Saturday, January 29, 2011

ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ NLD အောင်မြင်စွာကျင်းပ





(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ပါတယ်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ နဲ့ အခြားလူငယ်များ တစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

သဘာတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ကဆောင်ရွက်ပြီး CRPP အဖွဲ့ဝင် ၊ ဇိုမီအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်က ပင်လုံစာချုပ်အကြောင်း ၊ CRPP အဖွဲ့ဝင် ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှုး အဖွဲ့ဝင် ဦးစိုင်းစောအောင်က ပင်လုံညီလာခံအကြောင်း ဟောပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ ညီလာခံမှသည် ၊ အောင်ဆန်းအက်တလီ စာချုပ်အပါအ၀င် ၊ ပင်လုံညီလာခံ ဖြစ်ပေါ်လာပုံ ၊ ပင်လုံစိတ်ဓာတ်အကြောင်း ၊ ခွဲထွက်ရေးမဟုတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး ရည်မှန်းချက်များ ၊ ယနေ့ကာလ နဲ့ လျော်ညီတဲ့ ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံပေါ်ပေါက်ရေးအတွက် လိုအပ်ချက်များ ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ပင်လုံစိတ်ဓာတ် ဆက်နွယ်နေပုံ ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး ၊ အမျိုးသား ညီညွတ်ရေး ၊ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး ကိစ္စများကို တက်ရောက်လာကြတဲ့ တိုင်း နဲ့ ပြည်နယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊ လူငယ်များက စိတ်ဝင်စားစွာမေးမြန်းကြတာကို ၊ သဘာပတိ ဦးတင်ဦး ၊ ဟောပြောသူ ဦးပုကျင်ရှင်းထန် နဲ့ ဦးစိုင်းစောအောင် တို့က အကျေအလည် ရှင်းလင်း ၊ ဆွေးနွေး ပြကြပါတယ်။ မွန်ပြည်နယ် ၊ဧရာဝတီတိုင်း ၊ ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်တိုင်းမှ မြောက်ဥက္ကလာပမြို့နယ် ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ခရမ်းမြို့နယ် ၊ သုံးခွမြို့နယ် ၊ ဗဟန်း ၊လှိုင် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှ တက်ရောက် ဆွေးနွေးသွားကြပါတယ်။

ဟောပြောပွဲဟာ မွန်းလွဲ(၂)နာရီမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်

No comments:

Post a Comment