Friday, December 10, 2010

တရုတ်ပြည်လုပ် လေယာဉ်တစ်စီး ခြေထောက်ကျိုးမှု ရန်ကုန်လေဆိပ်တွင် ဖြစ်ပွား

ထားဝယ်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီးသည် ရန်ကုန် လေဆိပ်တွင် ပြေးလမ်းချော်ပြီး လေယာဉ် ခြေထောက်ကျိုးမှု ဒီဇင်ဘာ ၇ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဒန်အိုး ဒန်ခွက်အဟောင်းများကို အရည်ကျိုပြီး အလူမီနီယမ် ကိုယ်ထည်ဟူ၍ လိမ်လည် ထုတ်လုပ်ကာ၊ သူများ နှာခေါင်း အငှားတောင်း ဆိုသကဲ့သို့ ပြင်သစ်နိုင်ငံလုပ် ATR လေယာဉ်စက်များ တပ်ဆင်ထားသော တရုတ်ပြည်ဖြစ် Xian MA 60 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နံနက် ၁၁ နာရီခန့်က အဆင်းတွင် ခြေခေါက်ကာ ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိဟု လေဆိပ်အာဏာပိုင်များက ပြောသည်။ ယခု အခါ ခြေထောက်ကျိုးသွားသော လေယာဉ်ကို တရုတ် အကြောပြင် ဆရာတစ်ဦးက တရုတ်တိုင်းရင်းဆေးဖြင့် အကြောပြင် ကုသလျက် ရှိကြောင်း၊ လိမ်ခေါက်သွားသော ဒန်သတ္တု ကိုယ်ထည်များကို ဒန်အိုးဒန်ခွက်ဆိုင်တွင် ဘော်ဒီ ပြန်ထုနေကြောင်း၊ အဆိုပါ တရုတ်ပြည်လုပ် လေယာဉ်မှာမူ ချိုင်းထောက်ဖြင့် ထော့ကျိုး ထော့ကျိုး ခရီးသွားလာနေရကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းက Xian MA 60 အမျိုးအစား လေယာဉ်နှစ်စီးကို ပြည်တွင်းခရီးစဉ်များအတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင် ပြေးဆွဲမှု ပြုခဲ့ပြီးနောက် ခုနစ်ရက်ပင် မကြာသေးမီ ယခုကဲ့သို့ ခြေထောက် ကျိုးသွားခြင်း ဖြစ်သည်။

Xian MA 60 ကို ဇင်ဘာဘွေကဲ့သို့ အမွဲတေဆုံး နိုင်ငံများတွင် အသုံးပြုလျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ၃ ကြိမ်တိုင် မတော်တဆမှု ဖြစ်ပွားခဲ့သည်။

(Xian MA 60 အမျိုးအစား လေယာဉ်များကို တရုတ် လေယာဉ်အင်ဂျင်နီယာ Nian Xu Tanh အနီကပ်လေ့လာပြီး သတင်းပေးပို့ထားပါသည်)

တစ်ပိသာလျှင် ငါးဆယ်ကျပ်ဖြင့် ဒန်အိုးဒန်ခွက်ဆိုင်သို့ ရောင်းချရန် အသင့်ဖြစ်နေသည့်
ချိုကျိုး နားရွက်ပဲ့ မြန်မာ့လေကြောင်း လေယာဉ်သုံးစီးကို တွေ့ရစဉ်

သတင်း အပြည့်အစုံ ဖတ်ရှုရန်

No comments:

Post a Comment