မနေ့က မြဝတီတံတားအောက်က ဟန်ရေးပြနေနဲ့ လုံခြုံရေးတွေ တစ်ယောက်မှ မရှိတော့ပါဘူး..
မဲဆောက်နေတစ်ဦး။...။ မနေ့က မြဝတီမြို့ သတင်းတွေ ဆက်တိုက် ဆိုသလို ပေါ်ထွက်ခဲ့တဲ့ မြဝတီမြို့မှာ ယနေ့မနက်ပိုင်းက ပစ်ခတ်သံများ ပြန်လည် ကြားနေရတယ်လို့ ဆိုပါတယ်... ယခုလက်ရှိ မဲဆောက်ဘက် အခြမ်းမှာ မာရှယ်လောထုတ်ထားပါတယ်.. မဲဆောက်တံတားအနီးက ဖုန်းရုံနားမှာ ကျလာလို့ ဘုန်းကြီးတစ်ပါး..နဲ့ လူတစ်ဦးဒဏ်ရာရရှိကြောင်း မြဝတီမြိုထဲမှာ မီးခိုးလုံးများ သေနတ်သံများကြားနေရကြောင်း ပြောဆိုပါတယ်..။ မြဝတီမြို့မှ ချောင်းကို ဖြတ်ကူးလာသူများအား ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရန် သွားရောက်နေပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်း မဲဆောက်မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါတယ်..
မြဝတီမြို့ခံသံဃာတစ်ဦး.။ ...။ မနက်ကတည်းက RPG ၁၅လုံးလောက် ဘုန်းကြီးကျောင်းနဲ့ လမ်းမပေါ်ကျလာတယ်.. ဘုန်းကြီးတို့လည်းလမ်းပေါ် မထွက်ရဲဘူး... ခုမြို့ထဲမှာ စစ်တပ်နဲ့ DKBA ပဲရှိတော့တယ်.. ဘယ်သူက စပစ်တာလဲမသိဘူး...။ ခုတော့တံတားထိပ်က လုံခြုံရေး အစောင့်တွေ မရှိတော့ဘူး ဒဏ်ရာရ လူသေတာများတယ်ပြောတယ်. အပြင်ထွက်လို့မရကြတော့ဘူး. ထွက်တဲ့လူတွေ အပစ်ခံရတယ်တဲ့. ပေါ်တာလည်း စဆွဲနေပြီပြောတယ်. အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ်ကြားတယ်. ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်...
သတင်းများရရှိပါက ဆက်လက်ဖော်ပြပါမည်...
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
4 months ago
No comments:
Post a Comment