Monday, November 1, 2010

စည်းတိုက်တဲ့ည

လူသက်မှူးကြီး
လူရုပ်ြကီး
ဗိုလ်ချုပ်ရူးကြီးဟာ
သူကြီးပြင်းခဲ့ရာ
သူ့ရဲ့ရွာမဟုတ်တဲ့
မြို့ကြီးမှာ
ခြောက်လုံးပတ်ဝိုင်းဆရာကြီးပေါ့။

မိုးကြီးစုန်းစုန်းချုပ်ရော့
ဘေထိခေါ်သံကြားရာ
တ၀ါးဝါးရည်မောသံများနဲ့အတူ
ရွာဆော်ကြီးများရောက်လာခဲ့ကြ။

ဇာတ်ထုတ်ဟောင်းကြီး
စည်းတိုက်တဲ့ည
ဝိုင်းတော်သားများနဲ့
လူသတ်မှူးကြီး
လူရုပ်ကြီး
ဗိုလ်ချုပ်ရူးကြီးပေါ့
ခေါင်းထောင်မပျက်
တချက်ချင်းပတ်မကြီးဖိတီးပြ
အချီ့ အချ
အတက်အဆင်း
ဘေထိသံပြင်းပြင်းနဲ့
ဆက်တွန်းနေရဲ့။

ညဘယ်လိုနက်သွားတယ်
သိသော်လည်း
နှဲအချွှဲ့ ယခွန်းအဆွဲ
ဟာခနဲ ဟင်းခနဲ
အုပ်အော်သောင်းနင်း
ဘေထိသံရှည်မျောထဲ
တ၀ိုင်းတော်သားလုံး
့ 
ရင်ခုံသံနဲ့အတူ လွင့်ပျံရီဝေလို့ ။့

နက်သထက် နက်တဲ့
ညထဲ
ဘေထိ
ဘေထိသာ
အသေအချာရလိုက်ပြီးနောက်
မိုးစင်းစင်းလင်းသွားတဲ့အခါ
ရွာဆော်ကြီးများ
ဇာတ်ထုတ်ဟောင်းကြီးထဲ
အိပ်မောကျဟောက်သံတွေသာ
ကာရံညီတေးသွားအဖြစ်ကျန်ခဲ့လေရဲ့။

No comments:

Post a Comment