Monday, December 13, 2010

ကေအဲန်ယူ၊ ဒီကေဘီအေပူးပေါင်းတပ်နဲ့ နအဖ တိုက်ပွဲ ဖြစ်ပွား




ကေအဲန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များ

ကေအဲန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၀၃နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၉ ပူးပေါင်းတပ်တို့ဟာ မနေ့မနက် မွန်းလွဲပိုင်းမှာ နအဖနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ နေရာကတော့ မြ၀တီမြို့ တောင်ဘက် ဝေါဝေမြိုင်ရွာမှာ ဖြစ်ပြီး နေရာသုံးနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
မို့တူတောင်၊ ထီးစလယ်၊ ဝေါလေမြိုင် ရွာသစ်ဆိုတဲ့ နေရာသုံးနေရာရှိ နအဖစခန်းတွေကို ပြောက်ကျားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲ ၁နာရီကျော် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်တချို့ ထိုင်းဘက်ကမ်းကို ထွက်ပြေးလာကြတယ်လို့ သတင်းရရှိပါတယ်။
နအဖစစ်သား တချို့ ဒဏ်ရာရရှိပြီး ကေအဲန်ယူနဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များမှာတော့ ထိခိုက်ဒဏ်ရရရှိခြင်း မရှိကြောင်း သတင်းရရှိပါတယ်။ (ကိုးကား-ဘီဘီစီ)

No comments:

Post a Comment