Wednesday, October 27, 2010

စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက်တိုးမြင့်လုပ်ဆောင်

အေအက်ပီ၊ ၂၇ အောက်တိုဘာ ၂၀၁၀

အောင်မြင်။ ။မြန်မာစစ်အာဏာရှင်တို့ဟာ အဆင့်မြင့်ညူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက် မြောက်ကိုရီးယား အဆင်မြင့်သိပညာရှင်များအကူအညီဖြင့် အရှိန်မြင့်ဆောင်ရွက်နေကြောင်းသတင်းများထွက်ပေါ်နေသည်။
နော်ဝေးနိုင်ငံအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံမှမြန်မာ့စစ်အာဏာရှင်တို့ညူကလီယားပိုင်ဆိုင်မှုကြိုးပမ်းချက်လျို့ဝှက်မှတ်တမ်းများကိုပြီးခဲ့သည့်ဂျွန်လကနိုင်ငံတကာကိုထုတ်လွှင့်တင်ပြခဲ့သည်။ထိုထုတ်လွှင့်ခဲ့သော မှတ်တမ်းဓါတ်ပုံများ၊စာတမ်းများအရ နိုင်ငံတကာညူကလီးယားစွမ်းအင်အေဂျင်စီမှဒါရိုက်တာဟောင်းရောဘတ်ကယ်လီကညူကလီယားထုတ်လုပ်မှုကြိုးပမ်းနေသည်မှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။

မြန်မာစစ်အဏာရှင်တို့ဟာ မြေအောက်ဥမင်များအတွင်းတွင် မြောက်ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်နိုင်ဖို့ကြိုးစားနေကြောင်း၊ မြန်မာစစ်အစိုးရ ကြိုးစားနေမှုများသည် တိုးတက်ကောင်းမွန်သည့် အဆင့်ကိုတော့မရောက်သေးကြောင်း ထိုင်းနိုင်ငံသတင်းထောက်များအသင်းတွင် အင်္ဂါံနေ့ကပြောဆိုလိုက်သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့ ညူကလီယားထုတ်လုပ်နိုင်ဖို့အစီအစဉ်ကို အတွေ့အကြုံရှိပြီးသောနိုင်ငံတခုက နည်းပညာ၊ကျွမ်းကျင်ပညာ၇ှင်၊လိုအပ်သောပစ္စည်းများကိုကူညီပံပိုးပေးရင်တော့မြန်မြန်ဆန်ဆန်ဘဲညူကလီးယားလက်နက်ပိုင်ဆိုင်သွားကြောင်း၊ ထိုသို့ ကူညီပံ့ပိုးမယ့် နိုင်ငံဟာလည်း မြောက်ကိုရီးယားနိုင်ငံဖြစ်တယ်လို့ သူယုံကြည်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နိုဝင်ဘာ ( ၇ ) ရက်နေ့ မှာနှစ်၂၀အတွင်းပထမဆုံးအကြိမ်ကျင်းပတော့မယ် ရွေးကောက်ပွဲကြောင့် မြန်မာစစ်အာဏာပိုင်တို့ရဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညူကလီးယားလက်နက် ထုတ်လုပ်မှုကြိုးမှုကို အနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယူဆထားသည်။

ဒီမိုကရက်တစ်မြန်မာ့အသံရဲ့မှတ်တမ်းသတင်းထဲမှာပါတဲ့ထောင်ပေါင်းများစွာသောဓါတ်ပုံတွေနည်းပညာအချက်အလက်အချို့နဲ့ပစ္စည်းတွေ၊စမ်းသပ်ချက်တွေ၊မြေအောက်ဥမင်တွေလျို့ဝှက်စွာဆောက်လုပ်နေမှုတွေဟာမြောက်ကိုရီးယားနည်းပညာအဖွဲ့ကကူညီပေးတယ်ဆိုတာထင်ရှားသောသက်သေများဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရမှ မြန်မာစစ်အာဏာရှင် နှင့် မြောက်ကိုရီးယား ပူပေါင်းပြီး စွမ်းအားမြင့်ညူကလီးယားလက်နက်ထုတ်လုပ်နိုင် ကြိုးပမ်းဆောင်ရွက်မှုများကို အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများမှလာမည့်ရွေးကောက်ပွဲကိုမျော်လင့်နေကြမယ့်အနောက်နိုင်ငံအစိုးရများကတော့ရွေးကောက်ပွဲပြီးတက်လာမယ့် အရပ်ဝတ်အစိုးရသစ်ရဲ့နောက်ကနေ စစ်တပ်က အာဏာဆက်ကိုင်ထားမယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေကြကြောင်းပြော
ဆိုခဲ့သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့စစ်အစိုးရရဲ့ ညူကလီးယားပိုင်ဆိုင်မှုကြိုးပမ်းချက်အစီအစဉ်မှာ ပြည်ပအကူအညီမပါဘဲ ပိုင်ဆိုင်ဖို့ ကို သံသယဖြစ်စရာမလိုကြောင်း၊ ထိုင်းပြည်သူတွေရဲ့လုံခြုံမှုကိုပြောရရင်တော့ နှစ်အနည်းငယ်အတွင်းလုံခြုံမှုရှိမှာဖြစ်ပြီး၊ မကြာခင်နည်းအနည်းငယ်အတွင်းမှာတော့ မြန်မာအစိုးရပိုင်ဆိုင်လာနိုင်ကြောင်းပြောဆိုခဲ့သည်။

No comments:

Post a Comment