Wednesday, October 27, 2010

ဘယ် အနာဂါတ် ကို သွားနေတဲ့ မြန်မာစာ ဖတ်သူ ရေးသူများသို့ 

တောင်တွေ မြစ်တွေ ပတ်ပတ်လည် ကာရံ ထားတဲ့ ဒေသ မှာ မွေးခဲ့ကြတယ် ။
ဒေသ အခြေအနေပြည့်စုံမှုကြောင့် နှစ်ထောင် ပေါင်းများစွာ မကြောင့်မကြ နေနိုင်ခဲ့တယ် ။
မြေဆီမြေနှစ် ကောင်းတာကြောင့် တချို့ ဒေသတွေမှာ ယနေ့ အထိ မြေကို မပြင်ဆင်ဘဲ
စပါးစိုက်ပြီး ဝမ်းအေး ခဲ့တယ် ။
သစ်ပင်တောအုပ်ပေါများ လွန်းတော့လည်း သားရဲတိရိစ္ဆာတွေ စားမကုန် ဖြစ်ခဲ့ဘူးတယ် ။
မြန်မာရှင်ဘုရင်တွေ စားတော်ပွဲက ဟင်းလျှာ ၃၀၀ ကျော်ဟာ နမူနာမှတ်တမ်း ဖြစ်ခဲ့တယ် ။

တခြားနိုင်ငံဒေသတွေက နယ်မြေတွေလု ရိက္ခာတွေစုကြ လုရက်ကြနဲ့ 
နှစ်ထောင် ပေါင်းများစွာ ပြိုင်ဆိုင် စစ်ပွဲတွေ အမျိုးမျိုး ဖြစ်ခဲ့ကြတယ် ။

ကျောက်တုံး ကျောက်ပြားတွေကို လက်နက်အဖြစ်သုံးခဲ့တယ် ။
အစားအသောက်တွေကို မီးဖုတ်စားသောက်ရင်း မာကျောတဲ့ ကြေးတုံးစတွေ ရရှိခဲ့လို့ 
ဖန်တီးတဲ့ လက်နက် အဖြစ်စခဲ့ကြတယ် ။
ပိုမိုကောင်းမွန်တဲ့ လက်နက် ကရိယာကို တီထွင်ကြံဆ လာရင်း
အင်မတန်မာကြောတဲ့ ဒါးတွေ လှံတွေ ပိုင်ဆိုင်လာခဲ့ကြတယ် ။
အဝတ်တွေကို အရိုးအပ်နဲ့  ချုပ်ရာက
ကြေးသံနဲ့ လုပ်ထားတဲ့ အပ်တွေသုံးခဲ့ကြတယ် ။
( ၂၀၁၀ ရောက်သည်အထိ မြန်မာပြည်မှာ လုပ်တဲ့ အပ်မရှိသေးပါ )

အရှေ့ တောင် အာရှ မြောက်ဖက် ဒေသတွေအားလုံး
မာကြောတဲ့ လက်နက်တွေသုံးရင်း
မိမိဒေသရပ်တည်ရေး နဲ့  ရိက္ခာသိုလှောင်ရေး အတွေးအခေါ်ပေါ် အခြေခံတဲ့
စစ်ပွဲတွေ ဆင်နွဲခဲ့တယ် ။
အဲဒီအချိန်က မြန်မာပြည်မှာ နေထိုင်သူတွေ
အိမ်ရှေ့ တော ထန်းတောမှာလား
ရွှေလိမ်မော် စိမ်ရည်အိုးမှာလား
ကစော် ခေါင်ရည် အိုးထဲမှာလား
ဇိမ်ခံ ခဲ့ကြတယ် ။

ကမ္ဘာကြီးကို ဒြပ်စင်ပေါင်း ၁၀၄ မျိုးပေါ်အခြေခံပြီး
ဘုရားသခင်က တည်ဆောက်တယ်လို့ 
မှတ်တမ်းများ စနစ်တကျ ပြုစု ပြီး
လူသားများကို ထာဝရ ဘုရားက ဖန်တီးသည့် ကျမ်းစာ ပိုင်သည့်
ဥရောပ ဘုရားကျောင်း တခုက ပေါက်ကွဲ စေသော ယမ်းကို
မမျှော်လင့်ဘဲ တွေ့ ရှိခဲ့တယ် ။

မြင်းကို ချိုတပ်သလို
လူသားတွေကို ပေါက်ကွဲစေတဲ့
ယမ်းဘီလူး လက်နက်တွေ ပေးလိုက်တယ် ။

တီထွင်တဲ့  လူမျိုးတွေက သေနပ် မီးရှို့ လို့ အမိန့် ပေး ပေမဲ့
ဝယ်သုံးတဲ့ မြန်မာတွေက သေနပ် ပစ် လို့ အမိန့် ပေးတယ် ။

လက်နက်အားကိုးနဲ့  အနိုင်ကျင့်ကြရင်း
အဆိုးဆက်ကတော့
နူကလီးယားအထိ တီထွင်ပြီး
ကမ္ဘာကြီးကို ပြာကျစေတဲ့ လက်နက် အထိ တီထွင်ခဲ့တယ် ။

တဦးနဲ့ တဦး ဆက်သွယ်ရာမှာ
လူကိုသုံး ငှက်ကိုသုံး မြင်းကိုသုံး
ရေနွေးငွေ့  ကျောက်မီးသွေး ရထားကို သုံးရာက
လျှပ်စစ် စနစ်ကိုတွေ့ ရှိခဲ့တယ် ။
နောက်ဆုံး အင်တာနက် ကွန်ပြူတာဆိုတဲ့ 
လျှပ်စစ်လှိုင်း ဆက်သွယ်နိုင်တဲ့ နေရာ အားလုံး
သုံးနိုင်တဲ့ စနစ်တခု အခြေခံကို တည်ထွင်နိုင်ခဲ့တယ် ။

တီထွင်သူတွေက ပိုမိုကောင်းမွန်တဲ့ လူ့ ဘောင်သစ် တခုကို
လူသားအချင်းချင်း ဝိုင်းဝန်း ကူညီရေးအပေါ်
တီထွင် ကြံဆ တိုင်ပင် ပူးပေါင်းဆောင်ရွတ်နေစဉ်မှာ

မြန်မာ့ အသိုင်းအဝိုင်း ရဲ့ အဖူးအပွင့်
မြန်မာ့နည်း မြန်မာ့ဟန်နဲ့  ဆိုရှယ်လစ် သားကောင်းများရဲ့  အတွေးအခေါ်
မြန်မာပြည်ရဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ သားကောင်းများက

အောက်ပါအတိုင်း အများသိရန် ဖြန့် ဝေနေပါသည် ။

မောင်မျိုးကြီး သီဆိုနေသော သီချင်းများကို
အရက်များ
ဆေးခြောက်များ
မူးယစ်ဆေးဝါးများ
မှီဝဲပြီး သကာလ
ထပ်မံရေးကြကုန်လော့
မြန်မာပြည်ဖွား
အချောင်သမား
လူငယ်အပေါင်းတို့ 

တချိန်က ဖါနိုင်ငံလို့  နာမည်ကြီးတဲ့  ထိုင်းနိုင်ငံမှာ
ကျွန်လုပ်ငန်းနဲ့ ဝမ်းစာရှာပြီး မိဘတွေကို
ငွေပို့ နေတဲ့ မြန်မာပြည်ဖွား ၂ သန်းကျော်ရှိနေပြီ ။

No comments:

Post a Comment