Wednesday, October 27, 2010

သို့

27.အောင်တိုဘာ.2010

တော်လှန်ရေးနိုင်ငံရေးသမားများ

ကျွန်တော်မြန်မာနိုင်ငံသားတဦးပါ

မြန်မာနိုင်ငံအရေးနှင့်ပါတ်သက်၍စကားနည်းနည်းပြောချင်းပါတယ်။
အရှုံးပေးလျှင်အရှုံူးဖြစ် သလိုအလှေပေးခြင်းသည်လည်အရှုံးဘဲဖြစ်ပါတယ်။
လွန်ဆွဲတာကိုကြည်ပါ တဖတ်ဆယ်ဦးထဲမှ နှစ်ယောက်အလျှော့ပေးလိုက်လျင် အနိုင်မရဘဲ အရှုံဖြစ်သွားမှာသေးချာပါတယ်။
မြန်မာနိုင်ငံအရေးနဲ ပတ်သတ်လျှင်သိ၍စကားပြောနေကြတာဘဲ
တောက်လျှောက်ကြားနေရပါတယ်။ပြောသောကျားပွဲကြီးကိုဘဲဆင်နွဲနေကြ
တာကိုဘဲကြာသိနေကြပါသည်။ဒီလိုသဘောရပါတယ်၊ဒီလိုရှိပါတယ်၊ဟိုလို
ရှိပါတယ်၊ဒီလိုဘဲပြောချင်ပါတယ်ဆိုတာတွေချည်းဘဲကြာနေရပါတယ်။ဒီတော့
အားလုံးကိုခြုံပြီးပြောလိုက်လျှင် ပြောကြားပွဲကြီးချနေတာကိုဘဲကြာသိနေရပါ တယ်
သစ္စာမဂ္ဂဇင်းစာအုပ်ထဲက ကဗျာတပုဒ်လိုပါဘဲ..အနည်းငယ်တင်ပြပါ
မည်။အရက်ဝိုင်းတခုမှာ အရက်တလုံးပြီးတလုံး တယောက်ကဆင်ဖမ်းမယ်
တယောက်က ကျားဖမ်းမယ်၊အမြည်းက တပွဲပြီးတပွဲ လူတွေကြည်တော့ခွေး
သေးနံကမစင်သေး။
ကွန်ပျူတာကွန်ယက်မှာ တိုက်လိုက်ကြတဲ့စစ်ပွဲတွေ ရန်သူသွေးတစက်
တောင်မကျသေးဘူး။သစ္စာမဂ္ဂဇင်းစာအုပ် ထဲမှကဗျာတပုဒ်၏ဆိုလိုရင်ကို မဖျတ်
ကျွန်တော်ရေးသားဖေါ်ပြလိုက်ပါ၏။
သက္ကရာဇ်နှစ်ပေါင်နှစ်ထောင်ကျော် နှစ်ထောင့်တစ်ဆယ် ကမ္ဘာပေါ်မှာ
အညံဖျင်းဆုံး လူသားတွေဘယ်နေရာမှာရှိသလဲလို မေးလာခဲပြောလာခဲ့ရင်အာရှ
တိုက်၏မြေကြီး တနေရာကိုပိုင်ဆိုင်ထာသော မြန်မာနိုင်ငံမှ လူသားတွေကိုဘဲ
လက်ညှိုးထိုးပြရမှာဘဲ။နှစ်ပေါင်းနှစ်ထောင်၏အဆုံးစွန်ဖြစ် တထောင့်ကိုးရာမှ
သည်နှစ်ပေါင်မှစ်ပေါင် နှစ်ထောင်အတွင် မွေးဖွါးလာသည့်လူမှုအကျိုးဆောင်
ရွက်နေသော တောလှန်ရေးနိုင်ငံရေးသမားများသည်တိုင်းပြည်၏တိုးတက်သာယာဝပြောမူကို
ဆောင်ရွက်ခွင့် ရရှိပါလျှက်နှင့် နောက်ဆုံးမှာညီလေးမောင်သန်ရွှေး၏ခြေကိုဆေး
ပေးမည့်လက်တွေ ၊ညီလေးမောင်သန်ေ၇ွှး၏ ဘောကို ‘မ”ပေးမည့်လက်တွေ
ဖြစ်တော့မည်။ခင်ဗျာ..မင်းတို့ရဲလက်တွေဟာ အဖိနှိပ်ခံလူတန်းစား။အောက်ခြေ လူတန်းစားများ-တိုင်းပြည်ထူထောင်တဲ့နေရာမှာ တပ်ဦကပါဝင်ခဲ့ကြတဲ့ အောက်
ခြေလူတန်းစားများဖြစ်ကြသော တောင်သူလယ်သမားများ၊လက်လုပ်လက်စားလူတန်စားများရဲ့ ခြေကိုဆေးပေး
မည့်လက်တွေလာ ထိုသူတွေကို မိမိတို့ရဲရင်ခွင်ထဲမှာ နွေးထွေးအေးမြစေမှာ
လား ကမ္ဘာပေါ်မှာ အညံဖျင်းဆုံး လူသားတွေ အဖြင့် သမိုင်းစာမျက်နာပေါ်မှာ
ကဗျည်တင်မှာလာ။လက်လုပ်လက်စားလူတန်းစားများရဲ့ဘဝတွေ အိမ်ခြေ-ယာခြေမဲ့ နေစရာမရှိ လူတန်းစားတွေအများကြီးရှိတယ်ဆိုတာမမေ့ကြပါနဲ
ကျွန်တော်ကတော့ပြော ‘ကျား”မချချင်ဘူး။အနိုင်ကျားဘဲချချင်တယ်
အနိုင်ကျားချမည်။
လူတွေအပေါ်ဖိနှိပ်ချုပ်ချယ်-နှိပ်စက်-သတ်ဖြတ်-ရဟန်တော်များကို-သတ်ဖြတ်၊တောင်တန်းနေလုံမေးများကို မုဒိန်းကျင့်သတ်ဖြတ်-သူထင်ရာသူလုပ်
နေသော ညီလေးမောင်သန်ရွှေး၏ အဖွဲ့မျိုးကို ကျေးလက်တောရွာကလေး တရွာမှ ပင်လက်မခံပါဘူး။နိုင်ငံတောကြီးအရေးမှာ ခင်ဗျာတို့ တိုင်းပြုပြည်ပြု
မည်သူတွေကလက်ခံကြပါသလာ။
တိုင်းပြည်ကိုပြုပြင်မည့်လက်တွေသည် ရဟန်သံဃာတော်အရှင်သူမြတ်
များ တိုင်းပြုပြည်ပြု ဖခင်+မိခင်များရဲ့ပြုပြင်တာလျှော်ကန် အသင့်မြတ်ဆုံးဖြစ်
သည်။
ရက်စက်ယုက်မာကောက်ကျစ်စဉ်းလဲသောညီလေးမောင်သန်ရွှေ၏
လက်နဲတိုင်းပြည်ပြုပြင်တာကို ခံယူကြမလာ လက်မခံကြဘူးဆိုလျှင်…..
မြန်မာနိုင်ငံတွင် တရားမျှတမှုမရှိသော ရွေးကောက်ပွဲကျင်ပပြုလုပ်မည်
ဖြစ်သည်။ထိုရွေးကောက်ပွဲကို တနိုင်ငံလုံး သပိတ်မှောက် ဆန္ဒပြကြပါ
ညီလေးမောင်သန်ရွေး၏အဖွဲ့နှင့်အဖိနှိပ်ခံ မြန်မာပြည်သူလူထု
စစ်တိုက်မည်၊ စစ်ခင်းမည်၊ စစ်ကြေငြာမည်၊မဖြစ်မနေလုပ်ရမည်။
ထိုသို့ပြောခြင်းသည် သေနပ် ပြောင်ဝမှ လာသောပြောခြင်မဟုက် ချစ်ခြင်
မေတ္တာတရားကို အခြေခံ၍လာသော စကားဖြစ်သည်။
ဤတိုက်ပွဲကို ဒဿနပြုပြီးတိုက်ရင် အောင်မြင်ပါလိပ်မည်။


ချစ်ခြင်းများစွာဖြင့်
U UNIVERSTAL


ဆက်သွယ်ရန် ။ ။085.0941.874

။ ။081.6743.457

E-MAIL ။ ။loverhave@gmail.com

။ ။yeyintsan2010@gmail.com

No comments:

Post a Comment