Friday, December 17, 2010

အသိဥာဏ်ခေါင်းပါးလွန်းသောမြန်မာစစ်အစိုးရ ဟု လီကွမ်ယူရဲ့မှတ်ချက်ကို ၀ိကီလီဖွင့်ချ


အမေရိကန်အစိုးရရဲ့ သံတမန်ကြေးနန်းတွေထဲမှာ စင်္ကာပူနိုင်ငံရဲ့ခေါင်းဆောင်မြန်မာစစ်စိုးရဟာ အသိဥာဏ် အလွန်ခေါင်းပါးပြီး အဝိဇ္ဇာအမှောင်တိုက်ဖုံးနေတဲ့ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်တယ် လို့ မှတ်ချက်ပြုပြောကြားခဲ့တဲ့အကြောင်း ဝိကီလိခ်က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၇ အတွင်း ဝန်ကြီးချုပ်ဟောင်းလီကွမ်ယုနဲ့ အမေရိကန်အဆင့်မြင့်အရာရှိတဦးတို့ဟာ အာရှဒေသ တွင်း အရေးများကို လျို့ဝှက်ဆွေးနွေးမှုမှတ်တမ်းများကို ဝိကီလိခ်က ယ္ခုတပါတ်ထဲမှာ ထုတ်ဖေါ်ဖွင့်ချခဲ့ ပါတယ်။
မြန်မာအစိုးရနဲ့ဆက်ဆံပြီးအကျိုးတူလုပ်ဆောင် ဆက်ဆံရခြင်းဟာ ဝိဥာဉ်မဲ့လူသေကောင်တွေနဲ့ ဆက်ဆံ ရတာနဲ့အလားတူကြောင်းကိုလည်း မစ္စတာလီကပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးတော့ တရုတ်အစိုးရဟာ မြန်မာ့စစ်ခေါင်းဆောင်တွေအပေါ်မှာ အခြားနိုင်ငံခြားတိုင်းပြည်များ ထက် အလွန်အမင်းချုပ်ကိုင်လွှမ်းမိုးထားနိုင်ကြောင်းနှင့် တရုတ်အစိုးရဟာ တရုတ်ရင်းနှီးမြုပ်နှံမှု တွေ ဒုက္ခရောက်မှာစိုးတဲ့အတွက် မြန်မာနိုင်ငံဖွံဖြိုးတိုးတက်လာမှာကို မမြင်တွေ့လိုကြောင်းကို မစ္စတာလီက ပြောဆိုခဲ့ကြောင်း အမေရိကန်သံအမတ်ပက်ထရစ်ကာအယ်ဟားဘိုးလ် ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။
အသက်၈၇နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလီဟာ စကာင်္ပူနိုင်ငံရဲ့ဝန်ကြီးချုပ်ရာထူးကို ၁၉၅၉ခုနှစ်ကနေ ၁၉၉၀ထိ သက်တော်ရှည်ဝန်ကြီးရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပြီး သားဖြစ်သူလက်ရှိဝန်ကြီးချုပ် လီရှင်လွန်းရဲ့
အဆင့်မြင့် အကြံပေးတဦးအဖြစ်ဆောင်ရွက်နေဆဲရှိပါတယ်။

No comments:

Post a Comment