Friday, November 26, 2010

“လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြရမဲ့အချိန်”

“လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြရမဲ့အချိန်”
မောင်ချင့်ချိန်

နအဖစစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကတော့ အားလုံးတွက်ဆထားကြတဲ့အတိုင်း တရားမဲ့မှုများစွာနဲ့ပြီးဆုံးသွားခဲ့ပြီ ၊ ပြည်သူကို လက်နက်နဲ့ဖိနှိပ်ထားနိုင်နေပြီလို့ သွေးနထင်ရောက်ထင်ရာစိုင်းနေတဲ့စစ်အုပ်စုက သူတို့ရဲ့တဘက်သတ်ရလာဒ်တွေကိုမကြေငြာခင်မှာပဲ လက်နက်ကိုလက်နက်ချင်းခုခံစစ်ကို ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBAတပ်ဖွဲ့ဝင်တွေက ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပါအ၀င် ဗမာပြည်သူတွေ ၊ စစ်အာဏာရှင်ကိုရင်ဆိုင်ခဲ့ကြတဲ့နည်းလမ်းမျိုးစုံမှာ အများစုက အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ရွေးချယ်ခဲ့ကြပါတယ် ၊ ငြိမ်းချမ်းစွာလူထုတိုက်ပွဲနည်း ဆိုပြီး ရွေးကောက်ပွဲ(၁၉၉၀)၀င်တာ ၊ ပါတီတွေ ထောင်တာ ၊ ဖမ်းဆီးခံပစ်သတ်ခံပြီး ဆန္ဒပြလှုံ့စော်တာ ၊ စတဲ့နည်းလမ်းတွေနဲ့ လက်နက်မဲ့တိုက်ပွဲဝင်ရေးကိုကြိုးစားခဲ့ကြသလို တချို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကလဲ ယာယီအပစ်ရပ် ၊ နားလည်မှုတည်ဆောက်တဲ့နည်းကို ငြိမ်းချမ်းရေးနည်းလမ်းအဖြစ် ဖြတ်သန်းရပ်တည်ခဲ့ကြပါတယ် ။
အဲ့ဒီအတွက် ၁၉၄၈ ကာလထဲက လက်နက်ကိုင်တော်လှန်ရေးနည်းကိုကျင့်သုံးခဲ့တဲ့အဖွဲ့အစည်းတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံနောက် ပိုင်းပေါ်ပေါက်ခဲ့ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အခက်ခဲမျိုးစုံ ၊ အချိုးကွေ့မျိုးစုံကြုံတွေ့ခဲ့ရပါတော့တယ် ၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲမှာကိုက လက်နက်ကိုင်ရင်ဆိုင်ဖြေရှင်းတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့နည်းကိုအသုံးပြုရေးဖြစ်လာတဲ့အခါ ဗမာပြည် အတွက် လက်နက်ကိုင်တော်လှန်ရေးနည်းမှာ အားလျော့စရာတွေဖြစ်လာခဲ့ပါတယ် ။

လူတွေက နိုင်ငံရေးအပြောင်းအလဲတွေဖန်တီးဘို့ စဉ်းစားကြတဲ့အခါ ကမ္ဘာနိုင်ငံတွေရဲ့ဖြစ်ခဲ့ဘူးတဲ့အခြေအနေတွေ ၊ ရလာဒ်တွေ ၊ လူ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်စဉ်းစားတတ်ကြပါတယ် ၊ ဒီလိုနှိုင်းယှဉ်စဉ်းစားပြီးအဖြေထုတ်နည်းလမ်းရှာတဲ့နည်းဟာ တခြားနိုင်ငံတွေအတွက် မှန်ကောင်းမှန်မှာဖြစ်ပေမဲ့ ဗမာပြည်အတွက်ကတော့ မမှန်ခဲ့ဘူးဆိုတာ ဖြတ်သန်းခဲ့ပြီးတဲ့နှစ်တွေ ၊ ခုထိအတိဒုက္ခရောက်နေတဲ့ပြည်သူ တွေက သက်သေပြပြီးဖြစ်ပါလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ကစစ်အာဏာရှင်တွေက ဘယ်နိုင်ငံက ဘယ်သူနဲ့မှမတူတဲ့ အင်မတန်ရက်စက်ယုတ်မာ ကောက်ကျစ်လူမဆန်သူတွေဖြစ်နေလို့ပါပဲ ။

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမားဆိုသူတိုင်းက စာတွေဖတ်ကြတယ် ၊ ကမ္ဘာ့နိုင်ငံရေးတွေ ၊ သမိုင်းတွေ ၊ ကမ္ဘာပေါ်ကထင်ရှားကျော် ကြားတဲ့ပုဂ္ဂိုလ်တွေကို လေ့လာကြတယ် ၊ အဲဒီအတွက် (အများစု) စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲနည်းလမ်းရွေးချယ်မှုမှာ အမှား တွေဖြစ်လာရပါတော့တယ် ၊ ရန်သူ/အတိုက်အခံ မကွဲပြားတဲ့ အမြင်တွေဖြစ်လာပါတော့တယ် ၊ လက်နက်အားကိုးတန်ခိုးပြပြီး လူသတ် ပွဲနဲ့အာဏာခိုင်မြဲအောင်လုပ်နေတဲ့သူတွေကို ရန်သူလို့ ပြတ်ပြတ်သားသားသတ်မှတ်ရမဲ့အစား တခြားနိုင်ငံကပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်ပြီး အတိုက်အခံလိုသဘောထားဆက်ဆံခဲ့ကြတယ် ၊ စစ်အုပ်စုကတော့ သူတို့ကိုဆန့်ကျင်ဖီဆန်သူတိုင်းကို ရန်သူလို့ပြတ်ပြတ်သားသား သတ်မှတ်ပြီး နည်းလမ်းစုံနဲ့ ရက်ရက်စက်စက်ချေမှုန်းခဲ့တာချည်းဖြစ်ပါတယ် ။

ခံခဲ့ရပြီးတဲ့ဖြစ်စဉ်များစွာနဲ့ ဖြတ်သန်းခဲ့ကြပြီးတဲ့ကာလတွေအတွက် မေးခွန်းနှစ်ခုရှိပါတယ် ၊ ကိုယ့်ဘာသာ ဖြေကြည့်တွေးကြည့်ကြစေချင် ပါတယ် ၊ (၁)ဗမာပြည်သူတစ်ရပ်လုံးနဲ့ ကျွန်တော်တို့ဒီမိုကရေစီလိုလားသူအားလုံး ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်နေကြဆဲစစ်အာဏာရှင်တွေက ကျွန်တော်တို့ရဲ့ ရန်သူလား အတိုက်အခံလား ၊(၂)ရန်သူဆိုရင်ဘယ်လိုသဘောထားမလဲ အတိုက်အခံဆိုရင်ဘယ်လိုသဘောထားမလဲ၊ ကျွန်တော်ကတော့ ရန်သူလို့သတ်မှတ်ပါတယ် ၊ ပြည်သူတွေရဲ့ဆန္ဒကို သာမန်နည်းလမ်းတွေနဲ့ဆန့်ကျင်ယုံမဟုတ်ပဲ ရဟန်းသံဃာမချန် ကလေးမိန်းမမချန် ကျောင်းသားမချန် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ပစ်တဲ့အထိ ကျူးလွန်ခဲ့သူတွေမို့ ရန်သူလို့ပဲသတ်မှတ်ပါတယ်၊ သူက ကိုယ့်ကို ရန်သူလိုသဘောထား ရက်ရက်စက်စက်နည်းတွေသုံးနေတာကို (သာမန်အားကစားပြိုင်ပွဲတခုလိုမဟုတ်တဲ့အတွက်)ငြိမ်ခံမနေ နိုင်ပါဘူး ၊ အတိုက်အခံအဆင့်ဆိုရင်သာ ယှဉ်ပြိုင်ရမှာပါ ၊ ရန်သူလို့သဘောထားရင်တော့ ဘယ်လိုနည်းနဲ့နိုင်နိုင် အနိုင်ရအောင်ရင်ဆိုင် ရမှာပါ ၊ မျှမျှတတယှဉ်ပြိုင်နေဘို့ မလိုပါဘူး ၊ အဲဒီ ရန်သူ/အတိုက်အခံ အဖြေမကွဲပြားမှုကြောင့် စစ်အာဏာရှင်ကိုရင်ဆိုင်ဘို့ နည်းနာ လွဲချော်ခဲ့ကြတာလို့ ကျွန်တော် ရဲရဲပြောဝံ့ပါတယ်။

စစ်အာဏာရှင်တွေအပေါ်အမြင်မရှင်းမှု သို့မဟုတ် အမြင်မခိုင်မာမှုတွေကြောင့်ပဲ ငြိမ်းချမ်းစွာအကြမ်းမဖက်တိုက်ပွဲဝင်ရေးနည်းကို တရား သေဆုတ်ကိုင်ထားကြသူတွေ၊ နာကျည်းစရာကြုံတုန်းခန လက်နက်ကိုင်ပြန်ချမယ်ဆိုသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပင်ပန်း ဆင်းရဲမှုတွေကို ခါးသီးကြောက်လန့်လာသူတွေဟာ လက်နက်ကိုင်တော်လှန်ရေးကနေ တဖြည်းဖြည်းသွေဖီလာကြပါတယ် ၊ တချို့က နိုင်ငံတကာအကူညီရရှိရေး ၊ တချို့ကတတိယနိုင်ငံတွေထွက်ခွာရေး၊ တချို့ကရန်သူနဲ့ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊တချို့က စား ပွဲဝိုင်းထိုင်ဆွေးနွေးနိုင်ရေးဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကိုရှောင်ခွာခဲ့ကြရာမှာ ရန်သူနဲ့ရန်ငါစည်းယတိပြတ်သူတွေ ၊ လက်နက်ကိုင်လမ်း စဉ်ကိုသာသက်ဝင်ယုံကြည်သူတွေကျန်ရစ်ပြီး ရန်သူရဲ့အညှိုးတကြီးချေမှုန်းမှုကို အလူးအလဲကာကွယ်နေခဲ့ရပါတယ် ။ အဲဒီလိုနဲ့ ရန်သူ့ ဘေး ကာကွယ်ရေးသာလုပ်နိုင်ပြီး ထိုးစစ်မဆင်နိုင်တဲ့အခြေအနေပေါ်မှာ ကြာလေလက်နက်ကိုင်လမ်းစဉ်ကနေဖယ်ခွာလေဖြစ်လာကြပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် မှေးမှိန်သလို ဖြစ်နေခဲ့ရပါတယ် ။

အနိုင်ကျင့်ဖိနှိပ်မှုကိုကျူးလွန်လိုစိတ်ရှိသူတွေဟာ လက်နက်ကိုပဲတန်ဘိုးထားတာဖြစ်ပါတယ် ၊ လက်နက်နဲ့အင်အားကိုအားကိုးပြီး ဗိုလ်ကျစိုးမိုးနေသူတွေက သူတို့ထက်သာတဲ့အင်အားနဲ့ လက်နက်ရှိသူတွေကိုပဲကြောက်တာပါ ၊ လက်နက်ကိုင်လမ်းစဉ်မှာလျှောက်လှမ်း နေသူတွေလျော့နည်းလာတဲ့အပေါ် တဖြည်းဖြည်းထင်ရာစိုင်းလာတာပါ ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအင်အားတောင့်ခဲ့တဲ့ကာ လတွေကနိုင်ငံရေးအခြေအနေ ၊ ရန်သူစစ်အုပ်စုရဲ့အခြေအနေနဲ့ ၊ လက်နက်ကိုင်အင်အားစုတွေချည့်နဲ့လာတဲ့အချိန်ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေ ၊ ရန်သူ့သဘောထားတင်းမာမှု နှိုင်းယှဉ်ကြည့်ပါ ။

ဒီပဲယင်းလိုဥပဒေမဲ့မှုမျိုး ပြောင်ကျူးလွန်ခဲ့တယ် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ လူထုတိုက်ပွဲဦးဆောင်သူတွေကို မတရား ထောင်နှစ်ရှည်တွေချခဲ့တယ် ၊ ၂၀၀၇ စက်တင်ဘာလို ရဟန်းသံဃာတွေသတ်တာ ၊ ဘုန်းကြီးကျောင်းတွေချိတ်ပိတ်တာစတဲ့ အနိုင်ကျင့် မှုမျိုးတွေ ရဲရဲဝံ့ဝံ့လုပ်လာခဲ့တယ် ၊ ၁၉၉၀ ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့တယ် ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒ ၊ ဘာသာ ၊ ဓလေ့ထုံးတမ်းတွေ ကိုတန်ဘိုးမထားခဲ့ဘူး ၊ ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲံကို နာဂစ်လိုလူသိန်းချီသေရတဲ့မုန်တိုင်းဘေးသင့်ချိန်မှာတောင် အဓမ္မလုပ်ခဲ့တယ်၊ ခုနောက်ဆုံး ဘယ်သူဘာပြောနေနေ တိုင်းရင်းသားအပစ်ရပ်တွေ နယ်ခြားစောင့်တပ်ဖွဲ့ကိုဖွဲ့ရမယ်ဆိုတဲ့အမိန့်ပေးမှုမျိုး ၊ ၂၀၁၀ ရွေး ကောက်ပွဲဆိုတာကို အာဏာတန်းလန်းစစ်ယူနီဖေါင်းချွတ်တွေနဲ့ကြံ့ဖွတ်ပါတီဖွဲ့ ၊ အနိုင်ရရေးထင်သလိုလုပ်နေတာတွေဟာ လက်နက် ကိုင်အင်အားစုတွေ အားလျော့နေခဲ့လို့ပဲဖြစ်ပါတယ် ။ ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့ဖခင်ကြီး နေ၀င်းလက်ထက်မှာတုံးကတောင် KNU ၊ ဗကပနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအားကောင်းခဲ့တော့ ဒီလောက်မရမ်းကားနိုင်ခဲ့ပါဘူး ။

စစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်တည်မြဲရေးလုပ်ဆောင်ချက်အဆင့်ဆင့်ကို ဘယ်နိုင်ငံရေးခေါင်းဆောင် ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၊ ဘယ်နိုင်ငံရေးနည်းလမ်းကမှ မတားနိုင်ခဲ့ဘူး ၊ ဆိုးရွားစုတ်ပြတ်အောက်တန်းကျမှုမျိုးစုံနဲ့ အစိုးရနာမည်ခံထားတဲ့ရာဇ၀တ်ကောင်တွေကို ကုလသမဂ္ဂကအသိမှတ်ပြုထားဆဲ ၊ အာဆီယံနိုင်ငံအဖွဲ့ဝင်ဖြစ်နေဆဲပဲ ၊ စိုးရိမ်မကင်းစောင့်ကြည့်နေကြပါတယ်ဆိုတာထက်ပိုလာအောင် ဘယ်သူမှမလုပ်နိုင်ခဲ့ကြဘူး ၊ ဒီလိုနဲ့ ၂၂ နှစ်ကျော်ကြာခဲ့ပြီ ၊ ပြောင်ထင်သလိုသတ်လို့ သေတဲ့သူတွေများပြီ ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ပြီးဖြစ်ဖြစ် ၊ အသိချို့တဲ့မှုကြောင့် ရောဂါဘယပိုးမွှားကူးစက်ခံရတာတွေဖြစ်ဖြစ် မသေသင့်သေးပဲသေခဲ့ရသူတွေများပြီ ၊ မပြည့်စုံမလောက်ငှတဲ့ဘ၀တွေကြောင့် မပျက်ဆီးသင့်ပဲဆုံးရှုံးပျက်ဆီးခဲ့ရတဲ့ဘ၀တွေ များပြီ ၊ အဲဒီပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်ခံမလဲ ၊ နောက်ရော ဘယ်လောက်ဘယ်ကာလထိ ဒီလိုဆက်ကြုံတွေ့ခံစားနေကြရဦးမလဲ ။ ဘယ်လိုတိုက်ပွဲပဲစဉ်းစားစဉ်းစား ပြည်သူတွေလက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဆိုးနဲ့ပဲ နှိုင်းယှဉ်စဉ်းစားကြသင့်ပါပြီ ။

အခုတော့ရှင်းတယ် ၊ အပစ်ရပ်ထားတယ်ဆိုတာ တကယ်တိုင်းရင်းသားတွေအပေါ်စေတနာမှန်လို့မဟုတ်ဘူး ၊ စစ်မျက်နှာလျော့အောင် လို့ဆိုတာသိလာတဲ့ ၊ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတာကိုခံနေရတဲ့ဘ၀ကို နာကျည်းလာတဲ့ ၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ကိုဥပေက္ခာပြုပြီး အနိုင်အထက်ပြုနယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာကိုလက်မခံတဲ့ ၊ ရွေးကောက်ပွဲကိုမတရားသဖြင့်နည်းတွေနဲ့လုပ်ပြီး စစ်အာဏာခိုင်မြဲလာတာနဲ့အမျှ အပစ်ရပ်တိုင်းရင်းသားတွေကို နိုင်သထက်နိုင်လာမှာဆိုတာသိလာတဲ့ ၊ ဘယ်အချိန်မှာ ဘယ်လိုပြန်ခံချရ မလဲဆိုတာလဲ နားလည်သဘောပေါက်တဲ့ ဗိုလ်နှုပ်ခမ်းမွှေးနဲ့ DKBA တပ်ဖွဲ့ဝင်တွေက မြ၀တီမြို့သိမ်းတိုက်ပွဲနဲ့အတူ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက်ဆန့်ကျင်တိုက်ခိုက်ပြလိုက်ပြီ ။
ဒီတိုက်ပွဲဟာ ပြည်သူတွေရင်ထဲမှာရှိနေတဲ့လိုလားမှုကို ဖေါ်ထုတ်ပြလိုက်တာဖြစ်တယ် ၊ ဘယ်ပြည်သူကမှ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ ရလာဒ်ကိုစိတ်မ၀င်စားဘူး ၊ DKBA ရဲ့တိုက်ပွဲအခြေအနေကိုပဲ စိတ်ဝင်စားကြတယ် ၊ DKBA ရဲ့အောင်ပွဲကိုပဲမျှော်လင့်နေကြတယ် ၊ KNU အပါအ၀င် ၊ ကျောင်းသားတပ်မတော်နဲ့ တခြားလက်နက်ကိုင်အင်အားစုအားလုံးကပါ နေရာတိုင်းက၀ိုင်းတိုက်ကြဘို့ နှိုးစော်နေကြတယ် ၊ ဒါဟာလက်နက်ကိုင်တော်လှန်ရေးရဲ့ အလင်းရောင်ပါပဲ ၊ ရန်သူကိုရန်သူလိုသဘောထား တိုက်ကြရမယ်ဆိုတာ အသိတွေကိုနှိုးဆွလိုက် တာပါပဲ ။ဒီ၂၂နှစ်တာကာလမှာ လက်နက်ကိုင်အင်အားစုတွေရော ၊ ငြိမ်းချမ်းရေးနည်းဆိုသူတွေရောအားလုံးက NLDကိုဝိုင်းရံကြဆိုတာနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင်တိုက်ပွဲဝင်ကြလို့ကြွေးကြော်ခဲ့ကြတယ် ၊ ခုတော့ ခေတ်သမိုင်းရဲ့တောင်းဆိုမှုက ဘယ်သူ့ဘယ်သူကို မှ အပြစ်ပြောဝေဘန်နေစရာမလိုပဲ ငြင်းခုန်နေကြဘို့မလိုတော့ပဲ ကြေံးကြော်သံပြောင်းချိန်ရောက်ပြီလို့ထင်ပါတယ် ၊ ကျွန်တော်တို့ အားလုံး တူညီပြောင်းသင့်တဲ့ကြွေးကြော်သံက “ရရာလက်နက်ဆွဲကိုင်တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ ”လို့ ။

မြို့တွေပေါ်သပိတ်တိုက်ပွဲတွေဆင်နွှဲတဲ့နည်း ၊ ပြည်သူလူထုကြားမှာ ရရာလက်နက်ဆွဲကိုင်ပြန်ခံချကြတော့ဘို့ လှုံ့စော်တဲ့နည်း ၊ တိုက်ပွဲ ၀င်နေတဲ့ရဲဘော်တွေဆီကို ကျည်/ရိက္ခာသယ်ပို့ပေးတဲ့နည်း ၊ ထောက်ပို့ပစ္စည်း ကျည်/ရိက္ခာတွေ ရှာဖွေစုဆောင်းပေးတဲ့နည်း ၊ ကိုယ်တိုင် လက်နက်ကိုင်ပါဝင်တဲ့နည်း တနည်းနည်းနဲ့ စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ၀န်းရံကြရမဲ့အချိန် ရောက်ပါပြီ ။

“ရရာလက်နက်ဆွဲကိုင်တိုက်ပွဲံဝင်ကြ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဝန်းရံကြ ”
မြ၀တီမြို့တိုက်ပွဲဆင်နွှဲနေသော ဗိုလ်နှုပ်ခမ်းမွှေးနှင့် DKBA ရဲဘော်များ
ဘုရားသုံးဆူမြို့အားတပြိုင်နက်ထိုးစစ်ဆင်နွှဲခဲ့သော KNU ရဲဘော်များ
တိုက်ပွဲဝင်ရဲဘော်အားလုံးအား အလေးပြုပါသည် ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်

No comments:

Post a Comment