Monday, November 29, 2010

ဒေါ်စုရဲ့ “ non – violent revolution ” သည် မဖြစ်နိုင်

ဒေါ်စုရဲ့ “ non – violent revolution ” သည် မဖြစ်နိုင်
ဒေါ်စုက ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာ ၁၄ ရက် BBC နဲ့ တွေ့ဆုံရာ မှာ “ Velvet revolution sounds a little strange in the context of the military, but a non- violent revolution. Let's put it that way ” လို့ပြောလိုက်ပါ တယ်။ လို့ AFP ရန်ကုန်သတင်းမှာ ဖေါ်ပြထားပါတယ်။

ဧရာဝတီ သတင်းမှာ non- violent revolution ဆိုတဲ့စကားလုံးကို “ငြိမ်းချမ်းပြီး သွေးထွက်သံယိုမှုကင်းသည့် တော်လှန်ရေး” ဆိုပြီးပြန်လိုက်ပါတယ်။

“non – violent” ဆိုတာကို ပြန်ရိုးပြန်စဉ်အတိုင်း ဆိုရင် “ အကြမ်းမဖက်” လို့ ပြန်ရမှာပါ။ ဒီတော့ “non – violent revolution” ကို “အကြမ်းမဖက် တော်လှန်ရေး ” လို့ပြန်ရမှာပါ။ ဧရာဝတီက မြန်မာစာဖတ် ပရိဿတွေ အတွက် ကြိုတင် ရှင်းပြ ထားတာပါ။

ကျွန်တော်က “ အကြမ်းမဖက် တော်လှန်ရေး” ဆိုတဲ့ စကားကို အတည်ယူပြီး ရှင်းပြချင် ပါတယ်။

လူထုစိန်ဝင်းက အာဏာရှင်တွေဟာ ပြည်သူ အင်အားမသုံးဘဲ ဘယ်တော့မှ မဆင်းဘူး ဆိုတာ ပြောပြခဲ့ ပြီးပြီ ။ ဒီတော့ ဒေါ်စုရဲ့ “ အကြမ်းမဖက်တော်လှန်ရေး ” သဘောထားကို သုံးသပ်ဖို့ လို လာ တော့တယ်။

ဒေါ်စုရဲ့ အကြမ်းမဖက်နည်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ယ်လောက် ကျင့်သုံးခဲ့ ပြီးတာလဲ ဖြစ် တယ်။ နောက်ကို ပြန်လှည့်ကြည့်ရင် သိသာတယ်။ ဆုတွေ၊ အားပေးချီးမွမ်းတဲ့ စကားတွေ ဒေါ်စုရပေမဲ့ ပြည်သူတွေက စစ်အာဏာရှင် သန်းရွှေတို့ အုပ်ရဲ့ ပိုမိုဖိနှိပ်မှု၊ ဆင်းရဲ့သထက်ဆင်းရဲမှု၊ လူ့သိက္ခါ ချို့တဲ့မှုတွေ အထပ်ထပ်ခံခဲ့ရတာပါဘဲ။

“တော်လှန်ရေး ” ဆိုတဲ့ စကားကို ဒေါ်စု သုံးတာ ကျွန်တော်လေ့လာမိသလောက် မရှိခဲ့ ပါဘူး။ ဒီစကားလုံးကို အလေးအနက်ထား သုံးရင်တော့ အားပေးပါတယ်။ ဒါပေမဲ့ တော်လှန်ရေးရဲ့ အနှစ်သာ ရ တွေကို လျှော့ပါးမှာတော့ မဖြစ်စေချင်ပါ။ ကြီးမားတဲ့ အပြောင်းအလဲတွေ အတွက် တိုက်ပွဲဝင်တဲ့ လှုပ်ရှားမှာ “တော်လှန်ရေး ”ကို သုံးတာပါ။သာမန်ဖြစ်ရိုးဖြစ်စဉ်မှာ မသုံးရပါဘူး။ တော်လှန်ရေးကို ပေါ့ပျက်စေအောင်လုပ်တာ သာဖြစ်ပါတယ်။

“တော်လှန်ရေး”ဟာ လူ့အဖွဲအစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှု အသစ်တခုခုကို ဖြစ်လာစေတဲ့ သဘောရှိပါတယ်။ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်ချက်မဖြစ်ရပါဘူး။ ပြောင်းလဲတိုးတက်မှုကို ဆိုလိုတာပါ။ အဟောင်းနဲ့ အသစ်တို့ရဲ့ တိုက်ပွဲ လို့ အလွယ်တကူ ဆိုနိုင်တယ်။တချို့ အသစ်တွေ ဟာ အဟောင်းက ဟန်ဆောင်ထားတတ်တာဖို့ သတိထားရဦးမယ်။ပြောင်းလဲ မှုဖြစ်စဉ် အကြောင်း မပါသေးပါဘူး။

“ တော်လှန်ရေး” ဟာ သဘာဝတရားပါ။ ကြက်ဥထဲက ကြက်ကောင်လေး ဖေါက်ထွက်တာ၊ အမိဝမ်းတွင်းက သားဖွေးဖွါးတာ၊ ကြောင်ရှာသီးတွေ လေထဲမှာ ပေါက်ကွဲပြီး အစေ့တွေလွင့်ပျံတာ တွေဟာ အဆင့် တခုအတွက် အားစိုက်တွန်းကန်ရတာကို ပြတာပါဘဲ ။ တော်လှန်ရေးရဲ သင်္ကေ တလို့ပြော ရမယ်။ အဆင့်တခုကို မပြောင်းသေးရင်တော့ တော်လှန်ရေးလို မပြောနိုင် သမာန်ကာ လသာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲ ရာမှာ အားကိုသုံးရတယ်။ စာမေးပွဲဖြေရမှာ ကြောက်ရင် အတန်း မတက်ပါဘူး။ သားမမွေးရဲရင် “အမေ” မဖြစ်ပါဘူး။ ဒါက နေ့စဉ်တွေ့နေကျ တွေ။သဘာဝ။

တော်လှန်ရေးရဲ့သဘာဝမှာက လူအဖွဲ့အစည်းအတွင်း စံနစ်တစ်ခုက တစ်ခုကိုပြောင်းမှာ ဆိုတော့ အထက်ကအားစိုက်သလောက်နဲ့ မရတော့ဘူး။ အုပ်စိုးသူနဲ့ အုပ်စိုးခံ။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ တို့ရဲ့ တိုက်ပွဲဖြစ်တယ်။ အခွင့်အရေးတွေ အာဏာတွေရဲ့ အပြောင်းအလဲ ဖြစ်မှာ ဆိုတော့ တဖက်နဲ့ တဖက် အသဲအသန် တိုက်ပွဲဝင်ကြရတယ်။ ပြင်းထန်တယ်။ ရက်စက်တယ်။ ဒါက ဒီနေ့ မြန်မာပြည်ရဲ့ မြင်ကွင်းပါဘဲ။

သန်းရွှေ စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေ၊ လက်ဝေခံတွေက တဖက်၊ အဖိနှိပ်ခံ သွေးစုတ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေက တဖက် အပြင်းအထန် တိုက်ခိုက်နေကြရတာပါ။ သဘာဝ အတိုင်းပြည် သူတွေက ဆန့်ကျင် တိုက်ခိုက် တော်လှန်နေတယ်။ သန်းရွှေတို့ကလဲ သူတို့ အခွင့်ထူးတွေ လက်မ လွှတ် ရအောင် မဆုံးရုံးရအောင် မကြာခင်က ရွေးကောက်ပွဲ အပါအ၀င် နည်းမျိုးစုံနဲ့ ကာကွယ်တိုက် ခိုက် နေတယ်။ သူတို့ က ဖိနှိပ်သွေး စုတ်နိုင်ဖို့။ သဘာဝအတိုင်း က ဖိနှိပ်ခံ အများပြည်သူတွေ က နိုင်ရမယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာ အင်အားနဲ့ စွန့်စွန့်စားစား အကြမ်းဖက်ရမယ်ဆိုတာကို သိမှနိုင်မှာ။ မသိရင် တော်လှန်ရေးသားလျှောဦးမယ်။ ၈၈ တို့၊ ၂၀၀၇ တို့ လိုပေါ့။

ဒါကြောင့် တော်လှန်ရေးဆိုတာ တိုးတက်တဲ့ လူတန်းစား တစ်ရပ်က ဖေါက်ပြန်တဲ့ လူတန်းစား တစ်ရပ်ကို အင်အားသုံး ဖယ်ရှားတာဖြစ်တယ်။ အင်အားမသုံးရင် ဖယ်လို့ မရဘူး။ ဖိနှိပ် ရက်စက်မှု တွေ တောင်လိုပုံနေတဲ့ သန်းရွှေတို့လို အာဏာရှင်မျိုးတွေက ပိုဆိုးတယ်။ ကိုယ်ကျိုးစီးပွါး ထိပ်တန်းတင် နေကြသူတွေကို စိတ်ကောင်း စေတနာဆိုတာ သက်သက်နဲ့ ထိန်းချုပ်လို့ မရပါ။ ဒါကြောင့်ဘဲ ရှေးကတည်းက ထောင်တွေ တန်းတွေ ထားခဲ့ကြရတာ။ ဒီတော့ ကျွန်တော်တို့ ပြည်သူ တွေ လုပ်ရမှာက တော်လှန်ရေးဆိုတာ ပြင်းထန်တယ်ဆိုတာကို သိရှိပြီး စိတ်ဓါတ်တွေ၊ နည်းနာတွေ၊ အင်အားတွေ ပြတ်သားခိုင်မာအောင် လုပ်ပြီး တိုက်ပွဲဝင် အောင်ပွဲယူရမှာပါ။

စစ်ထက် ကြောက်စရာကောင်းတဲ့ အရာဟာ စစ်ကို ကြောက်ခြင်းဘဲ။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။

စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရမယ်။

အပြတ်အသတ် အောင်ပွဲဆီသို့ -
ပြည်သူလွတ်မြောက်ရေးတပ်ဦမှကူယူဖော်ပြပ်သည်

No comments:

Post a Comment