Monday, November 29, 2010

ယနေ့သတင်(Tuesday, November 30, 2010)




ဓာတ်ပုံများ REUTERS, GETTY IMAGES
ယနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲ သို့ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဘဘဦးဝင်းတင်၊ အထွထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်..။

No comments:

Post a Comment