ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း ခန်းမမှ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဂန္ဒီဟောခန်းမကြီးအား ရန်ကင်းမြို့နယ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းအနီး ကြေးတိုင်နှင့် မြေစာရင်းရုံးရှေ့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးဟောင်းသို့ မကြာမီရက်များအတွင်း ပြောင်းရွှေ့ရတော့မည် ဖြစ်ကြောင်း၊ ယခင်ကအဆိုပါ ခန်းမတွင် အလှူမင်္ဂလာပွဲများ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “သေချာတာကတော့ ရွှေ့ရမယ်လို့ပြောတယ်။ လူကြီးတွေကတော့ ဒီအစီအစဉ်ကို ပိုပြီးသိမှာပါ”ဟု ယင်းခန်းမရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါခန်းမ၌ အိမ်ခြံမြေအပြောင်းအလွဲ စာချုပ်များ၊ အများနှင့်သက်ဆိုင်သော အရောင်းအဝယ်စာချုပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ပေးလျက်ရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
3 months ago
No comments:
Post a Comment