Saturday, November 6, 2010

ဘန်ကောက်မြန်မာသံရုံးရှေ့ တွင် ၂၀၁၀ရွေးကောက်ပွဲဆန့် ကျင်ဆန္ဒပြ

(နိုဝင်ဘာ၅၊၂၀၁၀)
ယနေ့ နေ့ လည်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ ၊ မြန်မာသံရုံးရှေ့ တွင် တက်ကြွလှုပ်ရှားသည့်စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှုအဖွဲ့ က နောက်နေ့  မြန်မာနိုင်ငံမှာကျင်းပမည့်ရွေးကောက်ပွဲကို ဆန့် ကျင်သည့်ဆန္ဒပြပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။
ဒီအဖွဲ့ မှာ ဘန်ကောက်အခြေစိုက် လှုပ်ရှားတက်ကြွသည့်အင်ဂျီအိုအဖွဲ့ တချို့ နှင့်မြန်မာအဖွဲ့ တချို့ အပြင် အလုပ်
သမားများပါပူးပေါင်းထားတဲ့အဖွဲ့ ဖြစ်သည်။
ယနေ့ ထူးခြားတာတစ်ခုမှာ မဲဆောက်အခြေစိုက် အပြည်
ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (ထိုင်း)တာဝန်ခံ အသျှင် ဇ၀န နှင့်အသျှင်ကေသရတို့ အပြင် ကရင်ပြည်နယ်ထဲက ကရင် ရဟန်းတော် အသျှင် အိန္ဓောဘာသ တို့  ၃ပါးလည်းကြွရောက်လာခဲ့ကြခြင်းဖြစ်သည်။

အသျှင်ဇ၀န က “ရွေးကောက်ပွဲဟာ ရာသက်ပန်စစ်ကျွန်ဖြစ်ရမှာမို့ ဒီတကြိမ်မှာ မကြောက်မရွ့ံဆုံးဖြတ်ရဲ
ကြဖို့ ၊မိမိတို့ ရဲ့အနာဂါတ်ကိုကောင်းစားစေချင်ရင် ရဲရဲရင့်ရင့်ဆုံးဖြတ်ကြဖို့ လိုအပ်တယ်။အဲဒီလိုမဆုံးဖြတ်ရဲရင်
ကမ္ဘာဆုံးတိုင်အောင်စစ်အာဏာရှင်လက်အောက်မှာနေရလိမ့်မယ်၊ဒါကြောင့်ပြတ်ပြတ်သားသားဆန့် ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟုမိန့် တော်မူသည်။
အသျှင် ကေသရကလည်း……..အကယ်၍ မဖြစ်မနေ မဲထည့်ရမယ်ဆို၇င် ပယ်မဲထည့်ဖို့ုနဲ့ ကြံ့ဖွံ့ ပါတီကိုမဲ
မထည့်ကြဖို့ တိုက်တွန်းသည်။
ကရင်ပြည်နယ်ကကြွလာသော အသျှင် အိန္ဓောဘာသာက “တိုင်းရင်းသားတွေတောင်ဆိုနေတဲ့ တန်းတူ
ရေး၊လွတ်လွတ်ခွင့်တွေရနိုင်မယ့် ရွေးကောက်ပွဲမဟုတ်တာကြောင့် ကရင်ပြည်သူတွေကို မဲရုံကိုမသွားကြဖို့ 
လုံးဝသပိတ်မှောက်ကြဖို့ ”တိုက်တွန်းသွားသည်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့မြန်မာ့အရေးလှုပ်ရှားတက်ကြွသူ ဗြိတိသျှလူမျိုး မစ္စတာ ဂျူလီယံကတော့
“တရားမ၀င်တဲ့ရွေးကောက်ပွဲ၊နဲ့ ဒီမိုကရေစီစနစ်မဟုတ်တဲ့ ဖွဲ့ စည်းပုံ ကို မြန်မာပြည်သူတွေ ကန့် ကွက်
ကြပါ”လို့ ပြောပါသည်။
ဆန္ဒပြပွဲ မှာပူးပေါင်းပါဝင်သည့်ကိုမျိုးနိုင်နှင့် ကိုနေလင်းအောင်တို့ ကတော့ လာမယ့် ၇ရက်နေ့ မှာ ကျင်းပမယ့်
ရွေးကောက်ပွဲကို ကန့် ကွက်သည့်အနေနှင့်လာရောက်ဆန္ဒပြရခြင်းဖြစ်ပါတယ်လို့ ပြောပြသွားကြပါသည်။
ဆန္ဒပြပွဲမှာ လူ၄၀ ၀န်းကျင်လောက်ရှိပြီး၊နိုင်ငံတကာသတင်းထောက်များ ထိုင်းလုံခြုံရေးမျာ့း၊မြန်မာသံရုံးကဓါတ်ပုံထွက်ရိုက်သောစစ်ထောက်လှမ်းရေးတွေနှင့် ပါဆိုရင် လူရာချီရှိကြောင်းသိရ သည်။


**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:

Post a Comment