Tuesday, May 11, 2010

မြန်မာပြည် ပြသနာ ဖြေရှင်းနည်း

တနေ့သောအခါ အလ္လါအရှင်မြတ်ရယ်၊ ယေရှုခရစ်တော်ရယ်၊ သကြားမင်းဦးမာဃ
တို့က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ သဘောတူညီချက်
တွေ ရခဲ့ကြတယ်။ အလ္လာအရှင်မြတ်က အိုစမာဘင်လာဒင်ကို သွားတွေ့မယ်။
ခရစ်တော်က သမ္မတ ဘုရှ်ကို ဖြောင်းဖျမယ်။ ဦးမာဃ ကတော့ ဗိုလ်ချုပ်မှူးကြီးကို
တာဝန်ယူရမယ်တဲ့။
ဒါနဲ့ ဘာသာကြီး (၃)ခုရဲ့ တန်ခိုးရှင်တွေက ရက်ကောင်းရက်မြတ် ရွေးပြီးသကာလ
ကမ္ဘာကျော် အကြမ်းဖက်သမား (၃)ဦး နဲ့တွေ့ကြတယ်။ တွေ့တဲ့နေရာက ဟိမဝန္ထ္တာ
တောင်ခြေက လှိုဏ်ဂူတစ်ခုမှာပါ။ အနှောင့်အယှက်မရှိ စကားပြောလို့ရအောင်
ဝင်ပေါက်မှာ လုံခြုံရေးအစောင့်တွေ ချထားလိုက်တယ်။
အဲသလိုနဲ့တွေ့ကြပြီး ( ၃ )နာရီအကြာမှာ ခရစ်တော်က သမ္မတဘုရှ်နဲ့အတူ ဂူထဲက
နေ ထွက်လာတယ်။ ခရစ်တော်က ပြုံးနေတယ်။ ဘုရှ်ကတော့ အကျွတ်တရား
ရသွားဟန်ရှိပါတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
ခရစ်တော် ။ အခုအချိန်ကစပြီး စစ်ပွဲတွေ ရပ်စဲတော့မယ်။ သမ္မတဘုရှ်က ငြိမ်းချမ်း
ရေးရဲ့တန်ဖိုးကို သတိထားမိသွားပြီ။
နောက်ထပ် ( ၃ ) နာရီအကြာမှာ အလ္လာအရှင်မြတ်က ဂူထဲကနေ ထွက်လာတယ်။
၃၂
ဘင်လာဒင်လည်း ပါလာတယ်။ ဘင်လာဒင်ပုံစံက အလ္လာကို ပို၍ပို၍ ရိုသေ
လေးစားနေဟန် ပေါ်လွင်နေတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
အလ္လာ ။ ဘင်လာဒင်ကို လူကောင်းသူကောင်းဖြစ်အောင် ပြောင်းလဲလိုက်နိုင်ပါပြီ။
အခုအချိန်ကစပြီး သူဟာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ပါတ်သက်တော့မှာ မဟုတ်
ပါဘူး။
နောက်ထပ် ( ၃ ) နာရီ အကြာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေ ဂူထဲကနေ
ထွက်လာတယ်။ ဒေါသတထောင်းထောင်းနဲ့ပေါ့။ သူ့နောက်မှာ ဦးမာဃကြီး
စိတ်ပျက်လက်ပျက်နဲ့။
အစောင့်များ ။ ဘယ်လိုဖြစ်တာလဲ အရှင်။
ဦးမာဃ ။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့လိုပြီဆိုတဲ့အကြောင်း သန်းရွေကို တတ်နိုင်
သလောက် နားချပါတယ်ကွာ။ ဒီတော့ သူက ငါ့ကို ပုဒ်မ ၅(ည) အရ အပြစ်ရှိ
တယ်လို့ စွတ်စွဲပါလေရော။ အခုငါ့ကို အင်းစိန်ထောင်ပို့မလို့ တဲ့ကွာ။

No comments:

Post a Comment