Saturday, December 4, 2010

လောင်စာဆီ သုံးရန် မလိုသည့် ကမ္ဘာ့ပထမဆုံး အင်ဂျင်စက် မြန်မာ ပညာရှင်များ တီထွင်ထုတ်လုပ်

မြန်မာနိုင်ငံတော်ကြီး အနေဖြင့် စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်မီ တိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်လျက်ရှိရာ မည်သည့် နိုင်ငံခြားဖြစ် ပစ္စည်းများကိုမျှ အသုံးပြုထားခြင်း မရှိဘဲ ပြည်တွင်းဖြစ် သစ်တုံးများဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ ပထမဆုံး လောင်စာဆီမဲ့ အင်ဂျင်စက် တစ်လုံးကို မည်သည့် ပြည်ပ အကူအညီမျှ မပါရှိဘဲ မြန်မာ ပညာရှင်များက တီထွင် ထုတ်လုပ်လိုက်ကြောင်း သတင်းရရှိသည်။


အင်ဂျင်စက် လည်ပတ်မှုကို မြန်မာပညာရှင် တစ်ဦး ရှင်းလင်းပြသနေစဉ်

အဆိုပါ အင်ဂျင်စက် လည်ပတ်ရန် မည်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကြက်ဆူဆီ၊ ဘဲဆူဆီမျှ သုံးစွဲရန် မလိုအပ်ကြောင်း စက်တီထွင်သူ မြန်မာပညာရှင်တစ်ဦးက ရှင်းပြသည်။ အဆိုပါ အင်ဂျင်စက်သည်
တစ်နေ့လျှင် ကြံချောင်းများ အလိုရှိသလောက် ကြိတ်ဝါးနိုင်ကြောင်း၊ စက်လည်ပတ်ရန်အတွက် လက်ဖြင့် လှည့်ရကြောင်း သိရသည်။ အဆိုပါ စက်ဖြင့် ကြိတ်ဝါးရာမှ ရရှိသော ကြံရည်များကို ကြံသကာချက်လုပ် နိုင်ကြောင်း၊ ပြည်တွင်းဖြစ် ကြံသကာ များကို အများပြည်သူတို့ စားသုံးခြင်းဖြင့် နိုင်ငံခြားမှ သကြားတင်သွင်းမှုကို အဆမတန် လျော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေ များစွာ သက်သာ စေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုငွေများဖြင့် ယခုကဲ့သို့ လောင်စာမဲ့ အင်ဂျင်များကို အသုံးပြုမည့် စက်ရုံအလုပ်ရုံများစွာ ထပ်မံ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment