ငံ၏အကျိုးစီးပွါးကို ပြုလုပ်နိုင်စွမ်းရှိမည်ဟုမထင်၊ ထို့ကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သည်တော့ ဤနေရာမှာရှင်းနေပါပြီ။ သပိတ်မှောက်ခြင်းသည် အသိအမှတ်မပြုခြင်းဖြစ်သည်။ အမေရိကန်အစိုးရနှင့် ဗြိတိန်နိုင်ငံတို့ မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း သပိတ်မှောက်ခြင်းနှင့် ပါတ်သက်၍ တွေ့ ဆုံမေးမြန်းလာပြီးပြီ။ သပိတ်မှောက်သောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ယင်းနိုင်ငံတို့ သည် ယုံကြည်ကြပါသည်။ လေးစားကြပါသည်။ လုံးဝဥသုံသပိတ်မှောက်သည်ဟု ကြေညာထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခုအချိန်တွင် ပြည်သူတို့ ၏ ဆန္ဒနှင့် နီးစပ်လာနေပါပြီ။ ပြည်သူတို့ ၏ဆန္ဒမှာ သပိတ်မှောက်ခြင်း ၊ ရွေးကောက်ပွဲဖျက်သိမ်းစေခြင်း၊ ကြားဖြတ်အစိုးရဖွဲ့ စည်းပြီး နိုင်ငံတော်အာဏာရယူစေခြင်းတို့ အာသီသဖြစ်ပေါ်နေကြပါသည်။ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် သပိတ်မှောက်ခြင်းကို စတင်ကြေညာလိုက်ပြီဖြစ်ရာ ဤကြေညာချက်ကို မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းက လိုက်နာထောက်ခံကြရုံသာရှိတော့သည်။ မဲမပေးရေးဆိုသော အသံမှာ ယခုအချိန်တွင် မလိုအပ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် မဲမပေးဆိုသော ဘောင်ထက် စည်းကျော်ခဲ့ ပြီဖြစ်သည်။ စီးချင်းထိုးပွဲကို ပြုလုပ်လိုက်ထားပြီဖြစ်ပါသည်။ ဤစီးချင်းထိုးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လွပ်မြောက်ရေးပြသနာများကိုလည်း ထိခိုက်သွားစေနိုင်ပါသည်။ ထို့ ကြောင့် အထူးအာရုံစိုက်ကာ ဆောင်ရွက်ရန်လိုပါသည်။
၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နအဖစစ်အစိုးရကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဤစကားမှာ ရာဇါသံဖြစ်သည်။ မဲမပေးရေးဆိုသောစကားမှာ မည်သူပင်တိုက်တွန်းတိုက်တွန်း စာရွက်စာတမ်းကမ်းကမ်း ဥပဒေနှင့် မည်သို့ မျှ မငြိစွန်း။ လုံးဝဥသုံသပိတ်မှောက်ပြီဟု ကြေညာခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေပြီ။ ထို့ ကြောင့် ဤတိုက်ပွဲမှာ ဒီမိုကရေစီကိုလိုလားသော မြန်မာနိုင်ငံသားများက ငြိမ်၍မနေသင့်ဟုမြင်သည်။ သပိတ်မှောက်ခြင်းဆိုသည်မှာ စစ်အစိုးရကို မယုံကြည်၍ဖြစ်သည်။ တနည်းအားဖြင့် နအဖစစ်အစိုးရ၏ အရပ်သားအစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်စွမ်းရှိမည်မဟုတ်ဟု ယူဆ၍ဖြစ်သည်။ သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစိုးရဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိသလားဆိုသောမေးခွန်းကို မေးရန်ဖြစ်လာသည်။ စောစောကပြောခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌကအစ အသက်အရွယ်ကြီးမြင့်နေမူများကြောင့် ဤကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည်မှာ မဖြစ်နိုင်ဟု သုံးသပ်မိပါသည်။ တချိန်တည်းမှာပင် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကလည်း လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းရန် တာဝန်ရှိသော်လည်း သူလည်းယင်းတာဝန်ကို မထမ်းဆောင်နိုင်ခဲ့ ။ ကလေးမြို့ ကြေညာစာတမ်းကို ကြေညာသောအခါတွင်မူ ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြနိုင်ရန် နိုင်ငံရေးဗျူဟာတခုကို တွေ့ ကြပါတော့သည်။
ယင်းဒုတိယပင်လုံညီလာခံခေါ်ယူရေးမှာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်ခင် မဖြစ်နိုင်ဟု လက်မှတ်ထိုးသူများက ပြောဆိုသံကြားရပါတော့သည်။ ယင်းထက်ဆိုးသည်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင်သည့်သူများက သူတို့ ၏စိတ်ထဲတွင် ဖြစ်စေချင်သောဆန္ဒများနှင့် မကိုက်ညီသောအခါ ဒုတိယပင်လုံညီလာခံကို သူတို့ လည်း တက်ရောက်ရန် သဘောတူလာကြမည်ဟု နိမိတ်ဖတ်ပြောဆိုကြပါသေးသည်။ ဦးဝင်းတင်နှင့် ဦးဖြိုးမင်းသိန်းအင်တာဗျူးတွင် တွေ့ နိုင်ပါသည်။ ယင်းမှာလုံးဝလက်မခံနိုင်စရာဖြစ်သည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရန် ကလေးကြေညာချက်ကို လက်ခံသူတဦးအနေနှင့် ဤစကားကိုမူ လက်မခံနိုင်စရာဖြစ်ပါသည်။ စိတ်လည်းမကောင်းစရာ ခံစားရဖြစ်ပါသည်။ သို့ သော် ဦးဝင်းတင်နှင့် ဦဖြိုးမင်းသိန်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေးတွက် ဦးဆောင်ကြသူများမဟုတ်ဘဲ လက်မှတ်ထိုးသူ အဆင့်ရှိသူများဖြစ်ရာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်မှီ ညီလာခံခေါ်ယူမည် သို့ မဟုတ်မခေါ်ယူသေးဆိုခြင်းမှာ သူတို့ နှင့် မည်သို့ မျှ မပါတ်သက်ချေ။ ရှင်းရှင်းလင်း ပြောရလျှင် ပြည်သူတရပ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဦးးဆောင်ပြီး ကြားဖြတ်အစိုးရကို ဖွဲ့ စည်းစေချင်ကြပါသည်။ သို့ သော် မဖွဲ့ စည်းနိုင်၍ ဤအခြေအနေအတိုင်းထားလိုက်ပါတော့။ ထားတော့ ။ ဒုတိယပင်လုံညီလာခံဆိုသည်မှာ ကြားဖြတ်အစိုးရဖွဲ့ စည်းရန် အလားအလာရှိပါနိုင်သလား တွက်ချက်ကြည့်မိပါသည်။ ထို့ ကြောင့် ပထမပင်လုံညီလာခံကို လေ့လာကြည့်ရန်လိုလာပါသည်။ ပထမပင်လုံညီလာခံသည် တောင်တန်းဒေသတိုင်းရင်းသားများက လွပ်လွပ်ရေးလိုချင်၍ သဘောတူလက်မှတ်ထိုးစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ယခုလည်း ဒီမိုကရေစီလိုချင်သော တိုင်းရင်းသားလူမျိုးများက ဒုတိယပင်လုံညီလာခံကို ခေါ်လိုသည်ဆိုလျှင် ဒီမိုကရေစီအစိုးရဖွဲ့ စည်းရန် ပြုလုပ်လိုခြင်းပေလား။ သည်လိုဆိုလျှင် မည်သည့်အခါ ဒီမိုကရေစီအရပ်သားအစိုးရကို ဖွဲ့ စည်းကြပါမည်လဲ။ ၂၀၁၀ နိုဝင်ဘာလ - ရ -ရက်- နေ့ လွန်လျှင် နအဖစစ်အစိုးရသည် စစ်ယူနီဖေါင်းချွတ် အရပ်သားအစိုးရကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားဝင်အရပ်သားအစိုးရအဖြစ် ကမ္ဘာကို ကြေညာပါတော့မည်။ ကမ္ဘာကလက်ခံသည် မခံသည် မှာ သူတို့  ပြသနာမဟုတ်။ ယင်းအရပ်သားအစိုးရမျက်နှာကို ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိခဲ့ သော ပါတီများမှ မည်သည့်အမြင်မျိုးဖြင့် တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုနေပါမည်နည်း။ မည်သည့်အတွက်ကြောင့် ယင်းပုဂ္ဂိုလ်များအား ဒုတိယပင်လုံညီလာခံကို တက်ရောက်ရန်အတွက် တောင်းဆိုသင့်ပါသနည်း ။ မစဉ်းစားတတ်အောင်ဖြစ်မိပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သပိတ်မှောက်ခြင်းကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ထောက်ခံရပါတော့မည်။ ရွှေးကောက်ပွဲမှာ မဲမပေးရေးဆိုသောအသံမှာ သပိတ်မှောက်လိုက်ပြီဆိုသော အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၏ ရာဇါသံနောက်မှာ အဝေးမှ ကျန်ရစ်ခဲ့ ကြပြီ။ တချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများက ကလေးမြို့ ကြေညာချက်ဖြင့် ဒုတိယပင်လုံညီလာခံကို အမြန်ဆုံးခေါ်ယူနိုင်ရန်လည်း ဆောင်ရွက်သင့်သည်။ ယင်းသို့  ဟန်ချက်ညီညီ ဆောင်ရွက်မှသာ နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ပျက်စီးကိန်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီနိုင်ငံအဖြစ်သို့  ရောက်ရှိလာနိုင်မည်ဖြစ်သည်။ သို့ မဟုတ်က မြန်မာနိုင်ငံတွင် သမိုင်းဝင် နေ့ ဆို့း  နေ့ ယုတ် တခုကတော့ ပေါ်ပေါက်လာနိုင်ပါလိမ့်မည်။ မှန်ပါသည် ။ မြန်မာနိုင်ငံတွင် ကံဆိုးမိုးမှောင်ကျသောနေ့ ( UNFORTUNATE DAY ) အဖြစ် နိုဝင်ဘာလ - ရ - ရက်နေ့ ကို သတ်မှတ်ရန်သာ ရှိပါကြောင်း။

န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲ့တာ “ကျွန်တော် အာဏာလိုချင်ရင် ပါတီ ထောင်မယ်၊ ကျွန်တော် ဒီနေ့  ပါတီ မထောင်ဖူး” တဲ့။ အာဏာရူုးကြီး သန်းရွှေကတော

သန်းရွှေဟာ သူထက် စီနီယာကျတဲ့ န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင်ကို ကျန်းမာရေးအကြောင်းပြပြီး လုပ်ကြံဖယ်ရှားပစ်ခဲ့ရသလည်းဆိုတာကတော့ ဗိုလ်ချူပ်ကြီး စောမောင်ပြောခဲ့တဲ့ စကားတွေက အာဏာပိုရူးနေတဲ့ သန်းရွှေအတွက် အသက်ထက်ပိုပြီး အထိနာစေတဲ့ စကားတွေ ဖြစ်နေလို့ ပါဘဲ။ ဗိုလ်ချူပ်ကြီး စောမောင်ပြောခဲ့တဲ့ စကားတွေထဲမှာ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲပြီးလို့  ပြည်သူက ရွေးချယ်ပေးခဲ့တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် စစ်တပ်က စစ်တန်းလျားကို ပြန်သွားကြရမယ်၊ တိုင်းပြည်ရဲ့  ကာကွယ်ရေးတာဝန်ကိုသည ထမ်းဆောင်ကြရမယ်၊ တိုင်းပြည်အုပ်ချူပ်ရေးကိစ္စတွေဟာ ရွေးချယ်ခံခဲ့ရလို့  ပေါ်ပေါက်လာမယ့် အစိုးရတာဝန်သာဖြစ်တယ်ဆိုတာ ပြောခဲ့လို့ ပါဘဲ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့  (န၀တ) ဆိုပြီး တိုင်းပြည်ကို အုပ်ချူပ်ခဲ့တဲ့အချိန် န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင်က တိုင်းပြည်ကို ဒီလိုပြောလိုက်တဲ့အခါ စောမောင် မြှောက်စားလို့ ဘဲ နေရာရခဲ့တဲ့ သန်းရွှေဟာ အာဏာယစ်မူးပြီး ကျေးဇူးရှင်ကို ကျေးစွပ်ပါတော့တယ်။ အာဏာရူးဖို့ အတွက် သန်းရွှေဟာ သူ့ ထက် စီနီယာလည်းကျ ကျေးဇူးရှင်လည်းဖြစ်တဲ့ စောမောင်အပေါ် ယုတ်မာကော်ကျစ်ပါတော့တယ်။ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကလည်း အပြတ်အသတ်အနိုင်ရရှိနေပြီ ဗိုလ်ချူပ်ကြီး စောမောင်ကလည်း ပြောထားတာ ရှိဆိုတော့ သန်းရွှေအတွက် စိုင်ကော်လို့  ခြုံပေါ်ရောက်ကာ ရနေတဲ့ အာဏာယစ်မူးမှုလေးကို လက်လွတ်မခံချင်တော့တဲ့အခါမှာတော့ ကျေးဇုးရှင်လည်း ဂရူမစိုက်တော့ဖူး စီနီယာလည်း မလေးစားတော့ဖူး တပ်မတော်ရဲ့  ဂုဏ်သိက္ခာလည်း မထိန်းသိမ်းတော့ဖူး ဗိုလ်ချူပ်ကြီး စောမောင်ကို ကျန်းမာရေးမကောင်းလို့  ရုတ်ချည်း အနားယူခိုင်းလိုက်ပါတော့တယ်။

သန်းရွေရဲ့  စီနီယာဖြစ်သူ ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲ့တဲ့စကားတွေထဲက ၁၉၉၀ ရွေးကောက်ပွဲပြီးလို ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာရင် စစ်တပ်က စစ်တန်းလျားကို ပြန်သွားကြမယ် တိုင်းပြည်အတွက် ကာကွယ်ရေးတာဝန်ကိုသာ ဆက်ယူကြမယ်ဆိုတဲ့ စကားအပြင် ယခု လက်ရှိ သန်းရွှေ ယုတ်မာကေက်ကျစ်လှည့်ဖြား အကွက်ဆင်နေတဲ့ အနေအထားတွေကိုများ ကြိုမြင်မလို့ ထင်ပါရဲ့  ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲ့တဲ့ စကားတစ်ခွန်းက တိုက်ဆိုင်နေပါရဲ့ ။

န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲတဲ့ စကားတစ်ခွန်းကတော့ “ကျွန်တော် အာဏာလိုချင်ရင် ပါတီ ထောင်မယ်၊ ကျွန်တော် ဒီနေ့  ပါတီ မထောင်ဖူး၊ ကျွန်တော့်မှာ background ပါတီ မရှိဖူး” ဆိုတဲ့ စကား ဖြစ်ပါတယ်။

လက်ရှိ အာဏာရူးကြီး သန်းရွှေနဲ့  နအဖဗိုလ်ချူပ်ကြီးတွေကတော့ အာဏာဆက်လက်ယူနိုင်ဖို့ အတွက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးကို လုပ်ကြံဖန်တီးပြီး စစ်ယူနီဖောင်းတွေ အလွယ်တကူ ချွတ်ပြ၊ စစ်တပ်အပေါ် ပစ်ပယ်ပြ၊ အာဏာက ပိုအရေးကြီးတာမို့  စစ်တပ်အပေါ် ဘုရားပြီး ငြမ်းဖျက်သလို သစ္စာဖောက်ပြ၊ အာဏာဆက်လက်ရယူဖို့  မျက်နှာဖုံးပြောင်းကာ ပြည်သူကို လှည့်ဖြားပြဖို့ အတွက် နဂိုကတည်းက ကြိုတင်ကြံစည်ခဲ့တဲ့ ကြံ့ ဖွတ်အဖွဲ့ ကို နိုင်ငံရေးပါတီအသွင် ပေါ်ပေါ်တင်တင် ပြောင်းကာ အာဏာဆက်ယူဖို့  ပါတီထောင်ပါတော့တယ်။

န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲ့တဲ့ “အာဏာလိုချင်ရင် ပါတီထောင်မယ်” ဆိုတဲ့စကားအတိုင်း န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင်ကတော့ ပါတီမထောင်ခဲ့ပေမယ့် အာဏာရူးကြီး သန်းရွှေနဲ့  နအဖဗိုလ်ချူပ်တွေကတော့ ကြံ့ ဖွတ်ပါတီ ထောင်လိုက်ပါတော့တယ်။

အာဏာရူးကြီး သန်းရွှေနဲ့  နအဖဗိုလ်ချူပ်တွေက အာဏာရူးလွန်းသူတွေပါ၊ တပ်မတော်အပေါ်မှာ သူတို့  အာဏာမြဲနေဖို့ အတွက်သာ ခုတုံးလုပ်အသုံးချနေတာပါ၊ အာဏာာဆက်ယူဖို့ အတွက် ဆွေစဉ်မျိုးဆက် ကိုယ်ကျိုးကြီပွားချမ်းသာရေးအတွက် စစ်ယူနီဖောင်းတွေ သစ္စာဖောက်ကာ အရပ်ဝတ်တွေ ဟန်ဆောင်ဝတ်ပြကာ တပ်မတော်အပေါ် သစ္စာမဲ့လိုက်ကြတာပါ။

န၀တ ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမောင် ပြောခဲ့တဲ့ “အာဏာလိုချင်ရင် ပါတီထောင်မယ်” ဆိုတဲ့စကားအတိုင်း သန်းရွှေနဲ့  နအဖဗိုလ်ချူပ်ကြီးများ အာဏာဆက်ယူဖို့  ကြံ့ ဖွတ်ပါတီကို ထောင်လိုက်တာပါ။

တိုင်းပြည်နဲ့  လူမျိုးအကျိုးကို ဦးထိပ်ထားပြီး ထမ်းဆောင်ချင်ကြပါတဲ့ဆိုတဲ့ တပ်မတော်သားတွေ စဉ်းစားကြဖို့ တော့ လိုနေပါပြီ။

at 6:35 PM

Thursday, October 28, 2010

စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ဇနီးဒေါ်နီနီခင်အား အနုကြမ်းစီးသူကို မိပြီိ

စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ဇနီးဒေါ်နီနီခင်အား အနုကြမ်းစီးသူကို မိပြီိ
တက္ကသိုလ် ဘုန်းနိုင်၏ဇနီး အသက်(၇၅)နှစ်အရွယ်ရှိ အဘွားအား အုတ်ခဲဖြင့်ထုရိုက်ခဲ့ကာ နေအိမ် အတွင်းအနုကြမ်း ၀င်စီးခဲ့သော တရားခံအား အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ''တရားခံက အင်းစိန်မြို့နယ်မှာ ရှိတဲ့ သူ့အသိမိတ်ဆွေတွေဆီမှာ ရောက်ရှိ တိမ်းရှောင်နေတယ်လို့ သတင်းရတာနဲ့ သွား ရောက်စောင့်ဖမ်းခဲ့တာဖြစ်ပါတယ်။အောက် တိုဘာ၁၁ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်''ဟု သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတရားခံ၏အမည်မှာ ဘို မောင်(ခေါ်)ကျော်ဇေယျဖြစ်ကာ အသက် (၂၈)နှစ်ခန့်ရှိကြောင်း၊ ယင်း၏အပြစ်များ အား တရားသူကြီးရှေ့မှောက်တွင် ယင်းကိုယ် တိုင်ဝန်ခံချက်ပေးပြီးသွားပြီဖြစ်ကြောင်း၊ ယင်း အား ပနံပါတ်(ပ/ ၁၃၉၃)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ဘိုမောင်၏ဇာတိမှာ တစ်နယ် တစ်ကျေးမှဖြစ်သော်လည်း သန်လျင်တွင်ကြီး ပြင်းခဲ့သူဖြစ်ကာ မွေးချင်းခြောက်ဦးရှိကြောင်း၊ သန်လျင်တွင် စားပွဲထိုး စသည့်ကြုံရာအလုပ် များလုပ်ကာ အသက်မွေးသောသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားခဲ့သည့် အောက်တိုဘာ၇ရက် တွင် တက္ကသိုလ်ဘုန်းနိုင်၏ဇနီးဆရာမ ဒေါ်နီနီ ခင် နေအိမ်အတွင်း တစ်ဦးတည်းရှိနေစဉ် ဖုန်းပြင်သမားဟန်ဆောင်ကာ အိမ်တွင်းသို့ ၀င်ရောက်၍ ဒေါ်နီနီခင်အား အုတ်ခဲဖြင့် ထုရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်တွင် အနုကြမ်းစီး ခံခဲ့ရသော အသက်(၇၅)နှစ်အရွယ်ရှိ ဆရာမ ဒေါ်နီနီခင်မှာ ၀ဲဘက်ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များအား အချက်၂၀မှ၃၀ကြားလည်းကောင်း၊ ၀ဲဘက်မျက်ခုံးအထက်တွင် ၁၀ချက်ကျော် လည်းကောင်းချုပ်ခဲ့ရကာ ဦးခေါင်း၊ ပခုံး၊ လက် စသည့်နေရာများတွင်လည်း ညိုမည်း ဒဏ်ရာများရခဲ့ကြောင်း၊ ဦးခေါင်းခွံအနည်းငယ်အက်ကွဲသွားသဖြင့် ဦးနှောက်အတွင်း သွေးအနည်းငယ်ရောက်ရှိခဲ့ရကြောင်းလည်း သိရသည်။ ''ခုတရားခံက အရင်ဖုန်းတွေ ပျက် လို့ ပြင်ရင်၊ လာပြင်တဲ့သူတွေကို ကူညီဖို့ပါပါ လာတတ်တယ်။ အဲဒါကြောင့် သူက အိမ်ကို သုံးခေါက်လောက်ရောက်ဖူးနေတယ်။ အဲဒါ ကြောင့် အိမ်မှာအဘွားတစ်ယောက်တည်း ဘယ်အချိန်တွေရှိတယ်ဆိုတာ သူက သိနေ တယ်ထင်တယ်''ဟု ဒေါ်နီနီခင်၏သားဖြစ်သူ ဆရာဘုန်းတင့်ကျော်က ပြောသည်။

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)
(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)


နှစ် ၆၀ ခန့်ကြာ ပျောက်ဆုံးခဲ့သော တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်ရှာရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံတရပ် ခေါ်ယူကျင်းပရေးကို သဘောတူကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ယနေ့ ပြောဆိုသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရမည်ဟု nld-not-re-register3ဇိုမီးအမျိုးသားကွန်ဂရက် - ဇက်အန်စီက စစ်ကိုင်းတိုင်း ကလေးမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ၂၂ နှစ်မြောက် အခမ်းအနား၌ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့ရာ အန်အယ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများက သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် မဇ္ဈိမက ဦးဝင်းတင်ကို သဘောထား မေးမြန်းကြည့်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ လိုလားသည့် တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် မဖော်ဆောင်နိုင်သဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ဇက်အန်စီက ၎င်းကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအယူအဆ အဘယ်ကြောင့် ပေါ်လာရသနည်း၊ ၁၉၄၇ ခု ပင်လုံစာချုပ်အပေါ် မည်သို့ သက်ရောက်မည်နည်း၊ အန်အယ်ဒီ၏ ဖက်ဒရယ် ပြည်ထောင်စု အမြင်တို့ကို သိရှိနိုင်ရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို မဇ္ဈိမက မေးမြန်းထားသည်။


ဒုတိယကြိမ် ပင်လုံညီလာခံခေါ်ဖို့ လိုတယ်ဆိုပြီး အန်အယ်ဒီက တိုင်းရင်းသားပါတီတွေနဲ့အတူ အကြံပြု လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။ ဒီကိစ္စ ဘယ်လိုစဖြစ်လာတာလဲ ခင်ဗျာ။

“ဒီလိုဗျ။ အန်အယ်ဒီက လုပ်တာမဟုတ်ဘူးဗျ။ ဇိုမီးအမျိုးသားကွန်ဂရက်ကနေပြီးတော့ စပြီး လုပ်တာပဲ။ ဒါတွေအကုန်လုံး စုစည်းတာက တိုင်းရင်းသားခေါင်းဆောင်တွေကို ညှိတာလည်း သူတို့ပဲ။ ပြီးတော့မှ ကျနော်တို့ အန်အယ်ဒီရော၊ ဝါရင့်တို့ဘာတို့ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါဝင်လက်မှတ်ထိုးကြတာ။ ဒီဟာရဲ့ အဓိက ဦးဆောင်ဦးရွက်ပြုတဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ်လည်း ဒါကို စပြီးတော့ စုစည်းတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ် ’’

ဒုဥက္ကဋ္ဌ ဦးတင်ဦးရော၊ စီးအီးစီ ဦးဝင်းတင်ရော လက်မှတ်ထိုးတယ်ဆိုတော့ အန်အယ်ဒီ သဘောထားလို့လည်း ပြောလို့ရမလား။

“အန်အယ်ဒီကတော့ သဘောတူပါတယ်။ ကျန်တဲ့ စီအီးစီတွေလည်း အားလုံးလက်မှတ်ထိုးတယ်ခင်ဗျ။ ကျနော်တို့ ခေါင်းဆောင်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ခေါင်းဆောင်တယ်လို့ ဝင်ပြီးတော့ နေရာယူသလိုဖြစ်မှာ စိုးလို့။ ခေါင်းဆောင်မှုကို စုစည်းတာ၊ ညှိနှိုင်းတာတွေရော၊ ရေးသားဖော်ပြချက်တွေရော အကုန်လုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက လုပ်ကြတာ။ ကျနော်တို့ကို လာပြီးတော့ ပါဝင်ဖို့လုပ်တယ်။ ကျနော်တို့က ပါတယ်။ ပါတာမှ အကုန်လုံး ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိပါလိမ့်မယ်ခင်ဗျ။ သို့သော် ဒီကိစ္စအချိန်မှာ ကျနော်တို့ကတော့ အဆက်သွယ်မရဘူးဗျဲာ’’

ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတော့ သိပြီဆိုရင်ရော လက်ခံမယ်လို့ ယူဆလား။

“တူမယ်၊ တူမယ်။ ကျနော် ယူဆတယ်။ ဒီ ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားလုံးကိုက သူပြောခဲ့တဲ့ စကားလုံးပါပဲ။ အဲဒီတော့ ဘာမှ အထစ်အငေါ့ ရှိမှာ မဟုတ်ဘူး။ နောက်တချက်က ပါတီမှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စမှာလည်း ဦးဥာဏ်ဝင်းကတဆင့် ပြောလိုက်တဲ့ အယူအဆတွေမှာလည်း တွေ့ပါလိမ့်မယ်။ သူ့ရဲ့သဘောထားကို သူပြောပြတယ်၊ သို့သော် ပါတီရဲ့ အဆုံးအဖြတ်ကို သူလိုက်နာပါ့မယ်ဆိုတာ အမြဲတမ်း ပြောလေ့ပြောထရှိတယ်’’

ကျနော်တို့ရလိုက်တဲ့ ကြေညာစာတမ်းမှာ လက်မှတ်ထိုးတဲ့ ခေါင်းဆောင်တွေထဲမှာ ပါသင့်ပါထိုက်သူ အားလုံး မပါဝင်တာကို တွေ့ရပါတယ်။ အဲဒီကိစ္စလေး ရှင်းပြပေးပါခင်ဗျာ။

“တိုင်းရင်းသားတွေကလည်း ဒီကိစ္စလုပ်ရတယ်ဆိုတာ တော်တော်လေးကို သိုသိုသိပ်သိပ် လုပ်ရတဲ့ပုံ ပေါ်တယ်ဗျ။ ကျနော်တို့ဆီကို စာချောတွေပေါ့ဗျာ၊ လက်မှတ်ထိုးဖို့အတွက် ရောက်မလာခင်မှာ သူတို့ဘာသာသူတို့ သိုသိုသိပ်သိပ် ညှိနှိုင်းပြီးတော့ လုပ်ကြတဲ့အခါကျတော့ ကျနော်တို့ ဒီဟာကို ၂၀ ရက်နေ့ကျော်လောက်ကျမှ ဒီအသံတွေ စပြီး ကြားလာသိလာတယ်ပေါ့။ ဆိုတော့ ကျနော်တို့က (ကလေးမြို့ကို) သွားဖို့လာဖို့ လေယာဉ်ပျံတို့ဘာတို့ လက်မှတ်တွေဘာတွေ မရဖြစ်ပြီးတော့ မရောက်တော့ဘူး။ ကျနော်တို့ ရန်ကုန်မှာပဲ လက်မှတ်ထိုးကြရတယ်။ အလားတူပဲ ရန်ကုန်က တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်းတို့၊ နိုင်ထွန်းသိန်းတို့၊ ဦးအေးသာအောင်တို့ ဘာတို့ဆိုရင် မသွားနိုင်ကြဘူးဗျ’’

လက်မှတ်ထိုးတဲ့ထဲမှာ ဦးအေးသာအောင်ကို မတွေ့ပါဘူး။ စီအာပီပီ (လွှတ်တော်ကိုယ်စားပြု ကော်မတီ) အနေအထားကရော ဘယ်လိုရှိပါလဲ။

“ပါမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါတွေလုပ်တဲ့အချိန်မှာ ဦးအေးသာအောင်ဆိုရင် အန်အယ်ဒီနဲ့ ကချင်ကို ပါသွားတာ။ စီအာပီပီ တခုလုံး ပါမှာပါ။ စီအာပီပီ ထဲမှာ ပါတဲ့ ဦးသိန်းဖေဆိုပါတော့ ကျနော်တို့ အခုထိ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ပါမယ်လို့ ယူဆပါတယ်။ သူက အဲဒီအချိန်မှာ အန်အယ်ဒီ ချင်းတောင်အဖွဲ့နဲ့ လိုက်သွားတယ်ဗျာ။ အပြန်မှာ သူက ကလေးမှာ ဝင်နားပြီးတော့ ဒီအခမ်းအနားကို တက်မှာဗျ။ အဲဒီလိုပေါ့ဗျ။ တချို့ဟာတွေက အစည်းအဝေး တက်ပြီးတော့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလေ’’

ဒုတိယပင်လုံညီလာခံ လုပ်ကြရမယ်ဆိုတော့ ၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဆောင်ရွက်ချက်အပေါ် ထိခိုက်သွားနိုင်မလားခင်ဗျာ။

“မဖြစ်ပါဘူး။ ဒီပင်လုံညီလာခံရဲ့ အနှစ်သာရက တိုင်းပြည်ထူထောင်မယ်ဆိုတော့ အင်္ဂလိပ်က တိုင်းတွေ၊ ပြည်နယ်တွေ၊ တောင်ပေါ်သားတွေဆိုပြီး ခွဲထားခဲ့ချင်တယ်။ တချို့ကလည်း ဗမာနဲ့အတူ လွတ်လပ်ရေး တွဲလိုချင်တယ်။ တချို့က ဗမာနဲ့တွဲ လွတ်လပ်ရေး မလိုချင်ဘူးပေါ့။ ဗမာဘက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာစကားအရဆိုရင် တို့တော့ လွတ်လပ်ရေးရပြီ၊ ခင်ဗျားတို့ လွတ်လပ်ရေး ကျုပ်တို့နဲ့အတူ ပါမယ်ဆိုရင် ကျုပ်တို့ တတွဲထဲ တွဲခေါ်မယ်ဆိုတဲ့ ပုံစံမျိုး ချဉ်းကပ်တာကိုး။ နောက်ဆုံးပိတ်ကျတော့ တိုင်းရင်းသားတွေကလည်း ဗမာနဲ့အတူ လက်မှတ်ထိုးခဲ့ကြတယ်။ အခြေခံက စစ်မှန်တဲ့ ပြည်ထောင်စုပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောတူတယ်’’

“အခု နှစ်ပေါင်း ၆၀ လောက် မဆလခေတ်တို့၊ စစ်အာဏာရှင်စနစ်တို့ကို ကျော်ဖြတ်လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ စစ်မှန်သော ပြည်ထောင်စုဆိုတဲ့ သဘောထားတွေ ပျောက်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာလည်း ပျောက်ဆုံးလာတယ်။ အမျိုးသားညီလာခံဆိုတာ ပေါ်လာတဲ့အခါကျတော့ တိုင်းရင်းသားတွေက တို့များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တန်းတူမှုတို့၊ စစ်မှန်တဲ့ ပြည်ထောင်စုတို့ ရနိုင်မလားဆိုပြီး အပစ်ခတ်ရပ်စဲကြတယ်။ ၁၉၉၃ မှစတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ခဲ့တယ်။ သို့သော် ဘာမှ ပြောခွင့်ဆိုခွင့် မရဘူး။ ပြည်ထောင်စုနဲ့ ပတ်သက်လို့၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ တင်ပြသမျှတွေဟာ ဘာတခုမှ အရာမထင်ခဲ့ဘူး’’

“အခုနောက်ပိုင်း နယ်ခြားစောင့်တပ် ဆိုတာမျိုးတွေ ပေါ်လာတဲ့အခါကျတော့ ပြည်တွင်းစစ်မီး တောက်မယ့် အနေအထားတွေကလည်း ပေါ်လာတယ်ပေါ့ဗျာ။ မြောက်ပိုင်းဆို သေနတ်သံတွေတောင် ပေါ်ခဲ့ပြီပဲ။ နယ်ခြားစောင့်တပ် မအောင်မြင်ဘူးဆိုတာ ဒီကေဘီအေက နယ်ခြားစောင့်တပ်ကို လက်ခံသူက လက်ခံ၊ လက်မခံသူက လက်မခံဘူး။ ကေအန်ယူကတော့ နဂိုကတည်းက လုံးဝ မပါဘူး။ ဆိုတော့ ဘာပဲပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပဲ’’

“စစ်အစိုးရကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် လက်နက်ကိုင် တပ်မှန်သမျှဟာ တပ်ချုပ်အောက်မှာ ရှိရမယ်ဆိုတဲ့ အယူအဆအတိုင်းဆိုရင် ရွေးကောက်ပွဲအပြီး ကာလဆိုရင် အခြေခံ ဥပဒေ အတည်မဖြစ်ခင်သော်လည်းကောင်း၊ ဖြစ်ပြီးရင်သော်လည်းကောင်း ဒါကို အကောင်အထည်ဖော်ရတော့မယ်။ မပေါ်ဘဲနဲ့ ဆိုလို့ရှိရင် နယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်ဆိုရင် စစ်ပြန်တိုက်ရုံပဲ ရှိတော့မှာပေါ့’’

“အဲဒီအခြေအနေမှာ ကျနော်တို့က ဗိုလ်ချုပ်တို့လုပ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်တဲ့ ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ကြမယ်။ တန်းတူညီမျှမှုကို အသိအမှတ်ပြုမယ်ဆိုတဲ့ ဒါက ပြန်ပြီးတော့ ကြွလာတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလည်း မဟုတ်ဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ပေါ်လာရင် ၁၉၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ထားခဲ့တဲ့ သို့မဟုတ်လည်း ပင်လုံမှာ ကိန်းအောင်းနေတဲ့ နိုင်ငံရေး ဝိညာဉ်တွေဟာ အကုန်လုံး ပပျောက်သွားမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ အခု ပေါ်လာတာ။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ်တာ မဟုတ်ဘူးလို့ ပြောမယ်’’

နအဖရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်အပေါ်မှာရော အန်အယ်ဒီက ဘယ်လိုမူဝါဒရှိပါလဲ။

“ဒီတိုင်းရင်းသားတပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ ပေါ့ဗျာ။ သူတို့ရဲ့ တော်လှန်ရေးတွေပဲခေါ်ခေါ်၊ ရုန်းကန်မှုတွေပဲခေါ်ခေါ်၊ အကုန်လုံးဟာ နိုင်ငံရေးအခြေခံနဲ့ပဲ။ စစ်တပ်ထဲဝင်ဖို့သော်လည်းကောင်း၊ လက်နက်ချပြီးတော့ နယ်ခြားစောင့်တပ်လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့၊ ရဲတို့ဘာတို့ လုပ်ဖို့လို့ ပြောလို့မရဘူး။ တိုင်းရင်းသားအခွင့်အရေး နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ စခဲ့တာ။ ဘိန်းစစ်သားတွေ ဖြစ်သွားတာလည်း ရှိတာပေါ့ဗျာ။ လက်နက်ချသွားတာလည်း ရှိတာပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စတာဖြစ်တယ်။ အဲဒါကြောင့် နအဖရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယူဆတယ်။ နယ်ခြားစောင့်တပ်နည်းနဲ့ တိုင်းရင်းသားပြဿနာ၊ နယ်ခြားပြဿနာတွေကို ဖြေရှင်းတာထက် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဖို့ကောင်းတယ်လို့ အန်အယ်ဒီက သဘောထားရှိပါတယ်’’

နယ်စပ်တွေက ဗမာ တိုင်းရင်းသားမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဒေသတွေဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အန်အယ်ဒီရဲ့ မူဝါဒကရော ဘယ်လိုရှိပါသလဲ။

“အဲဒီလောက်အထိတော့ ကျနော်တို့က စောစောစီးစီး ကြိုပြောဖို့တော့ ခက်တယ်။ ကျနော်တို့က အာဏာရ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အာဏာနဲ့လည်း အများကြီး ကင်းဝေးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ ဒါပေမယ်လို့ ကျနော်တို့ဟာ ဒီဖက်ဒရယ်မူဆိုတာကို ယုံကြည်လို့ အကောင်အထည် ဖော်ပြီဆိုရင် ဖက်ဒရယ်မူဟာ ခွဲထွက်ခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။ စစ်မှန်သော ပြည်ထောင်စုလို့ ဆိုခြင်းအားဖြင့် ဒီပြည်ထောင်စု လုံခြုံရေးအတွက်ကို ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားတွေကြားထဲကနေ အလိုလိုပေါ်လာမယ်လို့ ကျနော်တို့က ယုံကြည်တယ်’’

အပစ်ရပ်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ မွန်ပြည်သစ်၊ ဝ’ လို အဖွဲ့တွေလည်း ရှိသလို၊ အပစ်မရပ်ထားတဲ့ ကရင် (ကေအန်ယူ)၊ ကရင်နီ (ကေအန်ပီပီ)၊ တခြား တိုင်းရင်းသား အဖွဲ့တွေ ရှိတယ်။ သူတို့တွေအတွက်ရော ဘယ်လို အခန်းကဏ္ဍ ရှိမယ်လို့ ယူဆထားလဲ။

“ဒီဟာတွေကလည်း တနေ့သောအခါမှာ ပါလာမှာပဲလို့ ကျနော်တို့ ယူဆတယ်။ ကျန်တာလည်း ကျန်နေမှာပဲ။ တချို့သော အဖွဲ့အစည်းများဟာ နိုင်ငံရေးဆိုတာထက် သူတို့ရဲ့ အဖွဲ့အစည်း ရပ်တည်မှု၊ စီးပွားရေးဘာညာ စသည်ဖြင့် လုပ်သွားတာ။ ခေတ်အဆက်ဆက် ရှိနေတာပဲ။ နိုင်ငံရေး ဦးဆောင်မှုကလည်း ပုံမှန်ပေးနေတယ်ဆိုရင် ဒါတွေဟာ ကင်းကွာစရာ သိပ်မရှိဘူးလို့ ယုံကြည်ပါတယ်’’

ဒုတိယပင်လုံညီလာခံမှာ လက်ရှိ ဗမာ့တပ်မတော်ပဲခေါ်ခေါ်၊ နအဖတပ်ပဲခေါ်ခေါ် အဲဒါရဲ့ အခန်းကဏ္ဍကျတော့ရော။

“တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေက သူတို့နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုနေတာ နှစ်ပေါင်း ၂၀ ကျော်။ ပါမှ မပါခဲ့တာ။ အခုလည်း မြန်မာပြည်ရဲ့ ဆွေးနွေးညှိနှိုင်းမှုမှာလည်း တပ်မတော်ပါလာဖို့ အခန်းကဏ္ဍကတော့ မရှိသေးဘူးလို့ ပြောရမှာပဲ’’

ဒုတိယပင်လုံညီလာခံ အယူအဆက အန်အယ်ဒီနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံရေးတွေအပေါ် ရှုတ်ထွေးမှု မဖြစ်နိုင်ဘူးလား။

“မဖြစ်နိုင်ပါဘူး။ ဟိုကိစ္စတွေက သီးခြားကိစ္စပဲ။ ဆွေးနွေးချက်တွေက လုပ်နေရမှာပဲ။ ဥပမာဆိုရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုများဆိုတာ နှစ်ဖွဲ့ဖြစ်ပြီ။ အဲဒီမှာ တပ်မတော် မပါဝင်တဲ့အတွက် ကုလသမဂ္ဂတို့ဘာတို့က ပြောနေတဲ့ ၃ ပွင့်ဆိုင် မဖြစ်ဘူး။ ဒါပေမဲ့ အနည်းဆုံး ၂ ပွင့်ဆိုင်တော့ ဖြစ်တယ်။ နောက်တခုကလည်း ပြည်ထောင်စု စစ်စစ်ပုံစံကို လက်ခံတယ်ဆိုကတည်းက ဒီ သူတို့ရဲ့ အခြေခံဥပဒေနဲ့တော့ မတူဘူးပေါ့။ သူတို့ကတော့ ပြည်ထောင်စု စစ်စစ်ဆိုတာနဲ့ အတော်ကင်းကွာပြီးတော့ စစ်ပြည်ထောင်စုစနစ် ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာဆိုတော့။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပြဿနာနည်းနည်း ရှိမှာပေါ့။ သို့သော် ဒါတွေက ညှိနှိုင်းသွားရမှာပေါ့’’

ဒုတိယ ပင်လုံညီလာခံက ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်မှာလား။ ရွေးကောက်ပွဲပြီးမှ ဖြစ်မှာလား။

“အချိန်ကတော့ အလွန်ကို ကပ်နေပြီ။ ညီလာခံတခု ကျင်းပတယ်ဆိုတာက လာဟေ့ .. လာထိုင်ကြမယ်ဆိုပြီးတော့ လက်ဖက်ရည်ဆိုင် ထိုင်သလိုမျိုး မဟုတ်တဲ့အခါကျတော့။ အားလုံး ကြိုတင်ပြီးတော့ ညှိရမယ်။ ကျနော်ထင်တယ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်ဘူးပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်မြန် ရုပ်လုံးပေါ်အောင်တော့ ကြံရွယ်ချက်ရှိတယ်’’

နအဖကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ လုပ်မယ့်သဘော မြင်ရပါတယ်။ တချို့ ပါတီတွေကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်တာ မကြိုက်တာ ရှိနေတယ်။ နောက်ပေါ်လာမယ့် အစိုးရတရပ်နဲ့ရော ဒီအယူအဆက ထိပ်တိုက် မတွေ့နိုင်ဘူးလား။

“ဒါလည်း မဖြစ်ပါဘူးဗျာ။ အစိုးရတွေဆိုတာက တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို မိမိတို့နဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ညှိနှိုင်းဖြေရှင်းရမယ့် ဝတ္တရား ရှိပါတယ်ဗျာ။ စစ်အားဖြင့် ဖြေရှင်းမယ်ဆိုရင်တော့ ဒါက မမှန်ဘူးလို့ ကျနော်က ယူဆတာကိုး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ သေနတ်နဲ့ပစ်မယ်၊ ထောင်ထဲဆွဲသွင်းမယ်ဆိုရင် မမှန်ဘူး။ နောက် အစိုးရတက်လာရင် နောက်အစိုးရနဲ့ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းဆိုတာ ရှိမှာပဲ’’

ရင်းမြစ်....(မဇ္ဈိမ)

စိတ်တ္တဇ ဆေးရုံအားကိုးနဲ့ မိုးခါးရေသောက်ခြင်သူများ

ဆန်ကွဲဘန်းလေးရယ်အလယ်က မဲပြားလေးက ကျွန်တော်ကိုပြုံးကြည့်နေတော့

ဖုန်းမော် ကငေါက်တယ်……………

ဝင်းမော်ဦးက … ၀မ်းနည်းတဲ့မျက်နှာလေးနဲ့

တို့… နင်တို့အတွက်.. အသက်ပေးသွားတာ တကယ်ပါ ဟယ်တဲ့။

ကိုမင်းကိုနိုင်ကတော့.. သံတိုင်လေးကိုမှီရင်း… တိုးတိုးလေးကပ်ပြောရှာတယ်

ကိုယ့်လူ------ ငတေမာတွေကို… သတိထားတဲ့။

မျက်လုံးအစုံကိုသေသေချာချာ ပွတ်ကြည့်တော့မှ…..

အန်တီစု------------

ဆင်ဝင်အောက်က … ခုံလေးပေါ်မှာထိုင်ရင်း………..

ခွင့်လွှတ်တဲ့… အပြုံးတွေနဲ့….

ဒီပဲရင်းမှာ “ ငါ့ကိုတကယ်သတ်တာ ” တကယ် ပါ သားရယ်……..

အိမ်ရှေ့မှာတော့ င်္ခြသေ့အလံနဲ့လူတွေ … မိုးခါးရေတိုက်ပြီး… မဲပြားလေးတွေကို

ဆန်ကွဲဗန်းလေးတွေပေါ်… လိုက်တင်ပေးနေလေရဲ့……..

လာမဲ့.. သက္ကရာစ်…၂၀၅၀ မှာ တနေ့ကို လျှပ်စစ်မီး.. ၄နာရီပုံမှန်ပေးနိုင်ဘို့…

ကျွှန်းသစ်တွေ၊ကျောက်စိမ်းတွေ၊ရွှေမှော်တွေကို ပါးစပ်ထဲမှာဝါးလိုက်.. ထွေးထုတ်လိုက်နဲ့..

အပြည့်အ၀.. အာမခံနေတုန်း…

အိမ်ရှေ့ခန်းက ထရံမှာ… နေရှုးနဲ့အတူယှဉ်တွဲရပ်နေတဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက

ဆင်းလာတဲ့ပြီး… ကျွှန်တော့် နားရင်းကိုအုပ်လိုက်တယ်…….

ဟိတ်ကောင်………………….

စိတ္တဇ…ဆေးရုံအသစ်ကြီး နေပြည်တော်မှာ အကြီးကြီးဆောက်နေတာ.. မင်းမသိဘူးလား

အတော် “ အ ” တဲ့ကောင်… အဲဒါ မင်းတို့အတွက်… အကောင်ရဲ့တဲ့……

မိုးခါးရေခွက်လေးက .. ကျွှန်တော်လက်ထဲမှာ………

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်သတင်းစာဆရာကြီးဦးဝင်းတင်အားအမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံယူခဲ့ပါတယ်။

ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသားကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံဥပဒေလည်း ကျွန်တော်တို့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင်စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုးအားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ်ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။,

ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLDပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့်ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသားကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မဲမပေးခင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

[img]
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲလဲ၊ ဘာအတွက် ဆန္ဒမဲ ထည့်မှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲ ၁၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေကို အထူးမှာကြားလိုက်တယ်လို့ အောက်တိုဘာ ၂၆ ရက် ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။

၂၉ ရက်နေ့ နေပြည်တော်မှာ ကြားနာမဲ့ အထူးအယူခံကိစ္စ ဆွေးနွေးဖို့ ရှေ့နေဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦး ဒီကနေ့ နေ့လည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပြီး အဲဒီတွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။


တဆက်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ရှေ့နေတွေကတဆင့် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogA8S6_kxftH_KK7BZ1NuQKO04e2DXyqEqVkePlEL_VXnwI8P0Bb7g4FVHGRafrdtvbV6DQJWIqwxP-OO1ah0mW862rOEOK5aFPsOAvvdUF3cTYH17h6vPiJL91kEob4JlSQ3FcIUbzqY/s400/DASSK.jpg[/img]

ပြည်ပအဖွဲ့အစည်းတွေကိုအကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများဆိုပြီးပြောဆိုခဲ့တဲ့ နအဖက(NCGUB)အလံကို တရားဝင်ထုတ်ပြီးဘာကြောင့်ယူသုံးထားပါသလဲ

မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေရန် ရရှိထားပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှောင့်နှေး ရပ်တန့်သွားစေရန် မလျော်ကန်သည့် အကြံဆိုးများဖြင့် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများ၏ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ကြံစည်ကြိုးပမ်း ဆောင်ရွက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ ပူးပေါင်းကူညီမှုဖြင့် လက်ဦးမှုရယူ ဖမ်းဆီးနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၄ ရက်နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ သတင်းပေးချက်အရ သင်္ကာမကင်းဖွယ်ဖြစ်သူ လှည်းကူးမြို့နယ်နေ အောင်မျိုးသူ ၂၉ နှစ်အား ပဲခူးဒီဂရီကော်လိပ်ရှေ့အများသုံး တယ်လီဖုန်းရုံအနီး၌ တွေ့ရှိသဖြင့် ခေါ်ယူစိ စစ်မေးမြန်းခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ၄င်းသည် ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) ရွှေနှလုံးတော်ဘုရား ကျောင်းဝင်းအနီး၌ မြေမြှုပ်သိုဝှက်ထားသည့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို လာရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း၊ ၄င်းကို စေခိုင်းသူမှာ မင်းမင်းထွန်းဆိုသူ ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသဖြင့် မင်းမင်းထွန်း (ခ)လပြည့် (ခ)ခင်ဇော်အား အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲတွင် ဒေသခံပြည်သူများ၏ အကူအညီဖြင့် ပဲခူးမြို့ ဇိုင်းဂနိုင်(တောင်)ရပ်ကွက်ရှိ ဟဒယလက်ဖက်ရည်ဆိုင်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

၎င်းတို့အား ဆက်လက်စစ်ဆေး ဖော်ထုတ်ရာမှ ပဲခူးမြို့ဥဿာမြို့သစ်ရပ်ကွက် ကြီး(၈)ရွှေနှလုံးတော် ဘုရားကျောင်းအတွင်း နေထိုင်ကြပြီး ဖောက်ခွဲရေးပစ္စည်းများကို လက်ခံသိုဝှက် သိမ်းဆည်းထားသည့် ၀င်းမြင့်၊ တစ်ဖက်နိုင်ငံ၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ပဲခူးမြို့ ရပ်ကွက်ကြီး(၈) အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီရုံးကို မိုင်းထောင် ဖောက်ခွဲခဲ့သူ ထွန်းဦးနှင့် ဆက်စပ်တရားခံဖြစ်သော ကံမင်းသာ(ခ) ဆရာကံ(ခ) ဖရန်စစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား စိစစ်ဖော်ထုတ်ချက်များအရ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ပဲခူးမြို့ ရွှေနှလုံးတော် ဘုရားကျောင်းအနီး ဘုရားသုံးဆူ သချိင်္ိုင်းအစပ်၌ ပလတ်စတစ်ပုံး အတွင်းထည့်၍ မြေမြှုပ် သိုဝှက်ထားသော TNT ယမ်းတုံး (၂၀၀)ဂရမ် ၅ တုံး၊ လျှပ်စစ်ဒီတိုနေတာ ၁၀ ချောင်း၊ ယမ်းကြိုး ၈ ပေ၊ ၉၁ လက်ပစ်ဗုံး (ဖြူးစ်ပါ) ၁ လုံး၊ အဝေးထိန်းခလုတ် ၁ ခု၊ ချိန်ကိုက်နာရီ ၁ လုံး၊ ဓာတ်ခဲထည့်အိမ် ၃ ခု၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ ရှော့တိုက်မီးသီး ၁ လုံးတို့ကို ဆက်လက် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို တစ်ဖက်နိုင်ငံမှတစ်ဆင့် ပေးပို့အပ်နှံ စေခိုင်းသူ ABSDF အကြမ်းဖက်သောင်းကျန်းသူ ဖောက်ခွဲရေးသမား အောင်ဝင်းနိုင် (ခ)စတီဗင် (ခ)ထွန်းထွန်း ဆိုသူဖြစ်သည်။ ၄င်းသည်ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို KNU သောင်းကျန်းသူ အဖွဲ့ထံမှတစ်ဆင့် ပဲခူးမြို့ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) ရွှေနှလုံးတော်ဘုရားကျောင်းအတွင်း နေထိုင်သော ၀င်းမြင့်ထံ ဆက်သွယ် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ၁၀ မိုင်ကုန်းတ၀ိုက်၌ လတ်တစ်လော ဖောက်ခွဲဖျက်ဆီးရန် သတ်မှတ်လျာထားခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ လူအများအေးချမ်းစွာ စုစည်းသွားလာတတ်သည့် စည်ကားရာ နေရာများ၌ ဖောက်ခွဲဖျက်ဆီးရန် စီမံဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်ဟု ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ထုတ်အာဏာပိုင်တွေရဲ့သတင်းဌာန မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။
အစိမ်းရောင်လူသား

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။

ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။

ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။


ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။

မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။

သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။

ဘ၀တွေက ဖရိုဖရဲ။

မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။

လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။

ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။

သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။

တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။

အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။

မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။

နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။

ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။

ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။

ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။

ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။

အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊ နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။
ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။


စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။

မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။

သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။
ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။

မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။ိ
အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။

ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။

အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။

ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။

ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။

မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။

လူစိတ်မပျောက်ခင် … အသိရောက်။

အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။

ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။

ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။

ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။

ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။

အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။

ဒီအချိန်မှာ ကလေးက နှစ်ယောက်။

မဟေသီက တစ်ယောက်။

လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။

သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ။

ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။

ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။

ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။

ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။

သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။

ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။

ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။

ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။

ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။

“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။

မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။

မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။

ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။

ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။

ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။

ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။

သားနဲ့သမီးလည်း … အဝေးကိုရောက်။

သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။

ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။

ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။

ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။

သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။

အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။

ကျွန်ုပ်ရသလို … ရကြပါစေ။

ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။

ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။