Monday, January 17, 2011

“ဘဝကျားကန်အိမ်လေးထဲကအမေ”


ဘဝကျားကန်အိမ်လေးထဲမှာ
အမေရယ် ကျနော်ရယ်
ပြီးတော့...တမလွန်ရောက်နံရံထက်က အဖေ့ဓါတ်ပုံ...။
ကျနော့် ပညာရေးအတွက်ကြောင့် ထင်ပ
ခေါင်းပေါ်ဗန်းရွက်တဲ့ အမေ
ပါးရည်ကတွန့်တွန့် ချောင်းတဟွန့်ဟွန့်နဲ့
လင်းကြက်တွန်သော်....
ပဲပြုတ် တဲ့ ပဲပြုတ် တဲ့လား...အမေရယ်...။
စစ်လက်နက်ပုခုံးထမ်းလူတွေ
အမေ့အိမ်ထက် သားအကြောင်းမေးရင်း
ထရံထက်က အဖေ့ရဲ့ဓါတ်ပုံ
ခွါစုတ်ဖြဲပစ်လိုက်ကြတယ်...။
ချွေးတပြိုက်ပြိုက်ကျ ညနက်နက်မှာ
သားပျောက်မျှော်ရင်း
ဖျာစုတ်ထက်က အမေအိုကို
ဆေးနီမှုန့်က မကူညီရှာနိုင်တော့ဘူး...။
လှည်းလမ်းနဘေး အမေ့ဆိုင်ထက်
ကဇွန်းရွက်တစီး ဝယ်သူမဲ့ကာ
အဝါရောင်သန်းနေတယ်...။
ဇန္နဝါရီလ ၁၆ ရက်နေ့....
အမေ များနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုပါသည်

No comments:

Post a Comment