Wednesday, January 5, 2011

“စိတ်ဒဏ်ရာနဲ့ လူ”

ဆိုရှယ်လစ် ဖခင်တွေရဲ့
ရိုက်ချက်ပြင်းပြင်း ဆုံးမမှုအောက်
ငယ်ငယ်ကတည်းက ဆိုပါတော့
စိတ်ဒဏ်ရာတွေ သင့်ခဲ့ဘူးတယ်...။
ဆုံးမတာလား ပြုံးပြတာလားတော့ မသိ
ကြုံးထဲ့လိုက်တာ ကုန်းကွကွဖြစ်သွားတဲ့ ကျနော်
တပတ်ကျော်ကျော် နှစ်ပတ်ထဲ
မစားနိုင် မသောက်နိုင် ကယ်သူမဲ့ဘဝနဲ့
အမေ လက်ပိုက်ကြည့်နေရတဲ့ ခေတ်...။
ငါ့ သားကို ငါဆုံးမတာ
ကျိုးကျိုး ကန်းကန်း ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ငါ့ အဖေ
မကျိုး မကန်း ဆုံးမပါဆရာ ဆိုပြီ
အတန်းပိုင်ဆရာတွေလက်ထဲ ဝကွက်အပ်လိုက်တဲ့ ခေတ်စနစ်ဆိုး
အနန္တော အနန္ဒ ငါးပါးကို ရိုကျိုးခဲ့တဲ့ ငါ
ဒီ့ အတွက်...
ဆရာ မိဘအပေါ် ပြစ်မမှားမိတောင်
ငါဟာ...စိတ်ဒဏ်ရာသင့်ခဲ့တဲ့ လူပါလား...။
                                                     အမေ့သား(ဒိန်းမတ်)

မှတ်ချက်။ ။ဆိုရှယ်လစ်ဖခင်တွေလို သား၊ သ္မီး ဆုံးမတာမမှားဖို့သာ ရည်ရွယ်သည်။
              မိမိသား၊ သ္မီးတွေကို မိမိဘယ်လောက်ချစ်ကြောင်းကို ရင်ထဲမှာ သိုဝှက်
              ထားလို့မရ...လှစ်ဟကာ ဖွင့်ချပြီ ချစ်ပြမှသာ သား၊သမီး များက ငါ့ အဖေ
              နဲ့ ငါ့ အမေ ငါတို့ ကိုတကယ်ချစ်ပါလားဆိုတဲ့ အသိ သူတို့ရင်ထဲရှိလာမယ်၊
             သား၊ သမီး တဦးနဲ့ တဦးအပေါ်လည်း တန်းတူအချစ်တွေနဲ့ ချစ်ကြပါ၊ တန်း
             တူ မချစ်ရင် တချိန်မှာ သား၊ သမီးတွေကြီးလာတဲ့အခါ ငါ့ အပေါ် င့ါ အဖေ
နဲ့အမေ အကြီးလောက်၊ အငယ်လောက်၊ အလတ်လောက် ငါ့ ကိုပိုမချစ်ဘူးဆိုတဲ့ အ
မြင်နဲ့ အသိ စိတ်ထဲစွဲပြီ စိတ်ဒဏ်ရာမသင့်အောင် ကိုကမွေးတဲ့ ကိုယ့်သား၊ သမီး တွေ
တန်းတူအချစ်နဲ့ မိသားစုတိုင်းချစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း......
(၆၃) နှစ်မြောက်နေ့လွတ်လပ်ရေးနေ့တွင် မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..

No comments:

Post a Comment