Friday, January 28, 2011

သတင်း

ရွေးကောက်ပွဲနေ့ကစပြီး ဆန့်ကျင်ပုန်ကန်နေတဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မေ
တာ် DKBA အား အပြီးသတ်နှိမ်နင်းရန် နအဖ စစ်အစိုးရအနေနှင့် စစ်ကူတပ်အင်အားများစွာကို ပို့ပေးခဲ့သော်လည်း ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့၏ ထိရောက်သည့် ပူးပေါင်းစစ်ဆင်မှုကြောင့် အကျအဆုံးအထိအခိုက်များကာ မျှော်လင့်ထားသည့်အချိန် အတွင်း အောင်မြင်မှုမရရှိသဖြင့် ယခုအခါ ထိုဒေသများအတွင်းသို့ အောက်လမ်းနည်းများဖြင့် တိုက်ခိုက်ရန် စီစဉ် ဆွေးနွေးလျှက်ရှိကြောင်းသိရှိရသည်။ နအဖတွင်ရှိသည့် ယာဉ်တင်လက်နက်ကြီးများမှာလည်း သွားလာမှုအခက် အခဲကြောင့် ဆုံးရှုံးမှုဖြစ်နှိုင်သဖြင့် ကရင်ပြည်နယ်ရှိ ပူးပေါင်းခံစစ်ဆင်နွှဲနေသည့် တော်လှန်ရေးဒေသအတွင်း နေရာချထားရန်အခက်အခဲဖြစ်နေသည်။ ထို့ကြောင့် နအဖအနေနှင့် အထူးဖျက်ဆီးရေးတပ် အနေနှင့်ဖွဲ့စည်းကာ တော်လှန်ရေးဒေသအတွင်းရှိ ပြည်သူလူထုအပါအ၀င် တော်လှန်ရေးအဖွဲ့သားများ ခြေမချနှိုင်စေရန် ဇိဝလက်နက်ကဲ့သို့သော လက်နက်များအသုံးပြုဖြိုခွင်းရေးပြင်ဆင်ဆွေးနွေးလျှက်ရှိကြောင်းသိရှိရသည်။ ထိုအစီအစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည့် ဒေသအတွင်းရှိ အသုံးပြုလျှက်ရှိသည့် ချောင်းမြောင်းများအတွင်း အဆိပ်ခတ်ရန်အထိပါဝင်ကြောင်းသိရှိရသည်။ ဗမာနိုင်ငံတွင် န၀တ နအဖ စစ်အုပ်ချုပ်ရေး စတင်သည့် ၁၉၈၈ မှစ၍ ကျန်းမာရေးအကြောင်းပြချက်ဖြင့် နိုင်ငံတကာမှ တရားဝင် ဇိဝပစ္စည်းများအား သွင်းယူစမ်းသပ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သကဲ့သို့ မာနယ်ပလောစစ်ဆင်ရေးနောက်ဆက်တွဲ ၀မ်ခစစ်ဒေသများကို ထိုးစစ်ဆင်ရာတွင် နအဖ အနေနှင့် အဆိုပါ ဇီဝလက်နက်များကို အသုံးပြုသွားကြောင်း အထောက်အထားရှိခဲ့သည်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးအား အရပ်ဘက်သို့တိုက်တွန်းပို့ဆောင်ရေးကြိုးပမ်းနေစဉ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးအနေနှင့် လက်မခံနှိုင်ဘဲ တပ်မတော်ရာထူးမှနှုတ်ထွက်သွားသည်ဟု မိမိတို့သတင်းအဆက်အသွယ်များထံမှ သိရှိရသည်။

No comments:

Post a Comment