Friday, December 10, 2010

လျှို့ ဝှက် တည်ဆောက် နေတဲ့ မြန်မာ ညူကလီးယား စီမံကိန်း အသေးစိတ် - Wikileaks



မြန်မာစံတော်ချိန် နံနက် ၅း၂၀ မိနစ် အချိန် Wikileaks ကနေ ထပ်မံပေါက်ထွက်လာတဲ့ အမေရိကန် ရုံးကြေးနန်း ရှစ် ခု မှာ တော့ မြန်မာ စစ်အစိုးရ ရဲ့ ညူကလီးယား အစီအစဉ် ကိုဖော်ပြထားပါတယ်။ ကြေးနန်း ကို ဂါးဒီယား သတင်း စာ မှာ အခု လို အခုလို ဖော်ပြထားပါတယ်။

ဒီကြေးနန်း ရှစ် ခု ထဲ က တစ်ခု မှာ မြန်မာ အတိုက် အခံ တွေ ဟာ အသက် အရွယ်ကြီးရင့် နေပြီ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ထိုင်း နိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ကလည်း ကုလ သံ နဲ့  ညစာစားပွဲ မှာ ထိုင်းက မြန်မာ အတိုက် အခံ တွေ ဟာ ပိုးသာကုန် မောင်ပုန် စောင်မတတ် ဖြစ်နေ ပြီ လို့ ဆိုထားတာ ကို Embassy of Bangkok leak က ဖော်ပြထားပါတယ်။

နောက် ဆုံး ထွက် လာတဲ့ ကြေးနန်း တစ် ခု မှာတော့ တရုတ် က မြန်မာ နိုင်ငံ နဲ့ ပတ် သက်ပြီး သည်း မခံ နိုင် တော့ တာ ကို ဖော်ပြထားပါတယ်။ တရုတ် ဟာ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲ ရေး အတွက် အားမရ တဲ့ အာဏာတည်မြဲ ရေး အတွက် ဗိုလ်သန်းရွှေ က လုပ်နေတာ ဟာ စိတ် ကုန်စရာ ဖြစ် တယ် လို့ ဆိုပါတယ်။ တရုပ်နိုင်ငံဆိုင်ရာသံအမတ်ရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆက်လက်သည်းမခံနိုင်အောင်ကို ဖြစ်နေကြောင်းကို ဝီကီလိခ် သတင်းစာမျက်နှာပေါ်မှာဒီဇင်ဘာ ၉ရက်နေ့နေစွဲနေ့ တင်ပြခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ တရုပ်အစိုးရအနေနဲ့ အချိန်ကြာမြင့်စွာကျားကန်ရပ် တည် ပေးခဲ့သော်လည်း မြန်မာစစ်အာဏာရှင်တို့ ဘက်မှ တစုံတရာပြောင်းလဲမှုမျိုး ပဲဖြစ်ဖြစ် ပြောင်းလည်းမှု လို့ ဆိုရတဲ့ အရိပ်အယောင် တစ်ခု မှ တွေမြင့်လာရခြင်းမရှိကြောင်းကို တရုပ်သံအမတ်က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အသိဥာဏ်ခေါင်း ပါးလှပြီး လုပ်ဆောင်နေတဲ့အရာတွေဟာ လက်ခံနိုင်မှုမရှိအကျိုးမရှိဘဲ စီးပွားရေးနှင့် နိုင်ငံ ရေးအာဏာပျောက်ဆုံး လာပြီး တွေ့ဆုံညှိနိုင်းအဖြေရှာရေးစားပွဲဝိုင်းကို ဝေးဝေးရှောင် နေကြောင်း တရုပ်ဘက်ကစိတ်ပျက်မှုများကို ဝီကီလိခ်စာမျက်နှာတွင်ဖေါ်ပြထားသည်။

ဒီတစ်ခါ ၀ီကီလိခ် ပေါက်ကြးမှု မှ တရုတ် အစိုးက မြန်မာ စစ်အစိုးရ ကို အပြစ်တင်ထားပြီး
အမေရိကန် သံတမန် ကတော့ မြန်မာ အတိုက် အခံ တွေ ကို ပြစ် တင် ဝေဖန် ထားတာ
တွေ့ ရမှာပါ။
မူရင်းကြေးနန်း (၁) ညူကလီယား လက်နက် ထုတ်လပ်သည့် အဆောက်အဦမြောက်ကို ရီယားတည်ဆောက်ပေး

မူရင်းကြေးနန်း (၂ )(သင်္ဘော ကျင်း နှင့် မြောက်ကိုရီးယား သင်္ဘော)

မူရင်ကြေးနန်း (၃) (မြောက်ကိုရီးယား မြန်မာ ညူလက် နက် အတွက် နည်းပညာကူညီ)

မူရင်းကြေးနန်း (၄) နည်းပညာ

မူရင်းကြေးနန်း (၅) ယူရေနီယံ နှင့် လောင်စာ

မူရင်း ကြေးနန်း (၆) မြန်မာ ကို တရုတ် က သည်းမခံ နိုင်တော့ (တရုတ် သံအမတ်ကြီး)

မူရင်းကြေးနန်း (၇) (ဘိုးဘွား ရိပ်သာလို ဖြစ်နေသည့် NLD အလုပ် မဖြစ်တော့)

No comments:

Post a Comment