တောင်ဒဂုံမှာ ကျောင်းသား လူငယ် ၁၀၀ ကျော် စတင် တိုက်ပွဲဝင်နေပါပြီ။ ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးတာခံခဲ့ရပြီး ရဲများက အုပ်စုလိုက်မဟုတ်ဘဲ လူခွဲပြီးသွားဖို့ ပြောပါတယ်..ဖမ်းတာဆီးတာတော့မလုပ်ခဲ့ပါလို့ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ်တစ်ဦးက ပြောဆိုပါတယ်။
အဲဒီနောက်မှာတော့ လူပြန်စုပြီး အုပ်စုလိုက် တောင်ဒဂုံအခု(၅၆)ရပ်ကွက်အထိ စာရွက်တွေ ဝေငှသွားကြတာ ဖြစ်ပါတယ်။ ဆန့်ကျင်ရေးစာရွက်များ ဝေငှသွားကြတဲ့ လူငယ်တွေ အားလုံးဟာ တီရှပ်တွေမှာ.. သခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ဆင်တူ ဝတ်စုံတွေနဲ့ မဲမပေးရေး လှုပ်ရှားမှု စာတမ်းပါတဲ့ တီရှပ်တွေကိုဝတ်ဆင်ထားကြပါတယ်။ အခုတောင်ဒဂုံမှာ စာရွက်တွေ ဆက်လက်ဝေငှသွားမယ်လို့ သိရှိရသလို ဒီနေ့မနက် စမ်းချောင်းမှာ မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်တွေတော့ တားဆီးခံရမှူတွေနဲ့ တော်တော် အခြေအနေဆိုးတယ်လို့ သိရှိရြ့ပီး နောက်ဆုံးရရှိတဲ့ သတင်းအရ စမ်းချောင်းမြို့နယ်မှာ မဲမပေးရေးလှုပ်ရှား စာရွက်စာတမ်းများ ဝေငှခွင့် မရခဲ့ကြောင်းနဲ့ လှုပ်ရှားမှု ပြုလုပ်နေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များထက် လုံခြုံရေး ရဲဝန်ထမ်းအင်အား ပိုမိုများပြားကြောင်း သိရှိရပါတယ်..။
မနေ့ ည က ပြည်မြို့ရှိ လှုပ်ရှားသူများ က ရွေးကောက်ပွဲ ကိုဆန် ကျင်ထားတဲ့ ထားတဲ့ စတတ်ကာများကို တမြို့  လုံးနီးပါး လိုက်လံ ဖြန့် ဝေခဲ့ကြတယ်။ ကပ်ခဲ့ကြတယ်လို့  လည်း သတင်းရရှိသလို မနက်မိုးလင်းတဲ့အခါမှာတော့ ရဲ၊ မီးသတ်များက စတစ်ကားများကိုလိုက်လံ ခွာခဲ့ကြရတယ်လို့သိရပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ အတုအယောင် ရွေးကောက်ပွဲကို ဆန်ကျင်တဲ့လှုပ်ရှားမှုများ တစတစ အားကောင်းလာတာကိုတွေ့ ရှိရတာတွေဟာ မြန်မာပြည်သူထုလူက စစ်အာဏာပိုင်တွေရဲ့ ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မြန်မာပြည်လူထုကို စစ်ကျွန်အောက်မှာ ထ၀ရသွတ်သွင်းမယ့် အစီစအစဉ်ကို လက်မခံကြတော့ တာမို့ သင်လည်း နီးစပ်ရာမိတ်ဆွေတွေကို တိုက်တွန်းပြီး ရွေးကောက်ပွဲကို အမျိုးသားရေးတာဝန်တရပ် အနေနဲ့ ၀ိုင်းဝန်းဆန့်ကျင်ကြပါ။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
4 months ago
No comments:
Post a Comment