Tuesday, November 9, 2010

မဲဆောက်ဒေသ ယနေ့မနက်အခြေအနေ

ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ထိုင်း စစ်တပ်မှ တပ်မမှူး သည် ဒုက္ခသည်များအား အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
" ဗမာပြည်ဘက်တွင် တိုက်ပွဲများ ရပ်သွားပြီ။ အေးအေးဆေးဆေးဖြစ်သွားပြီ။ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းနေပါတယ်။
အေးအေးဆေးဆေးဖြစ်သွားတဲ့အချိန်
ကျရင် တံတားကနေ ပြန်ပို့ပေးမယ်။ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ့်ပစ္စည်းတွေကို ပြန်ကြည့်လို့ရတာပေါ့။
တံတားကနေ ပြန်ပို့ဖို့ လူကြီးတွေနဲ့ ညှိနေပါတယ်" ဟု ပြောကြားခဲ့သည်၊

ထိုင်း အာဏာပိုင် တစ်ယောက်မှလည်း
" ဒီကေဘီအေ တွေ မြ၀တီမှာ မရှိတော့ဘူး။ သူ့နေရာသူ ပြန်ဆုတ်သွားပြီ။ ' ဟု ပြောကြားခဲ့သည်၊
ထိုင်းစစ်တပ်နှင့် အာဏာပိုင်များမှ အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း ဒုက္ခသည်များမှာ ယနေ့ မနက်အထိ ထပ်ရောက်နေဆဲဖြစ်သည်၊ ယနေ့ ထပ်မံ ရောက်ရှိလာသော ဒုက္ခသည်များတွင် ဘုန်းကြီးများ။ ကိုရင်များ ပါလာသည်၊
ဒုက္ခသည်များမှ သူတို့အနေဖြင့် မပြန်ရဲသေးကြောင်း ပြောကြားကြသည်၊

တခြားအခြေအနေများမှာ-
ဒုက္ခသည်ဝင်းထဲသို့ ရောက်ရှိနေသော နယ်စပ်မှာရှိတဲ့ စက်ရုံအလုပ်သမားများကို အလုပ်ပြန်ဆင်းရန် အလုပ်ရှင်(စက်ရုံပိုင်ရှင်)များမှ ပြန်ခေါ်သွားကြောင်းသိရသည်၊
ဒုက္ခသည်များကို  ထိုင်းပြည်သူများ။ မဲဆောက်ဒေသအခြေပြု အဖွဲ့အစည်းများမှ ရေများ။ ထမင်းထုပ်များ ကူညီပေးပို့ခြင်း။ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကူညီ ဝေငှခြင်းများပြုလုပ်နေကြပါသည်၊

No comments:

Post a Comment