Wednesday, October 27, 2010

ဒုတိယပင်လုံညီလာခံ

ပြည်တွင်းပြည်ပရှိ မြန်မာ့မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ခွတ်ဒေါင်းမျိုးဆက်များ ခင်ဗျား၊



ကျနော့အနေနဲ ပြည်တွင်းက NLD ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မကြောက်တရားနဲ့ လေးစားလောက်တဲ့၊

ကြီးမြတ်တဲ့အမြော်အမြင်နဲ့ ဒုတိယပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ကျနော်အနေနဲ လုံဝထောက်ခံတယ်၊၎င်းကိစ္စကို ကျနော်

၁၉၈၈ တုံးကလူမျိုးစုခေါင်းဆောင်အချို့ကို ဆွေးနွေးပြောပြခဲ့ဘူးပါတယ် ဒါပေမဲ့အချိန် မကျသေးတော့ ကျနော့ရဲ့တင်ပြချက်ဟာ

မထိရောက်ဘူး။ ယ္ခုအချိန်ဟာမြန်မာနိုင်ငံအနေနဲ့ ဖယ်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဒုတိယပင်လုံညီလာခံကို

ရအောင်ခေါ်ယူရမယ်။



ဥပဒေအရကြည့်ရင် လွတ်လပ်ရေးရပြီး ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူပြည်သားတို့ရဲ့ ခွင့်ပြုချက်မပါပဲ

စစ်အာဏာရှင်အုပ်စုက ၎င်းတို့ဆန္ဒဖြင့်ဖျက်သိမ်းခဲ့ပေမဲ့ ပင်လုံစာချုပ်ကို စစ်အုပ်စုက ၎င်းတို့ဆန္ဒဖြင့်ဖျက်သိမ်းလိုရပါဘူး

အယ်ဒီပင်လုံစာချုပ်ကို ယ္ခုစစ်အုပ်စုက ဖြောက်ဖျက်ပြစ်ရန်ဖြစ်စေ၊ ဖျက်သိမ်းပြစ်ရန်ဖြစ်စေ လုပ်ဆောင်ခဲ့သော် မြန်မာနိုင်ငံဆိုသည်မှာလဲ

ကမ္ဘာမြေပုံပေါ်မှပြောက်ဆုံးသွားမည် ဖြစ်ပါသည်။



NLD ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက လုပ်သင့်တဲ့ကိစ္စ၊ ဖြစ်သင့်တဲ့ကိစ္စအဖြစ် ပြည်သူလူထုတရပ်လုံးကို

လှုံ့ဆော်လိုက်တဲ့ ဒုတိယပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ပြည်တွင်းက လူထုတရပ်လုံးက ပြည်တွင်းငြိမ်းချမ်းရေး၊

တမ်းတူညီမျှမူရရှိရေး၊ တိုးတက်ခိုင်မာမူ့ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ လူသားချင်းစာနာမူ့ကင်းမဲ့တဲ့

မတရားပြုကျင့်မူ့ဆိုင်ရာ လုပ်ရပ်များ ရပ်တန့်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့အတွက် NLD ခေါင်းဆောင်ကြီးတွေ၊

တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ မဖြစ်မနေပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်လို့ ကျနော်တိုက်တွန်းလိုက် ပါသည်။



ယ္ခု၂၀၁၀ ရွှေးကောက်ပွဲသည် လက်ရှိပြည်သူတို့တွေ့ကြုံနေသည့် ပြဿနာများ၏ ထွက်ပေါက်မဟုတ်၊ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ

တိုင်းပြည်ဖွင့်ဖြိုးတိုးတက်လာမည်၊ တရားမျှတမူ့ရှိမှ ဒီမိုကရေစီတည်ဆောက် နိုင်မည်ဖြစ်သည်။ ထိုသိုသောကြောင့် ယ္ခုပြည်တွင်းက NLD

ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ မကြောက်တရားနဲ့ လေးစားလောက်တဲ့၊ ကြီးမြတ်တဲ့အမြော်အမြင်နဲ့ ဒုတိယ

ပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ကျနော်တို့ပြည်ပက အင်အားစုတွေကရော ပြည်တွင်းက လူထုတရပ်လုံးကပါ

ပြည်ပကအင်အားစုတွေလဲ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းထောက်ခံဖို့ကို တိုက်တွန်းလိုက်ပါသည်။



အထူးသဖြင့် လက်နက်ကိုင်ဆောင်ထားသော တိုင်းရင်းသားညီအကိုတို့အားလုံး အာမခံမရှိတဲ့ နအဖနဲ့

သဘောတူညီမှူ့ ယူထားတာကို ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးစုများအားလုံးအတွက် အာမခံမူရှိတဲ့

ဒုတိယပင်လုံစာချုပ် ချူပ်ဆိုနိုင်ရန် ပါဝင်ပူးပေါင်းလုပ်ဆောင်ဖို့ လေးနက်စွာတိုက်တွန်း လိုက်ရပါသည်။



ရွှေးထီး(၈၈၈၈)

No comments:

Post a Comment