Sunday, November 7, 2010

ထိုင်း မြန်မာနယ်စပ် မြ၀တီမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပေါ် နေ

ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး အချက်အခြာမြို့ဖြစ်တဲ့ မြ၀တီမြို့မှာ ကရင်လက်နက်ကိုင်တပ်များနဲ့ မြန်မာစစ်အစိုးရတပ်များ နိုဝင်ဘာ ၈
ရက်နေ့ မနက် ၈ နာရီကတည်းက စတင် တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
နိုဝင်ဘာ ၈ ရက် မြန်မာစံတော်ချိန် မနက် ၁၀ နာရီ သတင်း
အခု ဖော်ပြထားတာကတော့ ဒေသခံတဦး ပြောပြသွားတာပါ။
“မနက် ၈ နာရီလောက်ပေါ့ နော်။ အဲဒီမှာ လက်နက်ကြီးတွေ စ ပစ်တယ်။
စောစောတုန်းကအထိ တချက်စီ ကျတယ်။ မနားတမ်း ပေါ့။ ရပ်လိုက်
ပစ်လိုက်နဲ့။ မြို့ထဲကို ကျတယ်။ သုံး လေး နေရာလောက် ကျတယ်။
တလုံးက နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့
ဗိုလ်မုတ်သုန်တို့အိမ်နားမှာ ကျတယ်။ အမှတ် ၄ ရပ်ကွက်
တောရကျောင်းအနားမှာ သုံးလုံး ကျတယ်။ ဈေးကုန်းမှာ
တလုံးကျတယ်။
အနီးကပ်တိုက်ပွဲဖြစ်တာက သံတံတားအနားမှာလို့ ပြောတယ်။
သံတံတားဆိုတာက ထိုင်းနဲ့ ပြဿနာတက်တဲ့နေရာ လေ။ ထိုင်းဘက်က
မြေဖို့လို့ ပြဿနာတက်တဲ့ နေရာ။ သံတံတားနဲ့ ဘုရင့်နောင်ဈေးက
တဆက်ထည်းလို ဖြစ်နေတယ်။ ဘုရင့်နောင်ဈေးသွားတဲ့ လမ်းကို ဒီကေဘီအေက ပိတ်ပစ်လိုက်တယ် လေ။ ပိတ်တော့ ရဲတွေက တားတော့
ရဲတွေက မနိုင်လို့ တပ်ကို လှမ်းခေါ်တော့ တပ်က လာတယ်။ အဲဒီမှာ အနီးကပ် ဖြစ်ကြတယ်။ ထိုင်းဘက်ကို လက်နက်ကြီး ကျတယ်လို့
ပြောတယ်။“
ဘယ်ဘက်က စတင် ပစ်ခတ်သလဲဆိုတာ မသိရကြောင်း၊ မြ၀တီမြို့သူမြို့သားများ လမ်းပေါ်ကို ဘယ်သူမှ မထွက်ကြတော့ကြောင်း၊
အိမ်ဖုန်းလိုင်းများ ဖြတ်ထားကြောင်း၊ မြ၀တီမှာ ပေါ်တာဆွဲနေကြောင်း၊ မဲဆောက်မှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း
အခြားသတင်းရပ်ကွက်တခုက ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီ သတင်း
ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေး ခေါ် စောလားပွယ် ဦးဆောင်တဲ့ တပ်တွေက မြ၀တီမြို့ကို ၀င်သိမ်းလို့ဆိုပြီး နအဖတပ်တွေနဲ့ အပြန်အလှန်
ပစ်တာတွေ ဖြစ်တယ်။ ဒီနေ့ မနက် ၉ နာရီလောက်က စပြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ မြ၀တီမြို့ထဲမှာ ပစ်ခတ်မှု ဖြစ်ပွားနေပါတယ်။
ထိုင်းဘက်က အကောက်ခွန်ရုံးရှေ့အထိ လက်နက်ကြီး ကျည်ဆံကျပါတယ်။ မြ၀တီမှာဆို အိမ်တွေကိုတောင် ပစ်တယ်လို့ ကြားပါတယ်။
လူတွေ ဘယ်ပြေးရမှန်းမသိ ဖြစ်နေတယ်။ မြို့ထဲမှာ လက်နက်ငယ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်။
KNU အထူးတပ် ကလည်း ဘုရင့်နောင်ကုန်းကို တက်သိမ်းပြီလို့ သတင်းတွေ ထွက်နေပါတယ်။ မြန်မာပြည်သူတွေ မဲဆောက်ဖက်ကို
ပြေးလာလို့ မရပါဘူး။ ထိုင်းဖက်က ပိတ်ထားပါတယ်။ တချို့ တောထဲ ပြေးပုန်းနေကြပါတယ်။ မြ၀တီက ဈေးကြီးနဲ့ ညဈေးမှာ စ
ထိုင်းဘက်ကိုကျတဲ့ လက်နက်ကြီးကြောင့် ထိသွားတဲ့ ကားတစီး
pmrsufESm - 2 rlydkif - ,ae@jrefrm
ပစ်ကြတာလို့ သိရပါတယ်။ မနက်လင်းကြီးကတည်း လက်နက်ငယ်နဲ့ အနည်းငယ် စ ပစ်ပြီး မနက် ၈ နာရီကျော်တော့ အာရ်ပီဂျေ စတဲ့
လက်နက်ကြီးတွေနဲ့ စ ပစ်တယ်လို့ သိရပါတယ်။ သေနတ်သံတွေ လှမ်း ကြားနေရတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။
မနက်အစောပိုင်းက မဲဆောက်ဖက်ခြမ်း မြ၀တီတံတားအဆင်းက စစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ရှေ့မှာ လက်နက်ကြီးကျည်ဆံကျလို့ ထိုင်း ၃
ဦး ဒဏ်ရာရတယ်။ မြ၀တီ မဲဆောက် ချစ်ကြည်ရေးတံတားကနေ သွားပြီး အားပေးဖို့ ဈေးထိပ်မှာ ၁၂ နာရီကျရင် လူစုမယ်လည်း
မဲဆောက်ရောက် မြန်မာနိုင်ငံသားများအကြား ပြောဆိုနေကြတယ်။
ဒီနေ့ မြ၀တီမြို့ပေါ်မှာ အပြင်ထွက်လို့ မရကြတော့ဘူး။ ထွက်တဲ့လူတွေ အပစ်ခံရတယ် တဲ့။ ပေါ်တာလည်း စဆွဲေ နပြီ ပြောတယ်။
အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ် ကြားတယ်။ ညဈေးဘက်ကနေ တောရကျောင်း၊ ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိ
ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ မြန်မာအာဏာပိုင်ဘက်က စစ်သားအလောင်းတွေ ပုံနေတယ် ကြားတယ်။
မနက် ၁၀း၃၈ မှာ အမှတ် ၅ ရပ်ကွက် ကြံ့ဖွတ်ရုံးကို ရော့ကက်နဲ့ ပစ်တယ်၊ အဲဒီရုံးအတွင်းမှာ ရယကတွေ၊ ကြံ့ဖွတ်၊ အရံမီးသတ်တွေ
ရှိနေတယ်၊ အသေအပျောက် မသိရသေးဘူး။ လက်နက်ကြီး ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေ ဆူညံနေတာပဲ။ သင်္ကန်းညီနောင်မှာတော့
နအဖ တပ်က အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ လုပ်ထားတယ်လို့ ကြားတယ်။
မနေ့ကလည်း မြ၀တီမှာ ဒီကေဘီအေ စောကျော်သက် အဖွဲ့က ဆန္ဒပြနေတဲ့အတွက် နအဖနဲ့  ဒီကေဘီအေအဖွဲ့ တို့အကြားမှာ
တင်းမာမှုတွေဖြစ်တယ်လို့ သိရတယ်။ ဒါကြောင့် မြ၀တီကို ဒီကေဘီအေသိမ်းတယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြဿနာ
ဘယ်လိုစဖြစ်လဲတော့ မသိရသေးဘူး။ မနေ့ညကတည်းက တမြို့လုံး တိတ်ဆိတ်နေပြီး ပြဿနာ တခုခု တက်နေတယ်လို့ပဲ မြို့ခံတွေက
ပြောကြတယ်။ တချို့သုံးသပ်သူတွေကတော့ ကေအန်ယူနဲ့ ဒီကေဘီအေ ပေါင်းပြီး တိုက်နေတယ်လို့ ပြောကြတယ်။
သေနတ်သံတွေကြောင့် မဲဆောက်ဖက်ခြမ်း နယ်စပ်တလျောက်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ ဖွင့်လှစ်ထားတဲ့ မြန်မာ
အလုပ်သမားတွေရဲ့ ကလေးတွေတက်တဲ့ ကျောင်းများကို ထိုင်းအာဏာပိုင်များက ပိတ်ရန် ညွန်ကြားထားပါတယ်။ ထိုင်းဆေးရုံကားတွေ
ဥဒဟို သွားနေတယ်။
လောလောဆယ်မှာတော့ ထိုင်းနယ်စပ်ကို လက်နက်ကြီး ကျည် ၆ လုံးကျပြီး ၁၅ ယောက်လောက် ဒဏ်ရာရလို့ မဲဆောက်ဆေးရုံကြီးကို
ပို့ဆောင် လူသေတာများတယ်ပြောတယ်။ အခု ကမ်းနားက လူတွေကို အထဲဖက်တွေ ၀င်ခိုင်းနေတယ်။ ထိတဲ့အထဲမှာ
သတင်းထောက်တွေလည်း ပါတယ်လို့ သိရတယ်။ ထိုင်းက STV မဲဆောက်သတင်းတွေမှာ ထုတ်လွှင့်နေတယ်။ တံတားထိပ်ဆီ လူတွေ
ပေးမသွားတော့ဘူး။ မဲဆောက်မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ။ လူ မစုရ။ ကမ်းနား မသွားရ။ အပြင်တော့ ထွက်လို့
ရသေးတယ်။

No comments:

Post a Comment