Monday, November 8, 2010

အရေးပေါ်ထုတ်ပြန်ကြေညာချက်

၁။ လက်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နအဖ အာဏာရှင်စစ်တပ်၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ကျွန်ုပ်တို့  နိုင်ငံတကာရောက် မျိုးဆက်သစ်- မျိုးဆက်ဟောင်းများက အပြင်းအထန်ကန့် ကွက်ရှုတ် ချလိုက်သည်။

၂ ။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ သည် မိမိတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အုပ်ချုပ်သူ အဆက်ဆက်ကို နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ ယခုလောလောဆယ်တွင် ဒီကေဘီအေ ၊ ကေအဲန်ယူ၊ မွန်ပြည်သစ်ပါတီ အစရှိသော တိုင်းရင်းသားကိုယ်စားပြု အင်အားစုများ၏ ခုခံစစ်ကို ကျွန်ုပ်တို့ က အပြည့်အ၀ထောက်ခံလျက်ရှိသည်။

၃ ။ ယခုရက်အတွင်း ထိုင်း မြန်မာနယ်စပ်တွင် နအဖ စစ်အာဏာရှင် စစ်တပ်တို့ သည် နေ့ ရောညပါ လူမျိုးပြုန်း ထိုးစစ်ဆင်လျက်ရှိသဖြင့် ဒုကသည်အများအပြားတို့ သည်၊ အိမ်းနီးချင်း ထိုင်းနိုင်ငံတွင်း သို့  ပြေးဝင်ခိုလှုံလျက်ရှိကြသည်။သို့ ဖြစ်ပါ ၍ ကုလသမဂ္ဂအဖွဲ့ ဝင်  နိုင်ငံများ အနေနှင့် နအဖ စစ်တပ် ၏ မတရားထိုး စစ်ဆင် တိုက်ခိုက်နေမှုများကို အမြန်ဆုံးရပ်တန့် သွားရန်နှင့် အရေးပေါ်ကူညီ စောင့်ရှောက်မှု များ လုပ်ဆောင်ပေးပါရန် ပန်ကြားလိုက်ပါသည်။

No comments:

Post a Comment