စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ဇနီးဒေါ်နီနီခင်အား အနုကြမ်းစီးသူကို မိပြီိ
တက္ကသိုလ် ဘုန်းနိုင်၏ဇနီး အသက်(၇၅)နှစ်အရွယ်ရှိ အဘွားအား အုတ်ခဲဖြင့်ထုရိုက်ခဲ့ကာ နေအိမ် အတွင်းအနုကြမ်း ၀င်စီးခဲ့သော တရားခံအား အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ''တရားခံက အင်းစိန်မြို့နယ်မှာ ရှိတဲ့ သူ့အသိမိတ်ဆွေတွေဆီမှာ ရောက်ရှိ တိမ်းရှောင်နေတယ်လို့ သတင်းရတာနဲ့ သွား ရောက်စောင့်ဖမ်းခဲ့တာဖြစ်ပါတယ်။အောက် တိုဘာ၁၁ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်''ဟု သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါတရားခံ၏အမည်မှာ ဘို မောင်(ခေါ်)ကျော်ဇေယျဖြစ်ကာ အသက် (၂၈)နှစ်ခန့်ရှိကြောင်း၊ ယင်း၏အပြစ်များ အား တရားသူကြီးရှေ့မှောက်တွင် ယင်းကိုယ် တိုင်ဝန်ခံချက်ပေးပြီးသွားပြီဖြစ်ကြောင်း၊ ယင်း အား ပနံပါတ်(ပ/ ၁၃၉၃)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ဘိုမောင်၏ဇာတိမှာ တစ်နယ် တစ်ကျေးမှဖြစ်သော်လည်း သန်လျင်တွင်ကြီး ပြင်းခဲ့သူဖြစ်ကာ မွေးချင်းခြောက်ဦးရှိကြောင်း၊ သန်လျင်တွင် စားပွဲထိုး စသည့်ကြုံရာအလုပ် များလုပ်ကာ အသက်မွေးသောသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားခဲ့သည့် အောက်တိုဘာ၇ရက် တွင် တက္ကသိုလ်ဘုန်းနိုင်၏ဇနီးဆရာမ ဒေါ်နီနီ ခင် နေအိမ်အတွင်း တစ်ဦးတည်းရှိနေစဉ် ဖုန်းပြင်သမားဟန်ဆောင်ကာ အိမ်တွင်းသို့ ၀င်ရောက်၍ ဒေါ်နီနီခင်အား အုတ်ခဲဖြင့် ထုရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်တွင် အနုကြမ်းစီး ခံခဲ့ရသော အသက်(၇၅)နှစ်အရွယ်ရှိ ဆရာမ ဒေါ်နီနီခင်မှာ ၀ဲဘက်ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များအား အချက်၂၀မှ၃၀ကြားလည်းကောင်း၊ ၀ဲဘက်မျက်ခုံးအထက်တွင် ၁၀ချက်ကျော် လည်းကောင်းချုပ်ခဲ့ရကာ ဦးခေါင်း၊ ပခုံး၊ လက် စသည့်နေရာများတွင်လည်း ညိုမည်း ဒဏ်ရာများရခဲ့ကြောင်း၊ ဦးခေါင်းခွံအနည်းငယ်အက်ကွဲသွားသဖြင့် ဦးနှောက်အတွင်း သွေးအနည်းငယ်ရောက်ရှိခဲ့ရကြောင်းလည်း သိရသည်။ ''ခုတရားခံက အရင်ဖုန်းတွေ ပျက် လို့ ပြင်ရင်၊ လာပြင်တဲ့သူတွေကို ကူညီဖို့ပါပါ လာတတ်တယ်။ အဲဒါကြောင့် သူက အိမ်ကို သုံးခေါက်လောက်ရောက်ဖူးနေတယ်။ အဲဒါ ကြောင့် အိမ်မှာအဘွားတစ်ယောက်တည်း ဘယ်အချိန်တွေရှိတယ်ဆိုတာ သူက သိနေ တယ်ထင်တယ်''ဟု ဒေါ်နီနီခင်၏သားဖြစ်သူ ဆရာဘုန်းတင့်ကျော်က ပြောသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
3 months ago
No comments:
Post a Comment