Saturday, January 29, 2011

ယနေ့သတင်း (၂၉ ရက် ဇန်န၀ါရီလ ၂၀၁၁)




သတင်း
နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန်နေ့က ဒီကေဘီအေ တပ်တွေရှိတဲ့ အူးကရိထနေရာကို နအဖ စစ်တပ် ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆)နဲ့ ခမရ (၂၉၉) တို့ ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။

နံနက် (၁၁ နာရီ ၃၀ မိနစ်) ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်ဟာ တိုက်ပွဲကာလအတွင်းမှာ ဒီကေဘီအေဘက်ကတော့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ အကောင်းဆုံးကိုင်တွယ်သွားတာကို တွေ့နေရပါတယ်။ ထိုကဲ့သို့ အစီအစဉ်တကျ ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် နအဖ ကလေးစစ်သားများ၊ အကျဉ်းသားပေါ်တာများ နေ့စဉ်ရက်ဆက် ဒီကေဘီအေဆီကို ထွက်ပြေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ နအဖတွေရဲ့ လှည့်ကွက်တခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီကေဘီအေအနေနဲ့ သတိထားစရာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြလာကြပါတယ်။

နအဖဘက်ကတော့ ထုံးစံအတိုင်း ကိုယ့်အမှတ်တံဆိပ်ကို ပုံဖော်ပြသပြီး တိုက်ပွဲကာလအတွင်း အကျဉ်းသားပေါ်တာတွေကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း (ကရင်ငြိမ်းချမ်းရေးကောင်စီ)တွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဝေါ်လေက အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ရုံသာမက ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ရွာသူ/သားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း စတဲ့ လူမဆန်တဲ့လုပ်ရပ်မျိုးကို လုပ်နေကြပါတယ်။

နံနက် (၁၁ နာရီ ၂၀ မိနစ်) ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်မှူးကြီး ယွက်စစ်ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နဲ့ ဒီကေဘီအေတို့ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံပြီး ဒီကေဘီအေကို သျှမ်းပြည်တပ်မတော်က လိုအပ်တဲ့အကူအညီ ပေးသွားမယ်လို့ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပဲ ထိန်ချန်ထားခဲ့ကြပါတယ်

No comments:

Post a Comment