Friday, December 3, 2010

AFF Suzuki Cup မြန်မာက ဗီယက်နမ်ကို အနိုင်ရ


ဗီယက်နမ် Nguyen Trong Hoang (အနီ) နဲ့ အောင်ကျော်မိုး မနေ့က ဘောလုံး လုနေပုံ

ယမန်နေ့က ဟနွိုင်းမြို့မှာ ကျင်းပတဲ့ AFF Suzuki Cup အဖွင့်ပွဲစဉ်မှာ ဗီယက်နမ် အသင်းက မြန်မာ အသင်းကို ၇-၁ ဂိုး ဖြင့် အနိုင်ရသွားကြောင်း ကမ္ဘာ့ မီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ အဆိုပါ ရလာဒ်ကို Asean Football Federation က ဒီနေ့ ပြန်လည် ပြင်ဆင် သတ်မှတ်လိုက်ပြီး မြန်မာက ဗီယက်နမ်ကို အနိုင်ရရှိသွားတယ်လို့ ကြေညာချက် အသစ် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
အဲဒီ ပြန်လည် ပြင်ဆင်တဲ့ သတင်းနဲ့ ပတ်သက်လို့ ပြည်သူတစ်ဦးက စီဘောက်တစ်ခုမှာ အခုလို အတည်ပြု ပြောကြားသွားတဲ့အတွက် BS News က ကူးယူဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။

"မနေ့က ၇-၁ နဲ့ မြန်မာအသင်း ဗီယက်နမ်ကိုရှုံးသွားတယ်ဆိုတာမဟုတ်ပါဘူးတဲ့..။ အခုမှ ကြိုတင်ဂိုးတွေ ရောက်လာတာဖြစ်တဲ့အတွက် နောက်ဆုံး အဖြေက မြန်မာက ကြိုတင်ဂိုးများနဲ့ ၁၀၀ ဂိုး ၇ ဂိုး ဖြင့် ဗီယက်နမ်ကိုနိုင်ပါတယ်တဲ့ခင်ဗျာ.."

No comments:

Post a Comment