Friday, November 26, 2010

“ ဝေဖန်ရေးအမြင်မှ တိုးတက်ရေးသို့ ”

“ ဝေဖန်ရေးအမြင်မှ တိုးတက်ရေးသို့ ”
(ရဲဘော်ကျော်မြထူး)

ကျနော်တို့  နိုင်ငံရေး အဖွဲ့ အစည်းများတွင် ဝေဖန်ရေးအမြင်သည် မရှိမဖြစ် လိုအပ်နေပေသည်၊ အရေးလည်းပါလှပါသည်။ ကျနော်တို့ လူ့ အဖွဲ့ အစည်းတွင် ဝေဖန်ရေးဆိုသည်မှာ အကောင်းအဆိုး နှစ်မျိုးစလုံးဖြစ်နိုင်သော်လည်း တိုးတက်ရေးအတွက် အစဉ်ရှေးရှုသော ဝေဖန်ရေးသည် အပြုသဘော ဆောင်သော ဝေဖန်ရေးဟုလည်း ခေါ်ဆိုနိုင်ပေသည်။

ကျနော်တို့  လူ့ အသိုင်းအ၀ိုင်းအဖွဲ့ အစည်းအသီးသီးသည် သူတပါး၏ အားနည်းချက်၌ ဝေဖန်ရေးကို
အသုံးချပြီး အကွက်ကောင်းစောင့်လျက်တိုက်ခိုက်ကြပါသည်။ ထိုသို့ ဝေဖန်ရေးမှာ အဖျက်သဘော
ဆောင်သည့်ဝေဖန်ရေးမျိုးဖြစ်ပြီး ပျက်စီးပြိုကွဲမှုဘက်သို့ ဦးတည်နေပေသည်။

ကျနော်တို့ တော်လှန်ရေး နိုင်ငံရေးအဖွဲ့ အစည်းများတွင် တဦးနှင့်တဦးတဖွဲ့ နှင့်တဖွဲ့  တိုးတက်မှုအတွက်၊ ဒီမိုကရေစီနည်းလမ်းကျကျ ဝေဖန်ရေးကိုအသုံးပြုတတ်ဖို့ လို၏။ ဝေဖန်ရေး၏ အကျိုးရလဒ်သည် ပြုပြင်ရေးကိုဦးတည်စေပြီး တိုးတက်မှုကို ရှေးရှုစေပါသည်။ တော်လှန်ရေး နိုင်ငံရေးအဖွဲ့ အစည်းများအတွင်း အစည်းအဝေးများတွင် အတွေးအခေါ် အယူအဆပိုင်းဆိုင်ရာ အားနည်းချက်များကို တင်ပြဆွေးနွေး နိုင်ကြ ရမည်။

ထိုဆွေးနွေးမှုများမှ ထွက်ပေါ်လာသော အကျိုးရလဒ်များသည် ရှေ့လုပ်ငန်းများ ချမှတ်ရာတွင် အထောက်အကူ များစွာရရှိမည်ဖြစ်သည်။ ကျနော်တို့ တော်လှန်ရေး( ၂၂ )နှစ် ကြာလာသည်နှင့်အမျှ
မညှ်မျှတိုးတက်မှုရှိခဲ့သနည်းဆိုတာကို ပြည်လည်သုံးသပ်ကြရပေမည်။ နှစ်ကာလကြာခဲ့သည်နှင့်အမျှ အားနည်းချက်တွေလည်း များပြားခဲ့ပေသည်။ ထိုအားနည်းချက်များကို သုံးသပ်ဝေဖန်ကြရမည်။
အဖွဲ့ အစည်းတခုလုံးကို ပြန်လည်သုံးသပ်ဝေဖန်ကြရမည်။ မိမိကိုယ်ကို ဝေဖန်သုံးသပ်ကြဖို့ လည်း
လိုပေသေးသည်။

တဦးတယောက်ကို ထိုသို့ ဝေဖန်သည်အခါတွင် သူ၏ကောင်းသောအချက်များကို ပထမ၀န်ခံရမည်။

ထို့ နောက်မှ သူ၏ ချွတ်ယွင်းချက်များနှင့် ပျက်ကွက်ချက်များကို ဝေဖန်ရမည်။ ထိုနည်းလမ်းဖြင့်သာ တဦးနှင့်တဦးဝေဖန်ရေးကို ၀မ်းမြောက်စွာလက်ခံရပေလိမ့်မည်။ ဤနည်းလမ်းဖြင့်သာလျှင်ဝေဖန်ရေး၏ ရည်ရွယ်ချက်သည် အောင်မြင်လိမ့်မည်၊ တော်လှန်ရေး နိုင်ငံရေးအဖွဲ့ ဝင် ရဲဘော် တိုင်းသည် လမ်းညွန်မှုကို တွေဝေခြင်းမရှိဘဲကိုင်ဆောင်ထားရမည်။

အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားရမည်၊ မိမိသဘောအလိုကျမဟုတ်ဘဲ တော်လှန်ရေး(အဖွဲ့ အစည်း)
၏ လမ်းညွန်မှုအရ (အပြုသဘော) ထောက်ပြဝေဖန်ရဲရမည်။ အားနည်းချက်များကို အားသာချက်ဖြင့်
အစားထိုးပေးရမည်။ ချွတ်ယွင်းချက်ကို ပြင်ဆင်ချက်ဖြင့် အစားထိုးပေးရမည်၊ ၄င်းသည် ဝေဖန်ရေးအမြင်မှ အကျိုးရလဒ်ပင်ဖြစ်ပေသည်။ သို့ ဖြစ်၍ ကျနော်တို့  ဝေဖန်ရေးသည် လူ့ အဖွဲ့  အစည်းတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဝေဖန်ရေးကို ကောင်းမွန်စွာ အသုံးချတတ်ပြီး ဝေဖန်ရေး၏ အကျိုးရလဒ်ကိုလည်း ကောင်းမွန်စွာ အသုံးချတတ်ပေလိမ့်မည်။ ῎လူသည်လေနှင့် ရေမရှိလျှင် အသက်မရှင်နိုင့်῎ သကဲ့ သို့ ပင် တော်လှန်ရေးတရပ်(သိုမဟုတ်) တော်လှန်ရေးရဲဘော်တဦးသည်လည်း ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကို ဝေဖန်ရေးမရှိလျှင်အသက်ရှင် မနေနိုင်ပေ။

ဝေဖန်ရေးမရှိပါက လူ့ အဖွဲ့ အစည်းများအတွင်း အမှိုက်သရိုက်များ ခိုအောင်းနေပေလိမ့်မည်၊ ပုပ်သိုး နံစော်မှုများနှင့် အဖွဲ့ အစည်း၏ အခန်းတွင်၌ ရှိနေပေလိမ့်မည်၊ ထိုညစ်ပတ်နံစော်မှုများကို ဝေဖန်ရေးဟူသော လက်နက်ကို ဆွဲကိုင်၍ လူထု၏ စူးရှသည့်အမြင်ဖြင့် အလင်းရောင်ပေး၍ တိုက်ချွတ်ပေးကြရမည်။

ထို့ ကြောင့် ဝေဖန်ရေးသည် အဖွဲ့ အစည်းအတွင်း မှားယွင်းမှုများ၊ ဖောက်ပြန်ဆွေးမြေ့မှုများကို အချိန်မီ ထိန်းသိမ်းနိုင်ပြီး တော်လှန်ရေးခရီးလမ်းကို တည်မတ်လာစေပေသည်။ သို့ ဖြစ်၍ကျနော်တို့ လူ့ အဖွဲ့ အစည်းအတွင်း ဖောက်လွဲဖောက်ပြန်ဖြစ်နေသော အတွေးအမြင်လုပ်ရပ်မှန် သမျှ ကိုထိရောက်စွာ ဝေဖန်ပိုင်းခြား ဖယ်ထုတ်ပစ်ရမည်ဖြစ်ပြီး တိုးတက်မှုကို နှောင့်နှေးမှုဖြစ်နေသော အဖျက်အဆီး ခလုတ်ကန်သင်းများကို ကျော်လွှားဖြစ်သန်းနိုင်ရပေမည်။

တော်လှန်ရေး နိုင်ငံရေးသမားတိုင်း မိမိလုပ်ဆောင်ချက်များ၏ အမှားအမှန် ခွဲခြားစိတ်ဖြာပိုင်းခြား နိုင်သော လက်နက်မှာ ဝေဖန်ရေးပင်ဖြစ်သည့် မဟုတ်ပါလော၊ တော်လှန်ရေးနိုင်ငံရေးအဖွဲ့  အစည်းများ၌ လွဲမှားနေသည့် အသိအမြင် အတွေးအခေါ်ဟောင်းများရှိပါက လုံးဝထုတ်ပယ်လျက် ပြတ်သားသော ဝေဖန်ရေးအမြင်ဖြင့် ထက်မြက်သည့် တိုက်ပွဲဝင်ရဲဘော်တဦး ဖြစ်လာစေရန် ဆန္ဒမွန်ဖြင့် ရေးသားလိုက်ပါသည်။

No comments:

Post a Comment