ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ ကျနော်တို့လူတွေ ပူးပေါင်းပြီးတော့ နအဖ ခလရ(၂၈၃)နှင့် ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။
လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တ၀က်ခန့်ကို ၀င်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်
ကေအဲန်ယူ၏ ပြောပြချက်အရ လက်ရှိအချိန်တွင် ဘုရားသုံးဆူ၌ ဒီကေဘီအေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုရားသုံးဆူမြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင်ဆင်နေရ ကြသည်ဟု မြို့ခံတဦးက ပြောသည်။
သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။
No comments:
Post a Comment