ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ် TG AirBus A300 သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီးချိန် လေယာဉ် ပြေးလမ်းပေါ်တွင် လမ်းကျွံကျမှု ဖြစ်ပွား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထိုင်းစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ထွက်ခွာလာသော ထိုင်းလေကြောင်းလိုင်း လေယာဉ် TG AirBus A300 သည် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီး လေဆိပ် အဆောက်အအုံသို့ သွားရာ လေယာဉ်ပြေးလမ်းပေါ်တွင် လမ်းကျွံကျခြင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီး လေယာဉ်ရပ်နားရန် အသွား ပြေးလမ်းတစ်နေရာတွင် ပြေးလမ်းနှုတ်ခမ်းသားပေါ်တွင် လေယာဉ်နောက်ဘီး ကျွံကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 'ဒီမနက် TG မှာ ခရီးသည် အပြည့်နီးပါး ပါတယ်လို့ သိရပါတယ်။ လေယာဉ်ဆင်းပြီး လေဆိပ်ကိုသွားတဲ့ ပြေးလမ်းပေါ်မှာ နောက်ဘီးကျွံကျတာလို့ သိရပါတယ်။ နံနက် ၁၁ နာရီလောက် အထိတော့ အဲဒီ ကျွံကျတာကို လုပ်နေတယ်လို့ ကြားပါတယ်'ဟု ရန်ကုန်လေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
4 months ago
No comments:
Post a Comment