Friday, November 5, 2010

နိုဝင်ဘာလ ၆ရက်နေ့ မကောင်းဆိုးဝါ တိုက်ထုတ် တဲ့ပွဲကြီး

အာလုံးမင်္ဂလာပါ

ကျွန်တော် ပြည်ချစ်က ရဲဘော်ညွန့်လှပါ ယနေ့မြန်မာနိုင်ငံရဲ့လတ်တလောအချေနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေးနိုင်ငံတ၀ှမ်း နေရာအနှံမှာဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကို

လဲ လက်မခံဘဲ ဒီရွေးကောက်ပွဲကြီး ပျက်သုန်းသွားအောင် တော်လှန်ဆန့်ကျင်သွားရမှာ ဖြစ်ပါတယ်၊ ဒီရွေးကောက်ပွဲကြီး

မပျက်ဘဲ ပြီးစီးသွားခဲ့မယ်ဆိုရင် အရပ်သာအရောင်ဆောင်စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကိုစစ်ကျွန်ဘ၀မှာနှစ်ပေါင်း များးစွာဆက်လက်အုပ်ချုပ်ပြီးတော့ တိုင်းပြည်ကို မွဲသထက်မွဲပြီး ဒုက္ခမျိုးစုံနဲ့ ဆင်းရဲတွင်းနက်နေရအုံးမှာ ဖြစ်မဲ့အဖြစ်မျိုးကို မရောက်စေချင်လို့ပါဘဲ၊ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေဟာ သရံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါလျှက်နဲ့ စစ်အာဏာရှင်လူတစုရဲ့ ကိုယ်ကျိုးစီးပွါးနဲ့ နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်တွေ လုပ်ငန်းတွေမှာ တတ်ကျွမ်းမှုမရှိဘဲနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာကြောင့် တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်၊ ဒါ့ကြောင့်နည်းမျိုးစုံနဲ့ လိမ်ညာကောက်ကျစ်ပြီးတော့ စစ်အာဏာရှင်များသက်ဆိုးရှည်စေမဲ့ အခြေအနေမျိုးကို လုံးဝလုံးဝ တော်လှန်ဆန့်ကျင်တိုက်ဖျက်ကြဘို့ မျိုးချစ်တပ်မတော်သားများအပါအ၀င် ပြည်သူတရပ်လုံးက သမိုင်းပေးတာဝန်တရပ် အနေနှင့် တော်လှန်ဆန့်ကျင်တိုက်ဖျက်ကြဘို့ရန် တာဝန်ရှိနေပါတယ်၊ အချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံတော်ကြီးဟာ စစ်ကျွန်ဘ၀ကလွတ်မြောက်စေဘို့ ပြည်သူတရပ်လုံး လှည်းနေလှေအောင်းမြင်းစောင်းမကျန် နအဖ၊ကြံဖွတ်အပါအ၀င် မကောင်းဆိုးဝါးတွေ ကို တောထုတ်မဲ့ပွဲကြီးကို နိုဝင်ဘာလ ၆ရက်နေ့ နေ၀င်ချိန်မှစ၍ အဲဒီမကောင်းဆိုးဝါတွေ ပပြောက်သွားတဲ့အထိ အိမ်တိုင်းအိမ်တိုင်းကနေ သံပုံးတီးခြင်း ကလက်တက်များခေါက်ခြင်း တုံးမောင်းများခေါက်ခြင်း ဥသြများဆွဲခြင်း စသည်ဖြင့် ပြည်သူတရပ်လုံးက မကောင်းဆိုးဝါတွေကိုတိုက်ထုတ် တဲ့ပွဲကြီးကို စတင်ကြ ဘို့တိုက်တွန်း နိုးဆော်အပ်ပါတယ်။

မြန်မာနိုင်ငံတော်ကြီးအာဏာရှင်စနစ်အောက်မှလုံးဝလွတ်မြောက်ရမည်။

စစ်မှန်သောဖယ်ဒရယ်နိုင်ငံတော်ကြိးပေါ်ထွန်းရမည်

No comments:

Post a Comment