Sunday, November 7, 2010

ရွေးကောက်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှု နမ့်ခမ်းမှာ ဖြစ်ပွား

စနေနေ့ ၆ရက်၊ နိုဝင်ဘာလ၊ ၂၀၁၀ခုနှစ်
စစ်အစိုးရပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရန် တိုက်သွန်းလှုံ့ဆော် သည့် စာရွက်စာတမ်းများ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယခုအောက်တိုဘာ လ ၃ ရက်နေ့က ဖြန့်ဝေသွားကြောင်းသိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်သွန်းပေးသော စာရွက်စာတမ်းများကို ဖတ်ရသော်လည်း မည်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းမှ လာရောက်ဖြန့်ဝေသွားသည်ကို အတိအကျမသိကြောင်းဒေသခံ တစ်ဦးက အခုလိုပြောတယ်။

"နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းလောက်ထင်ရတယ်။ ၄-၅ လက်မ လောက်ရှိတဲ့ အဖြူရောင်စာရွက်ပေါ် အပြာရောင် ဘောပင်နဲ့" ရွေးကောက်ပွဲ ဥပဒေ အရမဲမပေးဘဲနေပိုင်ခွင့်ရှိတယ်” “ စစ်အာဏာရှင်ပြုတ်ကျဖို့ မတရားနည်းမျိုးစုံဖြင့် မဲထည့်ခိုင်းခြင်းကိုကန့်ကွက်ကြစို့" ဟု လက်ရေးနဲ့ ရေးသားထားတဲ့စာတမ်းတွေပါတယ်"

“မိန်းလမ်းမ တစ်လျှောက် အဲ့ဒီ ကျားဖြူခမ်းမ နားထိ ပြီးတော့ အဲ့ဒီ ကျားဖြူပါတီ နားမှာလည်း ဖြန့်သွားသေးတယ် ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်း ဖြန့်ဝေတယ်ဆိုတာ ကျတော်လည်းမသိဘူး" ဟု အဆိုပါ စာတမ်းဖတ်ရသော ဒေသခံတစ်ဦးကပြောသည်

၃ ရက်နေ့တွင်ဖြန့်ဝေသွားတာဖြစ်ပြီး ၄ ရက်နေ့မနက်တွင် နမ့်ခမ်းမြို့မှ ရဲ၊ စစ်သားနှင့် စသည့်လုံခြုံရေးများအား နမ့်ခမ်းမြို့ထဲ လိုက်လံစစ်ဆေးပြီးသက်ဆိုင်ရာစည်ပင်အဖွဲ့များက ၄င်းစာရွက်တတမ်းများကို လိုက်လံသိမ်းဆည်းကြောင်း သိရသည်။

"စစ်အစိုးရ ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုဆန့်ကျင်သော စာရွက်စာတမ်းတွေဖြန့်ဝေသည့် လှုပ်ရှားမှုသည် နမ့်ခမ်းမြို့တွင် ပထမဦးဆုံးကြားရခြင်းတာဖြစ်သည် ယခင်တွင် မူဆယ်မြို့နယ်အတွင်း ၄င်းလှုပ်ရှားမှုမျိုးရှိသော်လည်း နမ့်ခမ်းမြို့ တွင်မရှိချေ။ ရွေးကောက်ပွဲ နီလာတာနှင့် အမျှ ရွေးကောက်ပွဲကိုဆန့်ကျင်သော အဖွဲ့အစည်းများကလှုပ်ရှားမှု များလာနေကြောင်းဖြစ်သည် "ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

နမ့်ခမ်းမြို့တွင် မဲဆန္ဒနယ်မြေ နှစ်ခုအတွက် ကျားဖြူပါတီ၊ ကြံ့ဖွတ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီတို့ ၀င်ရောက်အရွေးခံသည်ဖြစ်ကြောင်း သိရသည်။


သတင်းမီဒီယာနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်၊ 0801184479
ဒေခံတစ်ဦးမှ ဆက်သွယ်လိုရန် (+၈၆) (--------) မေးမြန်နိုင်တယ်

No comments:

Post a Comment