Monday, November 29, 2010

ယနေ့ သတင်း (၂၉ ရက် နိုဝင်ဘာလ ၂၀၁၀)

သတင်း
ည (၈ နာရီ) ယနေ့ ညနေပိုင်း ၆ နာရီ ၄၀ တွင် နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ တိုက်ပွဲများ အရှိန်မြင့်စွာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ညနေပိုင်း တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။ နေ့လည်ပိုင်းကဖြစ်ခဲ့သော နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တိုက်ပွဲတွင် နအဖ ဘက်မှ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

ညနေ (၃ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး သရက်တပင်ကျေးရွာမှာ နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်းနဲ့ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင် ဒီကေဘီအေ တပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယခုအချိန်အထိ တိုက်ပွဲများ တဖက်နဲ့တဖက် ပြင်းထန်စွာ ပစ်ခတ်လျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment