တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)က တပ်မဟာ ၅ တပ်ဖွဲ့များက နယ်စပ် မြ၀တီမြို့အတွင်းသို့ ၀င်ရောက်ပြီး အစိုးရရုံးများကို သိမ်းပိုက်ထားပြီး မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေသည်ဟု ပြောသည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ
သူတို့က ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားတွင်လည်း နေရာယူထားသည်ဟု ပြောသော်လည်း သူတို့ ပြန်လည် ဆုတ်ခွာမှု ရှိမရှိကို ကွဲပြားသော သတင်းများ ရရှိနေသည်။
သို့သော်လည်း မြ၀တီရှိ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ဒီကေဘီအေ တပ်ဖွဲ့များ အစိုးရရုံးများ သိမ်းပိုက်ထားသည်ဆိုသည်မှာ မမှန်ကန်ကြောင်း ပြောသည်။
တချိန်တည်းမှာပင် ကရင်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲသော သတင်းများလည်း ထွက်ပေါ်လာနေသည်။ မြန်မာစံတော်ချိန် မနက် ၁၁ နာရီတွင် ကော့ကရိတ်မြို့တွင် ဗုံး ၄ လုံးပေါက်ကွဲခဲ့ပြီး မနက်စောစောပိုင်းက မြ၀တီတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။
ယခင်အပတ်အတွင်းက ကော့ကရိတ်တွင် ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များ ရက်အနည်းငယ်ကြာသည်အထိ ထိပ်တိုက်တွေ့ကာ အပြန်အလှန် ၀ိုင်းထားခဲ့သည်။
ဒီကေဘီအေ အဖွဲ့ဟာ အပစ်ရပ်အဖွဲ့ဖြစ်ခဲ့ပြီး တပ်မဟာ ၅ အဖွဲ့ဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံပဲ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ဒီကေဘီအေ အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင့်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်ခဲ့သည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
4 months ago
No comments:
Post a Comment