Sunday, November 7, 2010

မြ၀တီတွင် တင်းမာမှုများပိုမို ပြန်လည် အားကောင်းလာ

ပြန်လည်ဆုတ်ခွာသွားကြပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ညှိနှိုင်းခဲ့ကြသည့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်နှင့် အစိုးရ စစ်တပ်များအကြား တင်းမာမှုများ တနင်္ဂနွေည သန်းခေါင်ယံမတိုင်မီတွင် ပြန်လည် ဖြစ်ပွားခဲ့သည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ

ပြန်လည်ဆုတ်ခွာသွားကြပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ညှိနှိုင်းခဲ့ကြသည့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်နှင့် အစိုးရ စစ်တပ်များအကြား တင်းမာမှုများ တနင်္ဂနွေည သန်းခေါင်ယံမတိုင်မီတွင် ပြန်လည် ဖြစ်ပွားခဲ့သည်။

ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ်က ထိုင်း-မြန်မာ နယ်ခြား ချစ်ကြည်ရေး တံတားတွင် ပြန်လည် နေရာယူရန် အမိန့်ပေးခဲ့သည်။ အစိုးရတပ်များကလည်း ပြန်လည် အားဖြည့် ထားလိုက်သည်။


တံတားတွင် ပြန်လည်နေရာယူထားသော တပ်မှူးက “တင်းမာမှုတွေ ပြန်ဖြစ်နေတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်ညွှန်ကြားတဲ့အတိုင်း တံတားမှာ နေရာ ပြန်ယူလိုက်တယ်။ အခုအချိန်မှာ ပြဿနာက ဗိုလ်ချုပ် အချင်းချင်း စကားပြောမှ ရမယ့် အခြေအနေဖြစ်နေပြီ၊ အောက်ခြေက ဗိုလ်အချင်းချင်း ညှိနှိုင်းလို့ မရနိုင်ဘူး” ဟု ပြောသည်။

တနင်္ဂနွေ ညနေစောင်းစဉ်ကတော့ ဒီကေဘီအေ အဖွဲ့က တနေ့တာ တင်းမာမှု အပြီး နှစ်ဖက်တပ်များ တနင်္လာနေ့တွင် ဆွေးနွေးရန် သဘောတူညီခဲ့သည်ဟု ပြောခဲ့သည်။

ဒီကေဘီအေ တပ်မဟာ ၅ က သူတို့အနေနဲ့ ယခင်အတိုင်း ပြန်လည်နေထိုင်လိုသည်ဟု တနင်္ဂနွေညနေက ပြောခဲ့သည်။

မြန်မာအစိုးရသည် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြ၀တီတွင် အရေးပေါ်အခြေအနေ အပါအ၀င် လုံခြုံရေး ကန့်သတ်ချက်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) က အစိုးရရုံးများ နှင့် အဓိကကျသော နေရာအချို့ကို ၀ိုင်းထားပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရ တပ်များ နေ့ခင်းပိုင်းတွင် အင်အားဖြည့်တင်းပြီးနောက် ဒီကေဘီအေ တပ်စွဲထားသည့် နေရာများကိုလည်း ၀ိုင်းထားသည်ဟု ရဲ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောက်ဆက်တွဲ အနေနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) မှ တပ်သားများက ဒီကေဘီအေတပ်များကို အစိုးရတပ်များက တိုက်ခိုက်လာပါက ယင်းတို့အနေဖြင့် ကူညီနိုင်ရန် အသင့် ပြင်ဆင်ထားသည် ဟုဆိုသည်။

နိုင်ငံခြား သတင်းထောက် ၂ ဦး နှင့် မြန်မာစကားပြန် တစ်ဦးတို့ ယနေ့ စောစောပိုင်းက မြ၀တီတွင် ဖမ်းဆီးခံခဲ့ရပြီး၊ ယင်းသတင်းထောက်များကို မြန်မာအစိုးရတပ်များ နှင့် ဒီကေဘီအေတပ်များ ရင်ဆိုင်နေကြသည့် အကြားတွင် ရှိသည့် ရဲစခန်းတွင် ချုပ်နှောင်ခံထားသည်ဟု ရဲ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

တချိန်တည်းမှာပင် ကော့ကရိတ်မြို့ နေရာ ၄ ခုတွင် နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများအရ သိရှိရပြီး၊ မြ၀တီမြို့တွင်လည်း ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။

မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ ဒီကေဘီအေ တပ်သား ၂၀ ခန့်ကို ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနားတွင် တွေ့ရှိရပြီး၊ ကရင်သတင်းဌာန (ကေအိုင်စီ) ကလည်း ဒီကေဘီအေတပ်များက မြို့နေရာအနှံ့အပြားတွင် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်ဟု သတင်းပေးပို့သည်။

“ကျွန်တော်တို့ တပ်တွေဟာ အရေးကြီးပြီး အချက်အချာကျတဲ့ နေရာများ နှင့် အခွန်ဂိတ်စခန်းများကို သိမ်းပိုက်ထားတယ်” ဟု ဒီကေဘီအေ အရာရှိတစ်ဦးက ကေအိုင်စီကို ပြောပါသည်။ “ဗိုလ်နှုတ်ခမ်းမွှေး ခေါ် စောလားပွဲ၏ ကွပ်ကဲမှုအောက်ရှိ တပ်မဟာ (၅) သို့ ခိုလှုံလာသည့် နယ်ခြားစောင့်တပ်က တပ်သား ၆၀ ကိုလည်း ကျွန်တော်တို့ ကြိုဆိုလက်ခံထားတယ်” ဟု အဆိုပါအရာရှိက ဆိုပါသည်။

ထိုအရာရှိက နေရာအတော်များများကို သိမ်းပိုက်ထားခြင်း မရှိသကဲ့သို့ မြန်မာတပ်ကလည်း ခုခံပစ်ခတ်ခြင်း မရှိဟုဆိုသည်။

ဒီကေဘီအေသည် အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့ဖြစ်ခဲ့ပြီး တပ်မဟာ (၅) သည် နယ်ခြားစောင့်တပ်သို့ ပြောင်းသည့် အစီအစဉ်ကို လက်မခံဘဲ၊ ခွဲထွက်လာသည့် အုပ်စုဖြစ်လေသည်။ ဒီကေဘီအေသည် ကရင် အမျိုးသားအစည်းအရုံးမှ ၁၉၉၄ ခုနှစ် တွင် ခွဲထွက်လာသည့် အဖွဲ့ဖြစ်လေသည်။

No comments:

Post a Comment